Ads
ads
Jetlee

Jetlee

May. 01, 2026India132 Min.NR
Your rating: 0
9 1 vote

Synopsis

Jetlee (2026) Telugu

IMDB ⭐️ 7.6/10

“လေယာဉ်ပေါ်မှာ အကြမ်းပတမ်းတွေချမှာလား… အူတက်အောင်ပဲ ရယ်ရမှာလား”

Action Comedy ကားကောင်းကောင်း မျှော်နေတဲ့ တောင်ပိုင်းကားချစ်သူ ဘော်ဒါတွေအတွက် ဒါရိုက်တာ Ritesh Rana ရိုက်ကူးထားတဲ့ “Jetlee” ဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားက ရိုးရိုး Action ကားမဟုတ်ဘဲ ဟာသဖောက်ထားတဲ့ Telugu ကားမိုလို အီမနေဘဲ ပေါ့ပေါ့ပါးပါးနဲ့ ခွီလည်းခွီ ကြုံးလည်းကြုံးတဲ့ ဇာတ်ကားမျိုးပါ။

ဇာတ်လမ်းကတော့ ဒူဘိုင်းကနေ ကိုချီကို ပျံသန်းတဲ့ လေယာဉ်တစ်စင်းပေါ်မှာ အခြေတည်ထားပါတယ်။ လေယာဉ်ဝန်ထမ်းတွေရဲ့ ဘဝက အေးအေးဆေးဆေး ခရီးသည်တွေကို ဝန်ဆောင်မှုပေးရုံပဲလို ထင်ထားရင်တော့ မှားသွားပါလိမ့်မယ်။

တစ်နေ့မှာတော့ ပုံမှန်ခရီးစဉ်တစ်ခုမှာ ဂွတီးဂွတ ခရီးသည်တစ်သိုက် ပါလာပြီး သူတို့ကို အရင်းတည်လို့ မထင်မှတ်ထားတဲ့ အန္တရာယ်ကြီးတစ်ခုနဲ့ ကြုံလာရတဲ့အခါ…

လေယာဉ်ပေါ်က ဝန်ထမ်းတစ်ယောက်အနေနဲ့ ခရီးသည်တွေကို ကယ်တင်မလား၊ ကိုယ့်အသက်ကိုပဲ လုရမလားဆိုတဲ့ အကျပ်အတည်းကြားထဲ ရောက်သွားပါတော့တယ်။ ပြဿနာက ရိုးရိုးတန်းတန်းမဟုတ်ဘဲ လေယာဉ်ပေါ်မှာ သေရေးရှင်ရေး ကိစ္စကြီးတစ်ခုနဲ့ ထိပ်တိုက်တိုးတဲ့အခါမှာတော့…

သာမန် လေယာဉ်ဝန်ထမ်းလေးကနေ အက်ရှင်ဟီးရိုး “ဂျက်လီ” လိုပဲ လက်သီးစွမ်းပြပြီး လူဆိုးတွေကို ဖြိုခွင်းမလား။ အသက်လုနေရတဲ့ ကြားထဲကနေ လေယာဉ်ပေါ်က အလွဲလွဲအချော်ချော် ဟာသတွေနဲ့ ဘယ်လို ဗရုတ်သုတ်ခတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။

Action အခန်းတွေကလည်း တောင်ပိုင်းကားတွေရဲ့ ထုံးစံအတိုင်း အမိုက်စား BGM တွေနဲ့ ရှယ်ဖြုတ်ထားသလို၊ Comedy ပိုင်းကလည်း ရယ်ရလွန်းလို အူတက်သွားစေမှာ အသေအချာပါပဲ။

အက်ရှင်ခပ်ကြမ်းကြမ်းနဲ့ ဟာသအလွဲတွေကြားမှာ အဆုံးသတ် ဘယ်လိုတွေ လှည့်ကွက်တွေနဲ့ ဇာတ်သိမ်းမလဲဆိုတာ သိချင်ရင်တော့ ဒီ Jetlee ကို အမြန်ဆုံးသာ ပြေးကြည့်လိုက်ကြပါတော့ဗျာ။

Genre ….. Action, Comedy, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.14GB / 2.65GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

Jetlee
Original title జెట్‌లీ
IMDb Rating 7.6 106 votes
TMDb Rating 6 1 votes

ads

Similar titles

Baaghi 2
Halabala
Metro… In Dino
Maremma
Hidden Strike
Akhanda 2: Thaandavam
Antim: The Final Truth
Gold Rush Gang (2025)
Toh, Ti Ani Fuji
The Divine Fury
Mazaka
The Outlaws

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On