Ads
ads

Video Sources 174 Views

  • Watch trailer
Sorry, Baby

Sorry, Baby

Welcome to the world.Jun. 27, 2025USA103 Min.R
Your rating: 0
6 1 vote

Synopsis

Sorry Baby (2025)

ကျွန်မတို့လူအဖွဲ့အစည်းမှာ အမျိုးသမီးတွေအများစုက နှုတ်နဲ့ဖြစ်စေ ကိုယ်ထိလက်ရောက်ဖြစ်စေ စော်ကားမုုတွေကို ကြုံတွေ့နေရပါတယ်။ ဒါက နိုင်ငံတစ်နိုင်ငံတည်းမှာ ဖြစ်နေတာ မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတစ်ခုပါ။ အမျိုးသမီးတွေက ဘယ်လိုအဝတ်အစားမျိုးကိုပဲ ဝတ်သည်ဖြစ်စေ ပါးစပ်သရမ်းတဲ့ ယောကျ်ားတွေရန်ကနေအပြင် တဏှာရာဂ ပြင်းပြတဲ့ ယောကျ်ားတွေရန်ကနေ မလွတ်နိုင်ပါဘူး။ ဆိုတော့ ဒီဇာတ်လမ်းလေးက မတရား အဓမ္မပြုကျင့်ခံရတဲ့ Agnes ဆိုတဲ့ အမျိုးသမီးတစ်ဦးအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

သူက တက္ကသိုလ်တစ်ခုမှာ ဘွဲ့လွန်တက်ရင်း သူမရဲ့ စာတမ်းကြီးကြပ်သူဆီကနေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ခံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ Agnes ဘဝမှာ အဖြစ်ဆိုးကြီးတစ်ခုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သူ(မ) ဘယ်လိုနေထိုင်သွားမလဲ ဘယ်လိုခံစားချက်‌မျိုးနဲ့ အသက်ရှင်သွားမလဲဆိုတာကို ရုပ်ရှင်လေးက ရိုက်ကူးပြသထားတာဖြစ်ပါတယ်။

ရုပ်ရှင်ကို နှစ်ပေါင်းငါးခုစီ ခြားပြီး အပိုင်းငါးပိုင်းအဖြစ် ခွဲပြီးရိုက်ကူးထားပါတယ်။ တစ်ခုချင်းစီမှာ Agnes ရဲ့ ဘဝအခြေအနေ တစ်နှစ်ခြားပြောင်းလဲမှုတွေကို မြင်တွေ့ရမှာ ဖြစ်ပြီး လူသားတွေရဲ့ ထုံးစံအတိုင်း တခါတရံ စိတ်မကျေနပ်စရာ‌တွေကြုံရ တခါတရံကျတော့ ပျော်ရွှင်မှုတစိတ်တပိုင်းကိုတောင် ရှာတွေ့နေတတ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ စိတ်ဒဏ်ရာခံစားမှုနဲ့အတူ ကုစားတဲ့နည်းလမ်းတွေကို ပြသပေးသွားမှာဖြစ်ပြီး တချိန်တည်းမှာပဲ ရယ်စရာဇာတ်ကွက်လေးတွေကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။ ဒီလိုခံစားချက်တွေ ပေါင်းစပ်မှုကြောင့်ပဲ ဇာတ်လမ်းက ပိုပြီး ခံစားရလွယ်စေပါတယ်။

ဒီဇာတ်လမ်းရဲ့ ထူးခြားချက်တစ်ခုကတော့ ခေါင်းဆောင်မင်းသမီးကိုယ်တိုင် ဇာတ်လမ်းရေးသူ၊ ဒါရိုက်တာနဲ့ အဓိကဇာတ်လိုက် Agnes အဖြစ် သရုပ်ဆောင်ထားပါတယ်။ 2025 ခုနှစ်ရဲ့ ကောင်းမွန်တဲ့ ရုပ်ရှင်တွေထဲက တစ်ခုအဖြစ် အများကြီးဝေဖန်သုံးသပ်ခံရပြီး စိတ်ဏ်ရာ၊ မျှော်လင့်ချက်နဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိခြင်းအကြောင်း ရိုက်ပြထားတဲ့ Sorry Baby ဆိုတဲ့ ရုပ်ရှင်လေးကို ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေ…

Genre ….. Drama, Comedy
Quality ….. 720P / 1080P WEB-DL 5.1 (HEVC)
File Size ….. 972.66MB / 2.1GB
Review ….. Verona
Translator ….. Verona
Encoder ….. SNNT

Rainbow Channel

Sorry, Baby
Sorry, Baby
Sorry, Baby
Sorry, Baby
Sorry, Baby
Sorry, Baby
Sorry, Baby
Sorry, Baby
Sorry, Baby
Sorry, Baby
Original title Sorry, Baby
IMDb Rating 7.1 13,232 votes
TMDb Rating 6.799 152 votes

ads

Similar titles

Along with the Gods: The Two Worlds
Kill Boksoon
Deadpool
Love Insurance Kompany
The Corpse
Hit Team
Aankhon ki Gustaakhiyan
Madulas
24 Hours to D-Day
Charlie
Dopamine
The Favor

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On