Ads
ads

Video Sources 0 Views

  • Watch trailer
Little Forest

Little Forest

Have some break, delicious four seasons are waiting for you.Feb. 28, 2018KR103 Min.PG-13
Your rating: 0
8 1 vote

Synopsis

Little Forest (2018)

လူငယ်တွေရဲ့သဘာဝအတိုင်း တိုးတက်နေတဲ့မြိုပြကြီးကို ခုံမင်နှစ်သက်ကြပြီး မီးရောင်စုံတွေထွန်းလင်းထားတဲ့နေရာမှာ ပျော်မွေ့ချင်ကြတာ မဆန်းပါဘူး။ ဒါပေမဲ့လည်း တစ်ခါတလေ ဘဝလောကဓံတွေအကြေားမှာ နားခိုစရာအမေ့အိမ်လေးရှိတာကလည်း ကောင်းချီးတစ်ခုပါပဲ။

လောကဓံလှိင်းလုံးရဲ့ ရိုက်ခတ်မှုတွေကြား စိတ်ပင်ပန်းမောပန်းလာတဲ့အခါ မွေးရပ်မြေက အမေ့ရဲ့အိမ်လေးကို သတိရမိလာကြပါတယ်။ အမေ့ရဲ့အိမ်လေးက နွမ်းလျသူအဖို လုံခြုံစိတ်ချရမှုနဲ့ စိတ်အေးချမ်းနွေးထွေးမှုကို တစ်ပြိုင်နက်တည်းပေးစွမ်းနိုင်တဲ့ တောအုပ်လေးသဖွယ်ဖြစ်တည်နေပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ဆရာအတတ်သင်စာမေးပွဲအတွက် မြိုမှာ ကြိုးစားပမ်းစား ကုပ်ကပ်နေရတဲ့ ဂင်ဟယ်ဝန်တစ်ယောက် စာမေးပွဲကျလို စိတ်ညစ်နေတဲ့အပြင် သူရဲ့ချစ်သူကောင်လေးက သူ့သူငယ်ချင်းတွေအကြား သူ့ရဲ့စေတနာကို ပုတ်ခတ်ပြောဆိုလာချိန်မှာတော့ ဆက်သည်းမခံနိုင်တော့ဘဲ ဝမ်းနည်းမှုကို ထွေးပိုက်ပြီး မွေးရပ်မြေမြိုလေးဆီပြန်လာခဲ့ပါတော့တယ်။

အဲဒါကြောင့်တင်မဟုတ်ဘဲ သူ ပြန်လာရတဲ့နောက်တစ်ချက်က ဗိုက်ဆာလိုပါတဲ့။ ဒီလိုနဲ့ သူ့အမေနဲ့သူနေထိုင်ခဲ့တဲ့ရွာလေးဆီ တဖန်ပြန်လည် ရောက်ရှိလာခဲ့ပြန်ပါတယ်။ အပူပင်ကင်းတဲ့ရွာလေးမှာ မနက်စာစားပြီး နေ့လယ်စာ ဘာစားရမလဲစဥ်းစားရတဲ့အတွေးက တကယ့်ကို ပျော်ရွှင်စရာပါပဲ။ သူ့အတွက်တော့ ရွာလေးမှာ ရှိနေစဥ်အတွင်း ဟင်းချက်လိုက် သူငယ်ချင်းတွေနဲ့ ပျော်ပါးလိုက် အမေ့အကြောင်းတွေးလိုက်နဲ့ သူ့ကိုယ်သူ အဖြေရှာနေခဲ့ပါတယ်။ သူ့ရဲ့အမေကတော့ သူအထက်တန်းကျောင်းပြီးကတည်းက နောက်ကျနေပေမဲ့ သူ မလုပ်ခဲ့ရတဲ့အရာတွေကို စိန်ခေါ်ကြည့်ဖိုအတွက် အိမ်ကနေ ထွက်သွားခဲ့ပါတယ်။ မင်းသမီးလည်း အစက သူ့အမေကို နားမလည်ခဲ့ပါဘူး။ နောက်ပိုင်း ဘဝဆိုတာမျိုးက နေကြည့်မှ သိသွားသလို မင်းသမီးကလည်း သူ့အမေရဲ့ခံစားချက်နဲ့ခံယူချက်ကို နားလည်ပေးနိုင်ပါ့မလား။

သူများတွေရဲ့စံနှုန်းအတိုင်းလိုက်နေရာကနေ နောက်ဆုံးမှာ ကိုယ်တိုင် ကိုယ့်ဖြစ်တည်မှုရဲ့အ‌ဖြေကို ရှာတွေ့နိုင်ပါ့မလားဆိုတာကို ဒါရိုက်တာက အခုချက်ချင်း ကျေးလက်ဒေသလေးမှာ သွားနေချင်စိတ်ဖြစ်လောက်အောင် ကိုရီးယားနိုင်ငံရဲ့ရာသီပေါ်အစားအသောက်တွေနဲ့အတူ အသားပေးရိုက်ကူးထားတာဖြစ်ပါတယ်။

တစ်နေ့တာရဲ့အမောတွေကို ပြေပျောက်စေဖို ဇာတ်လမ်းကောင်း‌လေးရှာဖွေနေတာဆိုရင်တော့ ဒီ Little Forest (တောအုပ်ငယ်လေး)ကို ဝင်ရောက်ကြည့်ရှုရင်း စိတ်လက်အေးချမ်းမှုကို ခံစားလိုက်ရအောင်လားရှင်။

Genre ….. Drama
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.2GB / 2.57GB
Review ….. Verona
Translator ….. Verona
Encoder ….. Ai

Rainbow Channel

Little Forest
Little Forest
Little Forest
Little Forest
Little Forest
Little Forest
Little Forest
Little Forest
Little Forest
Little Forest
Original title 리틀 포레스트
IMDb Rating 7.3 4,951 votes
TMDb Rating 7.62 167 votes

Director

Yim Soon-rye
Director

Cast

Kim Tae-ri isHye-won
Hye-won
Moon So-ri isHye-won's Mother
Hye-won's Mother
Jin Ki-joo isEun-sook
Eun-sook
Jeon Sang-jin isNACF employee
NACF employee
Ok Su-boon isNACF employee
NACF employee
Jang Jae-hee isYoung Hye-won
Young Hye-won

ads

Similar titles

Chatha Pacha: The Ring of Rowdies
Absolution
Dendam Malam Kelam
Telusu Kada
Veera Dheera Sooran: Part 2
Andhra King Taluka
ခြေရာပျောက်တဲ့ ညတစ်ည
Ella McCay
Aşk Sadece Bir An
Green Night
When I Sleep
Ustaad Bhagat Singh

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On