Ads
ads

Video Sources 0 Views

  • Watch trailer
Fish, Fists and Ambergris

Fish, Fists and Ambergris

Nov. 12, 2025VN103 Min.NR
Your rating: 0
5 1 vote

Synopsis

Fish, Fists and Ambergris (2-0-2-5)

IMDb ⭐️ 7.6/10

“ပစ္စည်းပျောက်လို လိုက်ရှာရင်း… လက်သီးပျံ ဒူးပျံ တံတောင်ပျံတွေပါ ပါလာတဲ့အခါ…”

ကဲ… ဟောင်ကောင် အက်ရှင်ဟာသကားဟောင်းလေးတွေဖြစ်တဲ့ ဂျက်ကီချန်း (Jackie Chan) တို၊ စတီဖင်ချောင် (Stephen Chow) တိုရဲ့ ကားတွေလို ရယ်လည်းရမောရ၊ အက်ရှင်ခန်းတွေလည်း ရှယ်ကြမ်းရတဲ့ Vibe မျိုးကို လွမ်းနေတဲ့ ဘော်ဒါတွေအတွက် ဗီယက်နမ် အက်ရှင်ဟာသ ဇာတ်ကားသစ်ကြီး ထွက်ရှိလိုလာပါပြီ။

ဒီကားလေးကတော့ ဗီယက်နမ်တောင်ပိုင်းက တံငါရွာလေးတစ်ရွာမှာ အခြေတည်ထားပါတယ်။ ဒီရွာလေးမှာ တစ်ချိန်က သူတို့တစ်ရွာလုံးကို ကယ်ဆယ်ခဲ့ဖူးတဲ့ ဝေလငါးကြီးရဲ့ အန်ဖတ်ကနေထွင်းထုထားတဲ့ ဝေလငါးရုပ်တုလေး တစ်ခုရှိတယ်။ ဒီရုပ်တုလေးကို တစ်ရွာလုံးကအထွတ်အမြတ်ထားသလို ဝေလငါးအန်ဖတ်ဆိုတာ တော်တော်ရှားပါးအဖိုးတန်ရတနာဖြစ်လို့ မျက်စောင်းထိုးသူတွေလည်းမနည်းဘူးပေါ့။

ဖြစ်ချင်တော့ ရွာရဲ့ အရေးကြီးတဲ့ ပွဲတော်ကြီးလုပ်ခါနီးမှ အဲဒီအဖိုးတန်ရုပ်တုကြီး အခိုးခံလိုက်ရပါတော့တယ်။

ဒီတော့ ရုပ်တုကို ပြန်ရှာဖိုအတွက် ညီအစ်ကိုနှစ်ယောက်နဲ့ သူတိုသူငယ်ချင်းတစ်သိုက် မြိုကြီးပြကြီးဆီကို ခရီးထွက်ပြီး အလွဲလွဲအချော်ချော် လိုက်ရှာကြရတဲ့အခါ…

သူခိုးတွေကို မိဖို ကြိုးစားရင်း ဘယ်လိုတွေ တလွဲတချော်နဲ့ ဟာသတွေဖြစ်မလဲ။ ပင်လယ်ကမ်းခြေရွာလေးက လူငယ်တွေရဲ့ သံယောဇဉ်၊ မိသားစုမေတ္တာနဲ့ ခိုင်မာတဲ့ မိတ်ဆွေသံယောဇဉ်တွေကိုရော ဘယ်လိုမြင်တွေ့ရမလဲဆိုတာကို ရယ်မောဖွယ် ရှုစားရမှာပါ။

ဇာတ်လမ်းက ရိုးရှင်းပေမဲ့ အက်ရှင်ခန်းတွေကို ပေါ့ပေါ့ပျက်ပျက်မရိုက်ထားဘဲ ၈၀ ပြည့်လွန်နှစ်တွေက ဟောင်ကောင်ကားတွေလို အနီးကပ် Martial Arts အကွက်တွေ၊ ရှယ်ကြမ်းတဲ့ တိုက်ခိုက်ခန်းတွေကို ဟာသလေးနှောပြီး တင်ဆက်ထားတာမို ပိတ်ရက်မှာ အူတက်အောင်ရယ်ရင်း အက်ရှင်ကားကောင်းကောင်း ကြည့်ချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ကားလေးဖြစ်လို အခုပဲ ပြေးကြည့်လိုက်ကြပါတော့ဗျာ။

Genre ….. Action, Adventure, Comedy
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 999.35MB / 1.92GB
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT

Rainbow Channel

Fish, Fists and Ambergris
Fish, Fists and Ambergris
Original title Truy Tìm Long Diên Hương
IMDb Rating 6.7 141 votes
TMDb Rating 6.3 3 votes

ads

Similar titles

Shershaah
Snow Valley
Search for Coffin
Havoc
Gayong
Borderline
No Other Choice
The Roundup
Venom: Let There Be Carnage
KPop Demon Hunters
Operation Undead
Beast

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On