Ads
ads
Granny

Granny

Jan. 30, 2026India124 Min.NR
Your rating: 0
10 1 vote

Synopsis

G_r-a_n-n_y (2-0-2-6)

IMDB ⭐️ 7.2/10

“အိုမင်းမစွမ်း အဘွားအိုတစ်ယောက်ရဲ့ အပြုံးနောက်ကွယ်မှာ… သွေးစွန်းနေတဲ့ အတိတ်ဆိုးကြီးတစ်ခု ပုန်းကွယ်နေခဲ့ရင်…”

Tamil Horror ကားကောင်းကောင်းလေးတွေ ရှာနေတဲ့ ဘော်ဒါတွေအတွက် ဒီတစ်ခါတော့ ရိုးရာသရဲကားပုံစံ (Folk Horror) နဲ့ Crime Thriller ကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ ဇာတ်ကားသစ်လေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။

ဒီကားမှာ အဓိက အမိုက်ဆုံးကတော့ ကျွန်တော်တို့ ရင်းနှီးပြီးသား ဝါရင့်မင်းသမီးကြီး Vadivukkarasi က ကျောချမ်းစရာကောင်းတဲ့ အဖွားအို “အိုချိုင်း” နေရာကနေ သရုပ်ဆောင်ထားတာပါပဲ။ သူ့အပြင် Singampuli နဲ့ Dhileepan တို့လို နာမည်ကြီး သရုပ်ဆောင်တွေလည်း အားဖြည့်ပါဝင်ထားတာမို့ casting ပိုင်းကတော့ ပြောစရာမလိုအောင် ရှယ်ပါပဲ။

ဇာတ်လမ်းအစမှာတော့ မြို့ပြရဲ့ မွန်းကြပ်တဲ့ အိုင်တီအလုပ်တွေကနေ ခဏအနားယူဖို့အတွက် ခေတ်လူငယ်စုံတွဲတစ်တွဲဟာ သူတို့ရဲ့ ရှေးဟောင်းအိမ်ကြီးရှိရာ နယ်ရွာလေးဆီကို ပြန်လာခဲ့ကြပါတယ်။ အေးချမ်းတဲ့ ရွာလေးလို့ ထင်ရပေမဲ့ အဲဒီအိမ်ကြီးမှာ ဘယ်ကလာမှန်းမသိတဲ့ ထူးဆန်းတဲ့ အမယ်အိုကြီးကို လက်ခံစောင့်ရှောက်ထားရာကနေ အိမ်ရဲ့ ပတ်ဝန်းကျင်က မူမမှန်တော့ဘဲ တစိမ့်စိမ့်နဲ့ ခြောက်ခြားစရာကောင်းလာပါတော့တယ်။

တစ်ဖက်မှာလည်း အဲဒီရွာဝန်းကျင်မှာ ကလေးငယ်တွေ ရက်ရက်စက်စက် အသတ်ခံနေရတဲ့ အမှုတွဲတွေကို ရဲတွေက စုံစမ်းနေတဲ့အချိန်… ဒီသွေးစွန်းနေတဲ့ လူသတ်မှုတွေနဲ့ အိမ်ကြီးပေါ်က အမယ်အိုနဲ့ ဘယ်လို ပတ်သက်နေသလဲ။ အမယ်အိုရဲ့ အတိတ်မှာရော ဘယ်လို သွေးပျက်စရာ လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။

Jump scare တွေချည်း သက်သက်မဟုတ်ဘဲ အေးစက်စက်နဲ့ ကျောချမ်းသွားစေမဲ့ ရွာအငွေ့အသက်တွေပါတဲ့ Rural Horror Thriller ကားမျိုးမို့ ညဘက် တစ်ယောက်တည်း အမှောင်ထဲမှာ ကြည့်ရင်တော့ အနောက်ကို ခဏခဏ ပြန်လှည့်ကြည့်ရမဲ့ ကားမျိုးနော်။ ကဲ… လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ချင်ရင်တော့ အခုပဲ ပြေးကြည့်လိုက်ကြပါတော့ဗျာ။

Genre ….. Horror
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.01GB / 2.1GB
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT

Rainbow Channel

Original title க்ராணி
IMDb Rating 5.5 285 votes

ads

Similar titles

Haunted Mountains: The Yellow Taboo
Penjagal Iblis: Dosa Turunan
The Demon Prince
Guard: Revenge for Love
DRAGN
The Ruse
Ghost Train
Parasyte: Part 2
Easter Bloody Easter
I Saw the Devil
Phobia
Project Wolf Hunting

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On