Ads
ads
ads
Lesson

Lesson

May. 06, 202522 Min.
Your rating: 0
8 1 vote

Synopsis

Lesson (2025)

အချစ်က နှလုံးသားချင်း ထပ်တူကျဖို့ပဲ လိုတာလား..
ဒါမှမဟုတ် လက်တွေ့ဘဝရဲ့ ဖိအားတွေကိုပါ ရင်ဆိုင်နိုင်ဖို့ လိုတာလား..

သုံးနှစ်ကြာ တွဲလာတဲ့ သံယောဇဉ်နဲ့
အသစ်တွေ့တဲ့ ရင်ခုန်သံကြားက ဝေခွဲမရနိုင်တဲ့ Lesson

Melodrama ဆန်ဆန်နဲ့ လူငယ်တွေရဲ့ အချစ်နဲ့ အိမ်ထောင်ရေးကြားက ပဋိပက္ခတွေကို အလှပဆုံး ပုံဖော်ထားတဲ့ Lesson

ဒီကားမှာ အင်္ဂလိပ်စာပြတဲ့ ဆရာ ဂယောင်းမင်က ချစ်သူ ဆွန်းဟီးနဲ့ တွဲလာတာ ၃ နှစ်ရှိပြီဖြစ်ပေမဲ့ အိမ်ထောင်ပြုဖို့ ဖိအားပေးခံရတဲ့အခါမှာတော့ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ခံစားလာရပါတယ်။ သူတို့နှစ်ယောက်ကြားက အေးစက်စက် ဆက်ဆံရေးတွေကြားထဲကို စန္ဒရားဆရာမလေး ယောင်းဝန်း ရောက်ရှိလာတဲ့အခါမှာတော့ ဂယောင်းမင်ရဲ့ နှလုံးသားက ဘယ်လိုတွေ ယိမ်းယိုင်သွားမလဲဆိုတာ..

ဇာတ်လမ်းကတော့ တစ်ယောက်နဲ့တစ်ယောက် ဘာသာစကားနဲ့ စန္ဒရားသင်ခန်းစာတွေ အပြန်အလှန် သင်ကြားပေးရင်းကနေ စတင်ခဲ့တာပါ။ “စာတန်းထိုးမပါဘဲ ရုပ်ရှင်ကြည့်ချင်လို့ အင်္ဂလိပ်စာ သင်ချင်တာ” ဆိုတဲ့ ယောင်းဝန်းရဲ့ ရိုးရှင်းတဲ့ အိပ်မက်လေးတွေက ဂယောင်းမင်ကို ဆွဲဆောင်သွားခဲ့ပါတယ်။ အတိတ်က သံယောဇဉ်ဟောင်းနဲ့ ပစ္စုပ္ပန်က ရင်ခုန်သံအသစ်ကြားမှာ သူရွေးချယ်ရမဲ့ လမ်းကြောင်းက တကယ့်ကို ရင်နင့်စရာပါ။

ဝဋ်ဆိုတာ စာလုံးသက်သက်မဟုတ်မှန်း ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြထားတဲ့ ဒီဇာတ်ကားလေးထဲမှာ ငါးစိမ်းမြင် ငါးကင်ပစ်ချင်တဲ့ ယောက်ျားတွေရဲ့ စရိုက်က ဘယ်လို သင်ခန်းစာနဲ့ အဆုံးသတ်သွားမလဲဆိုတာ ပုံဖော်ပြထားတာမို့ ခြံခုန်ဇာတ်လမ်းရဲ့ ဇာတ်သိမ်းကို သိချင်သူတွေအတွက် အဆုံးထိ ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

Genre ….. Drama, Music
Quality ….. 720P / 1080P WEB-DL 5.1 (HEVC)
File Size ….. 598.38MB / 1.73GB
Review ….. Bom
Translator ….. Bom
Encoder ….. Ray

Rainbow Channel

ads
Lesson
Original title Lesson

Director

Kim Jin-woo
Director

Cast

ads

Similar titles

Parasyte: Part 1
Materialists
Karate Kid: Legends
No Mercy
Bachhala Malli
Ordinary Angels
Agni
Lal Salaam
Madulas
G20
Call of The Dead
To Live through Death

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On