
Mr. X (2026)
IMDb ⭐️ 6/10
“ရန်သူကို ရှာနေတာထက်… ကိုယ့်ဘေးနားကလူက ရန်သူမဟုတ်ဖို့ပဲ ဆုတောင်းရမယ်”
Spy Thriller ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် ၂၀၂၆ အစောပိုင်းမှာတင် ထွက်ရှိထားတဲ့ Mr. X ကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီကားမှာတော့ ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသား Arya က R&AW အေးဂျင့် ဂေါ်တမ် အဖြစ် ပါဝင်ထားပြီး၊ Gautham Karthik ကတော့ rogue agent အဖြစ် အကြိတ်အနယ် အားပြိုင်ထားကြတာပါ။
ဒါ့အပြင် ဝါရင့်မင်းသားကြီး Sarath Kumar နဲ့ မင်းသမီးချော Manju Warrier တို့ပါ ပါဝင်အားဖြည့်ထားကြတာဆိုတော့ Cast ပိုင်းကတော့ ပြောစရာမလိုအောင်ပါပဲ။
ဇာတ်လမ်းကတော့ G20 ထိပ်သီးအစည်းအဝေး ကျင်းပနေချိန်မှာ ချန်နိုင်းမြို့ကြီးကို ဖျက်ဆီးမယ့် နျူကလီးယားစက်ပစ္စည်းတစ်ခုနဲ့အတူ အန္တရာယ်ပြုဖို့ ကြံစည်နေတဲ့ rogue agent အမာရန်ကို ဂေါ်တမ်တစ်ယောက် လိုက်လံနှိမ်နင်းရတာကနေ အစပြုထားတာပါ။
အမာရန်ဆိုတာ နျူကလီးယားစက်ကို စောင့်ရှောက်နေတဲ့ Agent Mr. X ဆိုတဲ့လူကို သွားစောင့်ရှောက်ပေးဖို့လွီတ်လိုက်တဲ့ R&AW agent ပေမဲ့ တကယ်တမ်း စက်ပစ္စည်းဆီရောက်မှ အမာရန်က double agentဖြစ်နေတဲ့အခါ
ဒီချိန်မှာ အလုပ်ထွက်ပြီး ချစ်သူနဲ့ ဘဝကိုဖြတ်သန်းချင်နေတဲ့ ဂေါ်တမ်ကို Mr. X ကိုသွားကယ်ခိုင်းတဲ့အခါ
ချစ်သူနဲ့ပေါင်းဖက်ခါနီးမှ ဂေါ်တမ်တစ်ယောက် Mr X ကို ဘာလို့သွားကယ်တာလဲ Mr. X ဆိုတာဘယ်သူလဲ အဖြေရှာရင်းနဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေ ဘယ်လို ဘူးပေါ်သလို ပေါ်လာမလဲဆိုတာကတော့…
တချို့fight scene တွေက တကယ့်ကို စွဲဆောင်မှုရှိပြီး၊ မင်းသား Arya ရဲ့ Action ခန်းတွေကလည်း အမှန်အကန် ဖြုတ်ပြထားတာမို့ အားရစရာကောင်းတဲ့အပြင် ဇာတ်လမ်းက Plot twist တွေနဲ့အတူ အရှိန်အဟုန်အပြည့်နဲ့ တရိပ်ရိပ်သွားနေတာမို့ ပျင်းဖို့အချိန်တောင် ရမှာမဟုတ်ပါဘူး။
သည်းထိတ်ရင်ဖို Action/Thriller အမျိုးအစား ကြိုက်နှစ်သက်သူတွေအတွက်တော့ ဒီကားလေးက အကောင်းဆုံး Choice တစ်ခု ဖြစ်မှာ အသေအချာပါပဲ။ အခုပဲ Mr. X ရဲ့ လျှို့ဝှက်ချက်တွေကို အတူတူ ဖော်ထုတ်ဖို့ ရှုစားလိုက်ရအောင်ပါ။
Genre ….. Action, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.14GB / 2.39GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel