
Fist To Fist (2026)
အက်ရှင်ကားဆိုတာ ကြမ်းမှရမ်းမှ ကြည့်လို့ကောင်းတာဗျဆိုသူတွေအကြိုက် အာလူးမပါ လက်သီးဗလာနဲ့ ရှယ်ဗျင်းမဲ့ အက်ရှင်ကားသစ်လေး ထွက်ရှိလာပြီခင်ဗျ။
ဒီဇာတ်ကားကတော့ နာမည်အတိုင်းပါပဲ။ စကားအများကြီးပြောမနေဘူး၊ သေနတ်တွေပဲ အားကိုးမနေဘူး။ ယောကျာ်းပီပီ “Fist to Fist” လက်သီးချင်းယှဉ်ထိုးပြီး တည့်ရှင်းကြမဲ့ကားပါ။
ဥပဒေဆိုတာ သူတို့ရဲ့ ရှင်လျက်ငရဲကျနေတဲ့ကမ္ဘာမှာ မရှိပါဘူး။ ဒီနေရာမှာ အတည်ဖြစ်နေတာက “အနိုင်ယူမလား… သေမလား” ဆိုတဲ့ စည်းမျဉ်းတစ်ခုတည်းပါပဲ။ မြို့ပြရဲ့ အမှောင်ဆုံးနေရာတွေမှာ အစပြုလာမဲ့ ဒီဇာတ်လမ်းက သာမန် ရဲနဲ့ လူဆိုး ဖမ်းဆီးတဲ့ ဇာတ်ကွက်မျိုးမဟုတ်ပါဘူး။
တရားမျှတမှုကို လိုလားတဲ့ ရဲအရာရှိတစ်ယောက်နဲ့၊ ရက်စက်မှုမှာ ပြိုင်ဘက်ကင်းတဲ့ ရာဇ၀တ်ဘုရင်တစ်ပါးတို့ ထိပ်တိုက်တွေ့တဲ့အခါ… ရိုးရိုးရှင်းရှင်း တိုက်ပွဲမဖြစ်တော့ဘဲ တစ်ယောက်ကို တစ်ယောက် အမဲလိုက်သလို လိုက်လံချေမှုန်းကြမဲ့ “အမုန်းပွဲ” ဖြစ်လာပါတော့တယ်။
ဇာတ်ကားစဖွင့်တာနဲ့ ဇာတ်ရှိန်က အကြမ်းဇယားနဲ့ အနီးကပ် Close Combat တွေကို သွေးသံရဲရဲနဲ့ ရင်သပ်ရှုမော တွေ့မြင်ရမှာပါ။
ကြမ်းကြုတ်တဲ့ တောတွင်းဥပဒေသမှာ ဘယ်သူက မုဆိုး ဘယ်သူက သားကောင်ရယ်လို့ သတ်သတ်မှတ်မှတ်မရှိပါဘူး အားနည်းတဲ့သူက သားကောင်ဖြစ်သွားတာပါပဲ။
ဒီတော့ ဒီဇာတ်ကားလေးထဲမှာရော ဘယ်သူက အမဲလိုက်မဲ့သူလဲ… ဘယ်သူက သားကောင်ဖြစ်သွားမလဲ… ဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်ချင်ရင်တော့ ဒီ “Fist to Fist” ကို လက်မလွတ်တမ်းသာ ကြည့်လိုက်ကြပါတော့ဗျာ။
Genre ….. Action
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 738.56MB / 1.44GB
Review ….. Venus
Translator ….. RMC Team
Encoder ….. N.A.S
Rainbow Channel
| Options | Quality | Server | Size | Clicks |
|---|---|---|---|---|
| FHD 1080p | TeraBox | 1.44GB | 10 | |
| HD 720p | TeraBox | 738.56MB | 10 | |
| HD 720p | StreamHG | 738.56MB | 12 | |
| FHD 1080p | Mediafire | 1.44GB | 17 | |
| FHD 1080p | Megaup | 1.44GB | 31 | |
| HD 720p | Megaup | 738.56MB | 37 | |
| FHD 1080p | Telegram | 1.44GB | 28 | |
| HD 720p | Telegram | 738.56MB | 21 | |
| FHD 1080p | Yoteshinportal | 1.44GB | 21 | |
| HD 720p | Yoteshinportal | 738.56MB | 26 |