Ads
ads
ads

Video Sources 0 Views

  • Watch trailer
Pizza Movie

Pizza Movie

College is a trip.Mar. 13, 2026USA97 Min.NR
Your rating: 0
7 1 vote

Synopsis

Pizza Movie (2-0-2-6)

IMDB ⭐️ 6.5/10

“ဆေးသမားဘဝ… ပီဇာမရရင် ဂွမ်းပြီသာမှတ်”

Manual စာရှည်ရင် instruction ဗီဒီယိုရှည်ရင် ကျော်ပစ်ပြီး နောက်မှ ဗရုတ်သုတ်ခ လုပ်မိတတ်ကြတဲ့ ဘော်ဒါတို့အတွက် ငယ်ဘဝက အမွှေစိန်တူတူလုပ်ခဲ့တဲ့ ရောင်းရင်းတွေကို သတိရမိစေမဲ့ အသစ်စက်စက် ထွက်ရှိလာတဲ့ “Pizza Movie” လာပါပြီဗျာ။

ဒီကားကတော့ အူတက်မတတ်ဖြစ်ရမဲ့ အမေရိကန် Stoner Comedy (ဆေးကြောင်ဟာသ) အမျိုးအစား ဇာတ်ကားသစ်လေးပါ။ ဒီကားမှာ ကျွန်တော်တို့ရဲ့ မင်းသား Gaten Matarazzo နဲ့အတူ Sean Giambrone, Lulu Wilson တို့ အဓိက ပါဝင်ထားပြီး၊ ဟယ်ရီပေါ်တာ မင်းသားကြီး Daniel Radcliffe ကလည်း အားဖြည့်ပါဝင်ထားလို့ Cast ပိုင်းကတော့ ပြောစရာမလိုအောင် ရှယ်ပါပဲ။

ဇာတ်လမ်းအကျဉ်းကတော့ ဂျက် နဲ့ မောင့်ဂိုမရီ ဆိုတဲ့ ကောလိပ်ကျောင်းသား အခန်းဖော်နှစ်ယောက်ဟာ M.I.N.T.S. လို့ခေါ်တဲ့ ထူးဆန်းတဲ့ ဆေးတစ်မျိုးကို စမ်းသုံးကြည့်ရာကနေ စတာပါ။

ဆေးက သူတို့ကို တိမ်လွှာနန်းပေါ် လွင့်မျောသွားစေမယ်ဆိုပြီး instruction vd အစပြောထားတာကို မြင်တာနဲ့ ဆရာသမားနှစ်ယောက်လုံး မဆိုင်းမတွ ပါးစပ်ထဲပစ်ထည့်လိုက်တော့တာပါပဲ။

ပြဿနာက ဆေးစွမ်းပြလာတဲ့အခါ သူတို့နှစ်ယောက်လုံး ကြောက်မက်ဖွယ်ရာ ကယောင်ကတမ်း အာရုံချောက်ချားမှုတွေနဲ့ ရင်ဆိုင်လာရပါတော့တယ်။

အဲဒီတော့မှ vd ကိုဆက်ကြည့်မိတော့ ဒီဆေးကို အစာနဲ့တွဲစားရမှာဖြစ်ပြီး အစာမပါဘဲသုံးရင်တော့ တိမ်ပေါ်မလွင့်ဘဲ ငရဲတွင်းထဲကန်ချခံရသလို အဆင့် ၆ ဆင့်ကို ဖြတ်သန်းရမှာပါ။

ဒီဆေးကြောင်နေတဲ့ ငရဲခန်းကနေ လွတ်မြောက်ဖို့နဲ့ ဆေးစွမ်းပြယ်သွားဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ “ပီဇာ” စားဖို့ပဲ ဖြစ်ပါတယ်။ စက်ရုပ်နဲ့ လာပို့မဲ့ ပီဇာကို ရဖို့အတွက် သူတို့နှစ်ယောက်ဟာ ဗရုတ်သုတ်ခဖြစ်နေတဲ့ ကောလိပ်အဆောင်ကြီးကို ဖြတ်သန်းသွားရပါတော့တယ်။ ဒီလို ပီဇာသွားယူတဲ့ လမ်းခရီးမှာ အရင်သူငယ်ချင်းဟောင်းတွေ၊ ကျောင်းက အနိုင်ကျင့်တတ်တဲ့ကောင်တွေနဲ့ စည်းကမ်းကြီးတဲ့ အဆောင်မှူးတွေနဲ့ ထိပ်တိုက်တွေ့တဲ့အခါ…

ဆေးကြောင်ပြီး အလွဲလွဲအချော်ချော်တွေကြားကနေ ပီဇာရဖို့ ဘယ်လိုတွေ ရယ်ရခက် ငိုရခက် ဗျာများကြမလဲဆိုတာကို ရယ်မောဖွယ် ကြည့်ရှုရမှာပါ။ ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ အူတက်အောင်ရယ်ရမယ့် မျိုးဆက်သစ် Cult Classic Vibe မျိုးဖြစ်လို့ စိတ်ညစ်ညူးနေတဲ့ ပရိသတ်ကြီးအတွက်တော့ ပီဇာလေးစားရင်း အပန်းဖြေဖို့ အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။

Genre ….. Comedy
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 768.89MB / 1.52GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

ads
Pizza Movie
Pizza Movie
Pizza Movie
Pizza Movie
Pizza Movie
Pizza Movie
Pizza Movie
Pizza Movie
Pizza Movie
Pizza Movie
Original title Pizza Movie
IMDb Rating 7.5 94 votes
TMDb Rating 6.8 29 votes

ads

Similar titles

Easter Bloody Easter
Sorry, Baby
Harold and the Purple Crayon
Funky
Back in Action
10 Lives
In Your Dreams
Spellbound
Kung Fu Master Su: Red Lotus Worm
Badass Ravi Kumar
Good Bad Ugly
Kangaroo Island

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On