
M_a-r_e-m_m-a (2-0-2-6) Telugu
===========================
“ရိုးရာဓလေ့နဲ့ ယုံကြည်မှုတွေကြားက… သွေးမြေကျမဲ့ ပဋိပက္ခ”
Kantara တို၊ Dasara တိုလိုမျိုး ရိုးရာယုံကြည်မှုတွေကို အခြေခံထားတဲ့ အကြမ်းစား Rural Action Drama တွေကို နှစ်သက်တဲ့ ပရိသတ်တွေအတွက် တေလဂူကားသစ်လေး “Maremma” ထွက်ရှိလာပါပြီ။
ဒီဇာတ်ကားမှာတော့ မင်းသားသစ် Maadhav Bhupathiraju နဲ့ မင်းသမီး Deepa Balu တိုက အဓိက ပါဝင်အားဖြည့်ထားကြပြီး တေလဂူကျေးလက်ဒေသရဲ့ ပီပြင်တဲ့ရနံ့တွေနဲ့ အက်ရှင်အကြမ်းစားတွေကို ပေါင်းစပ်ဖန်တီးထားတာမို ကြည့်ရတာ တကယ့်ကို ရင်သပ်ရှုမောဖြစ်စေမှာ အမှန်ပါပဲ။
ဇာတ်လမ်းကတော့ တေလဂူပြည်နယ်က မဟီရှာပူရမ်ဆိုတဲ့ ဝေးလံခေါင်သီတဲ့ ရွာလေးတစ်ရွာမှာ အခြေတည်ထားပါတယ်။ ဒီရွာလေးဟာ နတ်ဘုရားမ “မာရမ်မာ (Maremma)” ကို အသက်တမျှ ကိုးကွယ်ယုံကြည်ကြပြီး သူတိုရဲ့ နေ့စဉ်ဘဝတွေဟာ ရိုးရာဓလေ့တွေနဲ့ အများကြီး လွှမ်းမိုးနေတာပါ။
အဓိကဇာတ်ကောင် “ကာနီ” ဆိုတာကတော့ ရွာမှာ ကျွဲကျောင်းပြီး အေးအေးချမ်းချမ်း နေထိုင်နေတဲ့ လူငယ်လေးတစ်ယောက်ပါ။ သူ့ဘဝမှာ အထူးခြားဆုံးကတော့ ရွာရဲ့ ရိုးရာပူဇော်ပွဲအတွက် ရွေးချယ်ခံထားရတဲ့ “မာရီ” ဆိုတဲ့ သန့်စင်တဲ့ကျွဲကြီးနဲ့ သူရဲ့ကြားက သံယောဇဉ်ပါပဲ။
ဒါပေမဲ့ အေးချမ်းနေတဲ့ ရွာလေးထဲမှာ မထင်မှတ်ထားတဲ့ အာဏာလုပွဲတွေ၊ လူမှုရေးပဋိပက္ခတွေ စတင်လာတဲ့အခါ… ရိုးရာဓလေ့နဲ့ ကိုးကွယ်ယုံကြည်မှုတွေဟာ လူတစ်စုရဲ့ အကျိုးအမြတ်အတွက် အသုံးချခံလာရပါတော့တယ်။
ဒီလိုနဲ့ အေးအေးလူလူ နေတတ်တဲ့ ကျွဲကျောင်းသားလေး ကာနီတစ်ယောက် သူ့ရဲ့ ယုံကြည်မှုတွေ၊ သူမြတ်နိုးတဲ့အရာတွေကို ကာကွယ်ဖိုအတွက် ကြမ်းတမ်းတဲ့လောကထဲကို မလွှဲမရှောင်သာ ခြေစုံပစ်ဝင်ရတဲ့အခါ…
လူတွေရဲ့ လောဘ၊ ရိုးရာဓလေ့တွေရဲ့ အမှောင်ခြမ်းနဲ့ ရွာသူရွာသားတွေကြားက ပြင်းထန်တဲ့ အားပြိုင်မှုတွေကို Raw ဖြစ်ဖြစ်နဲ့ အကြမ်းပတမ်း ရိုက်ကူးပြထားတာမို၊ ဇာတ်လမ်းအစအဆုံး ရင်တမမနဲ့ ကြည့်ရှုရမယ့် Action Thriller ကားကောင်းတစ်ကားအဖြစ် လက်မလွတ်တမ်း ရှုစားလိုက်ကြပါဦးဗျာ။
Genre ….. Action, Drama
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.17GB / 2.15GB
Review …..
Translator ….. RMC Team
Encoder ….. SNNT
Rainbow Channel