Ads
ads

Video Sources 0 Views

  • Watch trailer
Made in Korea

Made in Korea

Mar. 12, 2026India113 Min.NR
Your rating: 0
9 1 vote

Synopsis

Made in Korea (2-0-2-6)

“ကိုယ့်ရေမြေမဟုတ်တဲ့ တိုင်းတစ်ပါးမှာ… အချစ်ဆိုတာ ဖူးပွင့်ခွင့်ရှိပါ့မလား”

ကဲ… Action တွေ၊ Thriller တွေ ကြည့်ရတာများပြီး “Vibe” ပြောင်းချင်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ ရင်ထဲကို အေးစိမ့်သွားစေမဲ့ Romantic Drama ကားသစ်စက်စက်လေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။

ဒီကားလေးကတော့ ဒီကနေ့ မတ်လ ၁၂ ရက်နေ့မှာပဲ Netflix ကနေ ပူပူနွေးနွေး ထွက်ရှိလာတဲ့ “Made in Korea” ဆိုတဲ့ ကိုရီးယားအိုပါးလေးယောက်နဲ့ ထူးထူးခြားခြား တမီးလ်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်ပါဝင်ထားတာကတော့ တခြားသူမဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာပရိသတ်တွေရဲ့ အချစ်တော် ပါးချိုင့်မင်းသမီးချောလေး Priyanka Mohan ပဲ ဖြစ်ပါတယ်ဗျာ။ ဒီဇာတ်ကားလေးက ကိုရီးယားနဲ့ တမီးလ် ယဉ်ကျေးမှုနှစ်ခုကို ရှယ်ပေါင်းစပ်ပြီး ဖန်တီးပုံဖော်ထားတာပါ။

ဇာတ်လမ်းလေးကတော့ တမီးလ်နာဒူကနေ တောင်ကိုရီးယားကို သူ့ရဲ့ အိပ်မက်တွေနောက်လိုက်ရင်း အရဲစွန့်ပြီး ရောက်ရှိလာတဲ့ ရှင်ဘာ ဆိုတဲ့ ကောင်မလေးအကြောင်းပါ။

ရှင်ဘာဆိုတဲ့မိန်းကလေးဟာ ရာဇဝင်ထဲက ကိုရီးယားမှာ တမီးလ်ယဉ်ကျေးမှုကို ပျံ့ပွားစေခဲ့တဲ့ မိဖုရားကြီး ရှင်ဘာဗလမ်ကို role model ထားထားတဲ့ကောင်မလေးဖြစ်ပြီး ကိုရီးယားသွားရဖို့က သူ့အိပ်မက်ပါ။ အရွယ်ရောက်လာလို့ မိဘတွေက အိမ်ထောင်ရက်သားချပေးဖို့ အတင်းတိုက်တွန်းလာချိန်မှာတော့ အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ကိုပဲ ခြေစုံပစ်ဝင်လို့ ကိုရီးယားကို ဇွတ်ထွက်လာတဲ့အခါ…

ကိုယ့်လူမျိုး၊ ကိုယ့်ရေမြေမဟုတ်တဲ့ တိုင်းတစ်ပါးမှာ ဘာသာစကားအခက်အခဲ၊ မတူညီတဲ့ ယဉ်ကျေးမှုအသစ်တွေကြားထဲမှာ သာမန်ကောင်မလေး ရှင်ဘာတစ်ယောက် ဘယ်လိုတွေ ရုန်းကန်ရမလဲ…

ဘဝရဲ့ ကြမ်းတမ်းတဲ့ သင်ခန်းစာတွေကနေတစ်ဆင့် သူ့ကိုယ်သူ ဘယ်လို ပြန်လည်တည်ဆောက်မလဲဆိုတာတွေအပြင်၊ အခက်အခဲတွေကြားကနေ မထင်မှတ်ဘဲ ပေါက်ဖွားလာမဲ့ ရင်ခုန်စရာ အချစ်ဇာတ်လမ်းလေးကိုပါ မြိုင်မြိုင်ဆိုင်ဆိုင် ရှုစားရမှာပါ။

K-drama တွေလို လှပတဲ့ ရိုက်ကွင်းရိုက်ကွက်တွေအပြင် South Indian ကားတွေရဲ့ အငွေ့အသက်လေးတွေပါ ပေါင်းစပ်ထားတာမို့ တကယ့်ကို ထူးခြားတဲ့ feel-good vibe မျိုး ရရှိစေမှာ အသေအချာပါပဲ။

Tamil အပြင် Telugu, Hindi, Kannada နဲ့ Malayalam အစရှိတဲ့ ဘာသာစကားစုံနဲ့ပါ ထွက်ရှိထားတာမို့ အချစ်ဒရာမာ ကားကောင်းလေးတွေကိုမှ အရသာခံ ကြည့်ချင်သူတွေအတွက် အခုပဲ လက်မနှေးတမ်း ပြေးကြည့်လိုက်ကြပါတော့ဗျာ။

Genre ….. Drama, Romance
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.03GB / 2.18GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

Made in Korea
Made in Korea
Made in Korea
Made in Korea
Made in Korea
Made in Korea
Made in Korea
Original title மேட் இன் கொரியா
IMDb Rating 6 974 votes
TMDb Rating 6.7 20 votes

ads

Similar titles

Ip Man 3
My Name Is Loh Kiwan
Decibel
Peddi
L: Lakad
Uranus 2324
K-Ramp
Homebound
The Fire Inside
Escape
Surya Power of Love
Even If This Love Disappears Tonight

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On