
I’m Game (2026)
==============
IMDB ⭐️ 6.3/10
လက်စားချေတာမျိုးကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် အသစ်စက်စက် ဇာတ်ကားကောင်း
သူဌေးသားလေး ဒန်က ဖခင်ဖြစ်သူဆီကနေ ချီးကျူးမှုကို တောင့်တနေတဲ့သူပါ။
ငွေကသာ အရာရာလို လက်ခံကျင့်သုံးတဲ့ ဖခင်ဖြစ်သူအတွက် ဒန်လည်း ပိုက်ဆံ အများကြီး ရှာဖို့ ရည်ရွယ်ချက်နဲ့ လောင်းကစားနွံထဲ နစ်မွန်းနေခဲ့ပါတယ်။
ဒီတစ်ခါမှာတော့ အကြွေး သိန်းပေါင်းများစွာ ချေးငှားယူခဲ့ပြီး အကြွေးရှင် လက်ကနေ ထွက်ပြေးနေရပါတော့တယ်။
ကံအကြောင်းမလှစွာနဲ့ ကားတိုက်မှုဖြစ်ပြီး လက်တစ်ဖက် ဆုံးရှုံးလိုက်ရတာကနေ ဒီဇာတ်လမ်းလေးက စခဲ့ပါတယ်။
ဒီအစားထိုးလိုက်တဲ့ လက်က ကိုယ်ပိုင် အသိစိတ် ရှိနေတာပါ။
မနက် ၅ နာရီဆို နိုးပြီး ဒန့်ဘဝကို စနစ်ကျအောင် သူက အတင်းအကြပ် လုပ်ဆောင်ခိုင်းပါတော့တယ်။
ဆေးပညာအရ ဒီလိုကိစ္စမျိုးကို ရှာဖွေလို့ မရသလို အကုန်လုံးက စိတ်ပြဿနာလို့ ထင်တာကြောင့် ဒီလက်နဲ့ပဲ ဒန် ဆက်ပြီး နှစ်ပါးသွားခဲ့ပါတယ်။
နေ့ရက်တွေက အတော်လေး ဗရမ်းဗတာ နိုင်ပေမဲ့ ဘာပြဿနာကြီးမှ မရှိခဲ့ပါဘူး။ တစ်ရက်အထိပေါ့….
တစ်ရက် ဒန် လောင်းကစားဝိုင်းမှာ လူတစ်ယောက်ကို မြင်လိုက်ရာကနေ ဒီလက်က အဲဒီလူကို လိုက်သတ်ဖို့ အသည်းအသန် ကြိုးစားပါတော့တယ်။
တကယ်ပဲ ဘယ်လို ရန်ငြိုးတွေများ ရှိနေတာလဲ?
ပထမ ဘဝတုန်းကတောင် ကျရှုံးခဲ့တဲ့ လက်စားချေပွဲကို ၂ ယောက်ပေါင်းပြီး လက်စားချေတာ အောင်မြင်သွားနိုင်မလား။
Genre ….. Action, Drama, Thriller
Quality ….. 720P / 1080P WEB-DL AAC 5.1 (HEVC)
File Size ….. 1.16GB / 2GB
Review ….. Kera
Translator ….. RMC Team
Encoder ….. SNNT
Rainbow Channel