
Forgotten (2017)
ဒီတစ်ခေါက်မှာတော့ IMDB 7.4/10, Rt 82 % ရရှိထားတဲ့ Old but gold ကားကောင်း၊ ကားဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား Kang Ha-neul ရဲ့ masterpiece တွေထဲက တစ်ကားဖြစ်သလို Suspense Mystery/Thriller ကြိုက်နှစ်သက်တဲ့၊ မကြည့်ရသေးတဲ့ ပရိသတ်ကြီးအတွက်တော့ အကြိုက်တွေ့စေမှာ အသေအချာပါပဲ။
အိမ်အသစ်ကို အဖေ၊ အမေ၊ အစ်ကိုတို့နဲ့အတူ ပြောင်းရွှေ့လာခဲ့တဲ့ ဂျင်ဆော့က အစ်ကိုဖြစ်သူကို လေးလည်းလေးစားသလို အတော်လေးခင်တွယ်တဲ့သူပါ။ ပတ်ဝန်းကျင် အသစ်မှာ နေသားကျဖို့ ကြိုးစားရင်း ဂျင်ဆော့က တခြားအိမ်သားတွေနဲ့မတူဘဲ အိမ်အသစ်ရဲ့ ထူးဆန်းမှုကို စတင် သတိထားမိခဲ့ပါတယ်။
အဲဒါကတော့ သူတို့ ပြောင်းသွားတဲ့ အိမ်အသစ်မှာ အရင်ပိုင်ရှင်က လုံးဝ မဖွင့်ပါနဲ့လို့ ပြောထားတဲ့ အခန်းတစ်ခန်းရှိနေပြီး ဂျင်ဆော့က အဲဒီအခန်းထဲကနေ မကြာခဏဆိုသလို အသံတွေ ကြားနေခဲ့ရတာပါ။ ဒီလိုနဲ့ အခန်းရဲ့ ပဟေဠိကို မရှာနိုင်သေးခင်မှာပဲ တစ်နေ့မှာ အစ်ကိုဖြစ်သူက မထင်မှတ်ဘဲ ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။
အစ်ကိုဖြစ်သူ ပြန်ပေးဆွဲခံလိုက်ရတာကို မျက်မြင်တွေ့လိုက်ရတဲ့ ဂျင်ဆော့တစ်ယောက်ကတော့ ဆောက်တည်ရာမရ စိုးရိမ်ပူပန်နေခဲ့ပေမဲ့ ၁၉ ရက်အကြာမှာ ဖြစ်ခဲ့တာတွေကို ဘာဆိုဘာမှမမှတ်မိဘဲ အစ်ကိုဖြစ်သူက အိမ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ပြန်ရောက်လာတဲ့ သူ့အစ်ကိုက အရင်နဲ့မတူအောင် တခြားလူတစ်ယောက်လို ဖြစ်သွားတာကို ရိပ်စားမိခဲ့တဲ့ ဂျင်ဆော့က နောက်ကွယ်ကအကြောင်းမှန်ကို ဖော်ထုတ်ဖို့ ကြိုးစားရင်း ဘယ်လိုမှထင်မထားတဲ့အကြေင်းတွေကို သိရှိခဲ့ရာမှာတော့..
သူ့အစ်ကိုက ဘာလို့ပြောင်းလဲသွားတာလဲ၊ အိမ်အသစ်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အခန်းကရော ဘာများလဲ၊ ဂျင်ဆော့တစ်ယောက် ပဟေဠိဆန်တဲ့ သူ့အစ်ကိုရဲ့ နောက်ကွယ်ကအကြောင်းရင်းမှန်ကို ဖော်ထုတ်နိုင်ပါ့မလားဆိုတာကိုတော့ ကြီးမားတဲ့ plot twist နဲ့ ဇာတ်သိမ်းအထိ ဆွဲခေါ်သွားပေးမှာမို့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရှုစားနိုင်ပါပြီ။
Genre ….. Mystery, Thriller
Quality ….. 720P / 1080P WEB-DL 5.1 (H264)
Review ….. ATHET
Translator ….. Bom (봄)
Encoder ….. N.A.S
Rainbow Channel
| Options | Quality | Server | Size | Clicks |
|---|---|---|---|---|
| HD 1080p | TeraBox | 1.98GB | 107 | |
| HD 720p | TeraBox | 1.04GB | 89 | |
| HD 1080p | Telegram | 1.98GB | 118 | |
| HD 720p | Telegram | 1.04GB | 100 | |
| HD 1080p | GDToT | 1.98GB | 100 | |
| HD 720p | GDToT | 1.04GB | 117 | |
| HD 1080p | Yoteshinportal | 1.98GB | 113 | |
| HD 720p | Yoteshinportal | 1.04GB | 98 |