Ads
ads
Fury In the Shadows

Fury In the Shadows

Jan. 14, 2026ChinaNR
Your rating: 0
6 1 vote

Synopsis

Fury In the Shadows (2-0-2-6)

“သေနတ်ပြောင်းဝကနေ ထွက်လာတဲ့ ကျည်ဆန်တိုင်းမှာ… ပြန်ပေးဆပ်ရမယ့် တန်ကြေးဆိုတာ ရှိတယ်”

Action / Crime ခပ်ကြမ်းကြမ်းနဲ့ ပစ်ခတ်ခန်းတွေ၊ အမဲလိုက်ပွဲတွေကို ကြိုက်တဲ့ ဘော်ဒါတွေအတွက် ၂၀၂၆ ခုနှစ်ထွက် တရုတ် Action ကားသစ်လေး တစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားမှာတော့ Kung Fu Hustle, Ip Man တိုလို ကားတွေနဲ့ ကျွန်တော်တို ရင်းနှီးပြီးသားဖြစ်တဲ့ အက်ရှင်မင်းသားကြီး Xing Yu (Shi Yanneng) ကိုယ်တိုင် ဗီလိန်/ဂိုဏ်းခေါင်းဆောင် အနေနဲ့ အကြမ်းပတမ်း ပါဝင်အားဖြည့်ထားသလို၊ Wanzhong Wang နဲ့ Haoran Zhang တိုကလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းစစချင်းမှာတင် မိုးသည်းထန်နေတဲ့ ညတစ်ညမှာ အသေအချာ အကွက်ချစီစဉ်ထားတဲ့ “Harman Development Bank” ဓားပြတိုက်မှုကြီးနဲ့အတူ ပရိသတ်ကို ဆွဲခေါ်သွားပါတယ်။ ထန်လိဆိုတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြဂိုဏ်းခေါင်းဆောင်ဟာ သူ့ရဲ့ လက်ယုံတပည့်တွေဖြစ်တဲ့ ဟန်ချီလျန် နဲ့ အာမု တိုကို ဦးဆောင်ပြီး ဒီဘဏ်ကို ဝင်စီးခဲ့တာပါ။

အရာအားလုံး ချောချောမွေ့မွေ့ ပြီးဆုံးသွားမယ်ထင်ပေမဲ့ အခြေအနေတွေက ချက်ချင်းဆိုသလို သွေးထွက်သံယိုဘက်ကို ဦးတည်သွားပါတော့တယ်။ ဓားပြတိုက်နေစဉ်အတွင်းမှာ ပေါ်ဝမ် လိုခေါ်တဲ့ ကင်းလှည့်ရဲအရာရှိတစ်ယောက်ကို သူတိုအဖွဲက ပစ်သတ်လိုက်မိတဲ့အခါမှာတော့…

ရဲတစ်ယောက် သေဆုံးသွားတဲ့အတွက် ရဲတပ်ဖွဲတစ်ခုလုံးက အရေးပေါ်တုံ့ပြန်မှုတွေ ချက်ချင်းလုပ်လာပြီး ထန်လိတို့ ဓားပြဂိုဏ်းကို ပိုက်စိပ်တိုက် ရှာဖွေပါတော့တယ်။

အမှောင်ထုထဲကနေ လွတ်မြောက်အောင် ပြေးမလား… ရဲတွေကပဲ တရားခံတွေကို အမိဖမ်းနိုင်မလား… တရားဥပဒေနဲ့ ရာဇဝတ်သားတွေကြားက အားပြိုင်မှုကို ရင်တမမနဲ့ ကြည့်ရှုရမယ့် Cat-and-Mouse ဇာတ်လမ်းမျိုးပါပဲ။ Action Crime ကားဖြစ်တဲ့အတိုင်း ရှယ်ဖြုတ် ရှယ်ကြမ်းတဲ့ ပစ်ခတ်မှုတွေ၊ ပြေးလွှားခန်းတွေကို အားပါးတရ ရှုစားရမှာဖြစ်လို ဒီဇာတ်ကားလေးကို ခုပဲ ဒေါင်းကြည့်လိုက်ကြပါဦးစို။

Genre ….. Action, Crime, Mystery
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 830.66MB / 1.56GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

Fury In the Shadows
Fury In the Shadows
Fury In the Shadows
Original title 大劫案
IMDb Rating 5.6 15 votes
TMDb Rating 5.5 2 votes

Director

Li Liming
Director

Cast

Xing Yu isTan Li
Tan Li

ads

Similar titles

Mad of Madness
Predator: Wastelands
Concrete Market
Shutter
Assi
An Enemy Within
The Woman in Cabin 10
Revelations
မရဏဘုရင် ကာလီ
Limit
The Lost Bus
ဌာနအပြောင်းနိုင်ဆုံး ရဲအရာရှိ

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On