Ads
ads
Lal Salaam

Lal Salaam

Feb. 09, 2024India150 Min.NR
Your rating: 0
8 1 vote

Synopsis

Lal Salaam (2024) Tamil

IMDB Rating 4.5/10

၂၀၂၄ ကထွက်ရှိခဲ့တဲ့တမီးလ်ကားလေးကိုတော့တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးကတော့စည်းလုံးခြင်းနဲ့ချစ်ခြင်းမေတ္တာတရားဟာ လူသားတွေအားလုံးမှာရှိသင့်တဲ့အကြောင်းရိုက်ကူးပြထားတယ်ပြောရပါမယ်။ အမုန်းတရားတွေနဲ့စစ်မက်တဲ့များတဲ့အခုလိုအချိန်မှာ ဒီကားလေးကိုကြည့်ပြီးတာနဲ့ လူသားတွေအချင်းချင်းစည်းလုံးအောင်နေရမယ်ဆိုတဲ့အတွေးလေးတော့ဝင်သွားမိမှာပါ။

ဇာတ်လမ်းကိုပြောပြရရင် မူရာဘတ်လို့ခေါ်တဲ့ရွာလေးရှိတယ်။ အဲဒီရွာမှာထူးခြားချက်ရှိတယ် ။ ဘာထူးခြားတာလဲဆိုတော့ ရွာကတော့တစ်ရွာပဲ ဒါပေမဲ့ ဘာသာမတူတဲ့လူနှစ်စုနေထိုင်နေကြတာ။ ဟိန္ဒူနဲ့မွတ်စဆင်လူမျိုးတွေ အားလုံးဟာအိန္ဒိယနိုင်ငံသွားတွေဖြစ်ပေမဲ့ ဒီဘာသာရေးကွဲခြားမှုတွေကြောင့် ဒီရွာမှာအပြိုင်အဆိုင်တွေများတယ်။ သူတို့ရွာမှာနှစ်တိုင်းကျင်းပတဲ့ခရစ်ကတ်ပွဲလေးရှိတယ်။ အဲဒီပွဲကသာမာန်ကစားပွဲမဟုတ်ဘူး။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့လူမျိုးစုနှစ်စုအတွက်တော့ စစ်မြေပြင်အလားပဲ။ ခရစ်ကတ်ကစားတာအဓိကပွဲဖြစ်သလို ဒီကစားသမားတွေထဲမှာ အဓိကပြိုင်ဆိုင်ကြတဲ့နှစ်ယောက်ကလည်း သီရူလို့ခေါ်တဲ့ဟိန္ဒူဘာသာဝင်ကောင်လေးနဲ့ ဆမ်ဆူလို့ခေါ်တဲ့မွတ်စလင်ဘာသာဝင်ကောင်လေးတို့က မတူတဲ့အသင်းမှာနေပြီးတော့ပြိုင်ဆိုင်ကြတယ်။

သီရူတို့အဖွဲ့က ဆမ်ဆူတို့ရဲ့ခရစ်ကတ်အသင်းကိုအမြဲလိုလိုအနိုင်ရနေခဲ့တာကြောင့် ဆမ်ဆူတို့အသင်းကရင်ထဲမှာအမုန်းမီးတောက်နေပါပြီ။ ဒါကိုအခွင့်ကောင်းယူတဲ့သူကတော့ ထုံးစံအတိုင်းရွေးကောက်ပွဲဝင်ကြမယ့် ကော်လံဖြူလူတစ်စုပါ။ ဘာကြောင့်အခွင့်ကောင်းယူသလဲဆိုတော့ ဒီနယ်မြေမှာသူတို့တွေမဲကိုမနိုင်နိုင်လို့ပါ။ အဲဒါကြောင့်ခရစ်ကတ်ပွဲကိုရန်ပွဲအဖြစ်ပြောင်းလဲပြီး အမှုတွေကြီးရွာတွေပျက်အောင်လုပ်ပါတော့တယ်။

ဒီလိုအဖြစ်အပျက်တွေကြားမှာ တစ်ခါကစည်းရုံးအောင်လုပ်ပေးခဲ့တဲ့ အစ်ကိုကြီးမိုဒင်ဆိုတဲ့ ဆမ်ဆူရဲ့အဖေက အရင်လိုမျိုးဘာသာတွေခြားလည်း စည်းလုံးအောင် ဘယ်လိုဆောင်ရွက်မလဲ။ ချတဲ့ဆုံးဖြတ်ချက်တွေကမှန်မလားဆိုတာကို ဇာတ်ရှိန်မပျက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

ထုံးစံအတိုင်း တမီးလ်ကားတွေဆို သိပ်မကြိုက်ကြတာကြောင့်မကြည့်တဲ့သူအများစုက Ratingပေးလို့ဒီကားက IMDB Ratingနည်းနေပေမဲ့ အိန္ဒိယမှာတော့အတော်အောင်မြင်ခဲ့တဲ့ကားလေးပဲဖြစ်ပါတယ်။

Genre ….. Drama, Action
Quality ….. 720P / 1080P WEB-DL 5.1 (HEVC)
Review ….. Kyaw Zin
Translator ….. Kyaw Zin, Ban Ban, Willie, Snow
Encoder ….. N.A.S

Rainbow Channel

Lal Salaam
Lal Salaam
Original title லால் சலாம்
IMDb Rating 4.5 1,578 votes
TMDb Rating 2.5 2 votes

Director

Cast

Vishnu Vishal isThirunavukarasu (Thiru)
Thirunavukarasu (Thiru)
Vikranth isShamsuddin (Shamsu)
Shamsuddin (Shamsu)
Rajinikanth isMoideen Bhai
Moideen Bhai
Nirosha isFathima
Fathima
Senthil isSamikkannu
Samikkannu
Thambi Ramaiah isKathirvelan
Kathirvelan

ads

Similar titles

Atlas
Marked Men: Rule + Shaw
Along with the Gods: The Last 49 Days
Dayo
Heer Express
Land of Bad
တစ်ကျော့ပြန်သွေးကြွေး
Mary
Flight Risk
The Wrecking Crew
Major Grom: The Game
Organ Child

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On