Ads
ads

Video Sources 0 Views

  • Watch trailer
Mirai

Mirai

SUPER YODHASep. 12, 2025India166 Min.NR
Your rating: 0
5 1 vote

Synopsis

Mirai (2025)

Mirai (၂၀၂၅) ဆိုတာဟာ အိန္ဒိယဒဏ္ဍာရီ ကို အခြေခံပြီး ခေတ်သစ် စူပါဟီးရိုး ပုံစံနဲ့ ရိုက်ကူးထားတဲ့ တေလဂူဘာသာစကားပြော စိတ်ကူးယဉ်အက်ရှင်စွန့်စားခန်းရုပ်ရှင်ကားဖြစ်ပြီး ဒီဇာတ်ကားရဲ့ အဓိကဇာတ်လမ်းက ဘီစီ ၃ ရာစုနှစ် က စတင်ခဲ့တဲ့ လျှိဝှက်ဆန်းကြယ်တဲ့ စာအုပ်ကြီး (၉) အုပ်နဲ့ ကမ္ဘာကြီးရဲ့ ကံကြမ္မာကို ကာကွယ်ရမဲ့ သူရဲကောင်းတစ်ဦးအကြောင်း ဖြစ်ပါတယ်။

လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီက အသောကဘုရင်ကြီးဟာ ကလိင်္ဂစစ်ပွဲရဲ့ သွေးထွက်သံယိုမှုတွေကိုမြင်ပြီး နောင်တရပြီးနောက် သူရဲ့ အစွမ်းသတ္တိအားလုံးကို ပေါင်းစည်းကာ လူသားကို နတ်ဘုရားအဖြစ် ပြောင်းလဲနိုင်စွမ်းရှိတဲ့ မြင့်မြတ်သော ကျမ်းစာ ၉ အုပ်အဖြစ် လျှိဝှက်သိမ်းဆည်းခဲ့ပါတယ်။ အဲဒီကျမ်းစာတွေကို ကမ္ဘာမြေကို ကာကွယ်ဖိုအတွက် သစ္စာရှိတဲ့ အစောင့်အရှောက်တွေက မျိုးဆက်ပေါင်းများစွာ လျှိဝှက်စောင့်ရှောက်ခဲ့ကြပါတယ်။

လောကကို အမိုက်မှောင်ထဲနစ်မြုပ်စေချင်တဲ့ “ဓားနက်” လို လူသိများတဲ့ မာဟာဘီရ်လာမာဟာ ကျမ်းစာတွေကို သိမ်းပိုက်ဖို ကြိုးပမ်းပါတယ်။ သူဟာ ကျမ်းစာ (၉) အုပ်ထဲက (၈) အုပ်ကို သိမ်းပိုက်ပြီး အစွမ်းထက်လာခဲ့ပေမဲ့ နောက်ဆုံးနှင့် အစွမ်းအထက်ဆုံးဖြစ်တဲ့ အမရာဂရန်ဒါ (မသေခြင်း ကျမ်းစာ) ကိုတော့ မရရှိသေးပါဘူး။

အနာဂတ်ကို မြင်နိုင်စွမ်းရှိတဲ့ ကျမ်းစာအစောင့်အရှောက် မိခင်တစ်ဦးဖြစ်သူအမ်ဘီကာဟာ က မာဟာဘီရ်လာမာဟာရဲ့ လက်မှ ကာကွယ်ဖိုအတွက် ဗစ်ဒါကို လောကဓံရဲ့ ထုထောင်းရိုက်နှက်မှုတွေကြား စိတ်ရောကိုယ်ပါသန်စွမ်းလာစေဖို စွန့်ပစ်ထားခဲ့ပါတယ်။

တစ်နေ့မှာ ဗစ်ဘာဆိုတဲ့ ဆာဒူးမလေးတစ်ဦးက ဗစ်ဒါကို လိုက်ရှာကာ သူ့ရဲ့ စစ်သည်တော် ဖြစ်လာမဲ့ ကံကြမ္မာကို ဖွင့်ဟပြလိုက်ပါတယ်။ ဗစ်ဒါဟာ မာဟာဘီရ်လာမာကို ရင်ဆိုင်ဖိုအတွက် “မီရိုင်” လိုခေါ်တဲ့ ရှေးတုန်းက သခင်ရာမအသုံးပြုခဲ့ဖူးတဲ့ မြင့်မြတ်တဲ့ လက်နက်ကို ရှာဖွေပြီး သူ့ရဲ့ အစွမ်းတွေကို နိုးကြားလာအောင် ကြိုးစားရပါတော့တယ်။

မီရိုင်ဟာ ဇာတ်ကောင်ဗစ်ဒါရဲ့ လမ်းပျောက်နေတဲ့ ဘဝကနေ ကမ္ဘာကြီးကို ကာကွယ်ရမဲ့ စူပါဟီးရိုးတစ်ဦးအဖြစ် ပြောင်းလဲသွားပုံ၊ ဓမ္မနဲ့ အဓမ္မတိုရဲ့ ထာဝရတိုက်ပွဲကို ဒဏ္ဍာရီဆန်ဆန် ဖန်တီးပုံတိုကို ရင်ခုန်ဖွယ်ကောင်းတဲ့ အက်ရှင်နဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ရာမာယန ဇာတ်လမ်းထဲက သမ္ပတိငှက်လိုမျိုး ဒဏ္ဍာရီလာ ဇာတ်ကောင်တွေကိုလည်း ထည့်သွင်းရိုက်ကူးထားတာဖြစ်လို ဒီလိုမျိုးဇာတ်ကားတွေကို နှစ်သက်သူတွေ အကြိုက်တွေ့စေမှာပါ။

Genre ….. Action, Adventure, Sci-Fi
Quality ….. 720P / 1080P WEB-DL 5.1 (HEVC)
File Size ….. 1.64GB / 3.26GB
Review ….. LL
Translator ….. RMC Team
Encoder ….. N.A.S

Rainbow Channel

Mirai
Mirai
Mirai
Mirai
Mirai
Mirai
Original title మిరాయి
IMDb Rating 7.2 9,589 votes
TMDb Rating 6.577 13 votes

Director

Cast

Teja Sajja isVedha Prajapati
Vedha Prajapati
Manchu Manoj isMahabhir Lama
Mahabhir Lama
Jayaram isAgasthya Muni
Agasthya Muni
Jagapati Babu isAngama Bali
Angama Bali
Pawan Chopra isK N Bagchi
K N Bagchi

ads

Similar titles

Storm Rider: Legend of Hammerhead
Master
Never Blink
Paltan
Thandel
Killhouse
Barroz: Guardian of Treasures
Yadang: The Snitch
Hanu-Man
Fish, Fists and Ambergris
TRON: Ares
Land of Bad

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On