Ads
ads

Video Sources 0 Views

  • Watch trailer
No Ordinary Heist

No Ordinary Heist

26.5 million reasons to break the rules.Mar. 27, 2026Ireland99 Min.NR
Your rating: 0
8 1 vote

Synopsis

No Ordinary Heist (2026)

IMDB ⭐️ 5.8/10

ဒီဇာတ်လမ်းနာမည်လေးကို ဘာသာပြန်လိုက်ရင် သာမန်မဟုတ်သော ဓားပြမှုလို့ အဓိပ္ပာယ်ဖွင့်ဆိုလို့ရပါတယ်

ဘာလို့ဆို တကယ်လည်း နာမည်အတိုင်း ဒီကားထဲက ဓားပြမှုက ဆန်းပြားနေလို့ပါ

No Ordinary Heist ဟာ ၂၀၀၄ ဒီဇင်ဘာ မြောက်ပိုင်းအိုင်ယာလန်ဘဏ် ဓားပြတိုက်ခံရမှုကို ဖြစ်ရပ်မှန်အခြေပြုပြီး ရိုက်ကူးထားတာပါ

ဆိုတော့ ဒီကားဇာတ်လမ်းအကြောင်း‌ကို မပြောခင် အရင်ဆုံးယူကေက ငွေကြေးစနစ်အလုပ်လုပ်ပုံကို အရင်ရှင်းပြချင်ပါတယ်
ဟိုးအရင်တုန်းက UK မှာကျွန်တော်တို့ခုဒီမှာသုံးနေသလို ငွေစက္ကူတွေက တစ်နိုင်ငံလုံး ဒီပုံစံပဲတော့ မဟုတ်နေပါဘူး

၁၈၄၄ ခုနှစ်မတိုင်ခင်ထိ ယူကေကဘဏ်တိုင်းလိုလိုဟာ ကိုယ်ပိုင်အမှတ်တံဆိပ်ငွေစက္ကူပုံစံကို ရိုက်နှိပ်ကြတာပါ

စကော့တလန် ဝေးလ် အိုင်ယာလန်မြောက်ပိုင်းတို့ဟာ ယူကေထဲမှာရှိနေတဲ့ နိုင်ငံအသေးစားအခွဲလေးတွေလို့ ပြောလို့ရပါတယ်
ဒီနိုင်ငံထဲက ဘဏ်ကြီးတွေမှာ ကိုယ်ပိုင်ငွေစက္ကူပုံစံတွေကို ရိုက်နှိပ်ပြီးသုံးစွဲကြပါတယ် ဒီလောက်ဆို နားလည်မယ်ထင်ပါတယ်

၁၈၄၄ ခုနှစ် ဘဏ်တွေဟာ ကိုယ်ပိုင်ငွေစက္ကူပုံစံရိုက်နှိပ်ခွင့်ကို ပိတ်သိမ်းခဲ့ပေမဲ့ အိုင်ယာလန်နဲ့ မြောက်ပိုင်းအိုင်ယာလန်မှာ
ဥပဒေတွေ မတူတာကြောင့် သူတို့ကတော့ ဆက်လက်ရိုက်နှိပ်ခွင့်ရနေခဲ့ပါတယ်

ဇာတ်လမ်းအနေနဲ့ကတော့ မြောက်ပိုင်းဘဏ်က ရစ်ချက်ဟာ ဘဏ်ကလူကြီးဖြစ်ပြီး အဲဒီဘဏ်မှာပဲ အလုံခန်းသော့ကို ကိုင်တဲ့ဘယ်ရီဆိုတဲ့ ကောင်လေးရှိပါတယ်

ဒါပေမဲ့ ရစ်ချက်ကလည်း ဘယ်ရီကိုအထင်မကြီးဘဲ မျက်စိစပါးမွှေးစူးနေသလို ဘယ်ရီကလည်း ရစ်ချက်ကို တစ်စက်မှ ကြည့်မရပါဘူး

ဘယ်ရီရဲ့ ဆောင့်ကြွားကြွားနေတတ်တဲ့ပုံစံကြောင့် သူကဘဏ်အလုံခန်းသော့ ကိုင်ရတယ်ဆိုတဲ့သတင်းဟာ မရောက်သင့်တဲ့လူတွေဆီ ရောက်သွားပါတော့တယ်

ဒီလိုနဲ့ သတင်းရထားတဲ့ဂိုဏ်းဟာ ဘဏ်ရဲ့လူကြီးဖြစ်တဲ့ ရစ်ချက်နဲ့ သော့ကိုကိုင်ထားတဲ့ ဘယ်ရီတို့ရဲ့အိမ်ကို ဝင်စီးပြီး
ဘယ်ရီရဲ့အမေနဲ့ ရစ်ချက်ရဲ့ မိန်းမကို ဓားစားခံအဖြစ် ဖမ်းခေါ်ထားပါတော့တယ်

သူတို့တွေအနေနဲ့ မိသားစုတွေကို မသေစေချင်ရင်တော့ ဂိုဏ်းကတောင်းဆိုတဲ့ ဘဏ်ထဲက ပိုက်ဆံတွေကို သူတို့တောင်းဆိုတဲ့ပမာဏအတိုင်း
အပြင်ကို ခိုးယူသယ်ထုတ်ပေးရမှာပါ

ဒီဓားပြမှုရဲ့ ထူးခြားတဲ့အချက်တွေကတော့ ခိုးမှုကျူးလွန်နေချိန်မှာ ဘဏ်ဝန်ထမ်းနှစ်ယောက်သာလွဲရင် ဘယ်ဂိုဏ်းသားကမှ ဘဏ်ထဲကို တစ်ချက်မှ
ဝင်ထွက်ခြင်းမရှိခဲ့တာပါ

ဘဏ်ဝန်ထမ်းနှစ်ယောက်ကပဲ ငွေတွေထုတ် လှည်းနဲ့သယ်ပြီး အသင့်စောင့်နေတဲ့ ဗင်ကားထဲတင်ပေးခဲ့တာပါ

ဆိုတော့ အိုင်ယာလန်က ပြောစမှတ်တွင်သွားတဲ့ ဖြစ်ရပ်ကြီးအကြောင်း ဒီထက်အသေးစိတ်သိချင်ကြရင်တော့ ဒီတစ်မျိုးထူးခြားနေတဲ့ ဘဏ်ဓားပြတိုက်တဲ့ကားလေးကို ကြည့်ဖို့အကြံပေးချင်ပါတယ်

အက်ရှင်တွေ ပစ်ခတ်မှုတွေ မပါပေမဲ့ မိသားစုအသက်က ဒီကိစ္စအောင်မြင်မမြင်ပေါ် မူတည်နေတဲ့အခါ ရစ်ချက်နဲ့ဘယ်ရီဆိုတဲ့ မတည့်တဲ့လူနှစ်ယောက်ဟာ
ဘယ်လိုပူးပေါင်းပြီး ဘယ်လိုခိုးယူမလဲဆိုတာကို တစိမ့်စိမ့်ကြည့်နေရတာကိုက အရသာပါပဲ

ပြီးတော့ ဘယ်လိုမထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ပါနေဦးမလဲဆိုတာကတော့….

Genre ….. Crime, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 823.82MB / 1.72GB
Review ….. Light
Translator ….. Light
Encoder ….. Ray

Rainbow Channel

ads
No Ordinary Heist
No Ordinary Heist
No Ordinary Heist
Original title No Ordinary Heist
IMDb Rating 5.7 267 votes
TMDb Rating 6.286 7 votes

Director

Colin McIvor
Director

Cast

Eddie Marsan isRichard Murray
Richard Murray
Éanna Hardwicke isBarry McKenna
Barry McKenna
Michelle Fairley isMags Fulton
Mags Fulton
Eva Birthistle isCeline Murray
Celine Murray
Forrest Bothwell isPaul Keating
Paul Keating
J.B. Moore isTracksuit
Tracksuit

ads

Similar titles

Elevation
Brothers
Barron’s Cove
Exhuma
The Courier
Gamblers
Caddo Lake
Legally Veer
Saripodhaa Sanivaaram
Hounds of War
Officer on Duty
The Huntsman

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On