Ads
ads
Gandhari

Gandhari

Sep. 03, 2026117 Min.
Your rating: 0
10 1 vote

Synopsis

G_a-n_d-h_a-r_i (2-0-2-6)
=====================

TMDB ⭐️ 7.5/10

ကလေးမှောင်ခိုဂိုဏ်း

“လောကကြီးမှာ အကြောက်ရဆုံးအရာက ဘာမှဆုံးရှုံးစရာမရှိတော့တဲ့ မိခင်တစ်ယောက်ရဲ့ ဒေါသပါပဲ…”

Action Thriller နဲ့ Revenge Drama အကြမ်းစားတွေကိုမှ ခိုက်တဲ့ ပရိသတ်တွေအတွက် ဒီကနေ့ ပူပူနွေးနွေး ထွက်ရှိလာတဲ့ အိန္ဒိယကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားမှာဆိုရင်တော့ ကျွန်တော်တို့ရဲ့ အချစ်တော်၊ သရုပ်ဆောင်ပိုင်းမှာ ပြောစရာမလိုအောင် ပီပြင်လွန်းတဲ့ မင်းသမီးချော Taapsee Pannu က ခေါင်းဆောင်ပါဝင်ထားပြီး၊ Ishwak Singh နဲ့အတူ Swastika Mukherjee, Chhaya Kadam နဲ့ Mita Vashisht တို့လို ဝါရင့်သရုပ်ဆောင်တွေကလည်း အားဖြည့်ပါဝင်ထားပါတယ်။

ဇာတ်လမ်းကတော့ ဘာနီနဲ့ ဂိုကူလ် တို့ ဇနီးမောင်နှံနှစ်ယောက်ဟာ သူတို့ရဲ့ ၅ နှစ်အရွယ် သမီးငယ်လေး မစ်ရှ်တီနဲ့အတူ ရထားစီးပြီး ခရီးထွက်လာရာကနေ စတင်ပါတယ်။ ဒါပေမဲ့ ဂျွိုင်ပူရာဆိုတဲ့ လူရှုပ်တဲ့ ဘူတာရုံကြီးကို ရောက်တဲ့အချိန်မှာတော့ မထင်မှတ်ဘဲ လူအုပ်ထဲမှာ သမီးလေး ပျောက်ဆုံးသွားပါတော့တယ်။

သားသမီး ပျောက်သွားလို့ ရူးမတတ်ဖြစ်နေတဲ့ မိဘနှစ်ပါး… ရဲစခန်းသွားတိုင်ပေမဲ့လည်း ထိရောက်တဲ့အကူအညီမရတဲ့အခါ ကိုယ်တိုင်ပဲ သမီးလေးကို လိုက်ရှာဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဒါပေမဲ့ ကံကြမ္မာက သူတို့ကို ထပ်ပြီး ရက်စက်လိုက်ပြန်ပါတယ်။ ဘာနီတစ်ယောက် အကြမ်းဖက်တိုက်ခိုက်ခံရပြီး သူ့ရဲ့ မျက်စိအမြင်အာရုံကိုပါ ခေတ္တ ဆုံးရှုံးလိုက်ရတဲ့အခါ…

“မျက်လုံးနှစ်လုံး ကန်းသွားပေမဲ့ သားသမီးအတွက်ဆိုရင် မိခင်တစ်ယောက်ရဲ့ အမြင်အာရုံက ဘယ်တော့မှ မမှောင်မိုက်သွားပါဘူး” ဆိုတဲ့အတိုင်း… မျက်စိမမြင်ရတဲ့ မိခင်တစ်ယောက်ဟာ ကလေးသူခိုး ဂိုဏ်းကြီးတစ်ခုရဲ့ နောက်ကွယ်က အမှောင်ခြမ်းတွေကို ဘယ်လို ထိုးဖောက်ဝင်ရောက်မလဲ။ ဘေးနားကလူတွေကရော တကယ်ပဲ ယုံကြည်ရပါ့မလား…။

မိခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ ဒေါသက ဘယ်လောက်ထိ ကြမ်းတမ်းနိုင်လဲဆိုတာကို Taapsee ရဲ့ အကြမ်းစား Action ဖိုက်တင်ခန်းတွေနဲ့အတူ ရင်တမမနဲ့ ရှုစားရမှာပါ။ Kahaani လိုမျိုး Mystery ဆန်ဆန်နဲ့ Dark ဖြစ်တဲ့ Revenge Thriller ဇာတ်ကားကောင်းမျိုး ကြိုက်တယ်ဆိုရင်တော့ အခုပဲ ကြည့်ရှုခံစားလိုက်ကြပါဦးစို့။

Genre ….. Action, Drama, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.02
GB / 2.09GB
Review ….. Venus
Translator ….. Venus
Encoder ….. Ray

Rainbow Channel

Gandhari
Gandhari
Gandhari
Gandhari
Original title गांधारी
TMDb Rating 7.5 1 votes

ads

Similar titles

Basang Basa
The Tiger’s Apprentice
Superman
Sarkeet
Project Wolf Hunting
My Spy The Eternal City
Samurai Fury
The Road to Nowhere
The Law of My Country
We Live in Time
Fight or Flight
Predator

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On