Ads
ads

Video Sources 0 Views

  • Watch trailer
Protector

Protector

Mother. Savior. Killer...Mar. 05, 2026NA90 Min.G
Your rating: 0
7 1 vote

Synopsis

Protector (2-0-2-6)

IMDB ⭐️ 5.3/10

“သမီးကိုထိတဲ့သူကတော့… သေမင်းဆိုရင်တောင် နှစ်ခါပြန်သေရွာပို့ပစ်မယ်”

Resident Evil က ဇွန်ဘီတွေကို အသားကုန် ရှင်းခဲ့တဲ့ John Wick 2.0 မတ်မတ် Milla Jovovich ရဲ့ အသစ်စက်စက် Action Thriller ကားကြမ်းကြီး ထွက်ရှိလာပါပြီ။ Taken ကားထဲက Liam Neeson လိုမျိုးပဲ သမီးဖြစ်သူကို ကယ်တင်ဖို့အတွက် လူကုန်ကူးဂိုဏ်းကို တစ်ယောက်တည်း ဝင်ကြုံးမဲ့ မမရဲ့ One Woman Show ဇာတ်ကားကြီးပေါ့။

နစ်ကီဟာ စစ်တပ်ကနေ အနားယူပြီး သမီးလေး ကလိုဝီနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်ဖို့ကြိုးစားနေတဲ့ စစ်ပြန်ဟီးရိုး မိခင်တစ်ယောက်ပါ။

သမီးဖြစ်သူနဲ့အရင်းနှီးဆုံးဖြစ်ရမဲ့ ငယ်ဘဝ ၁၅ နှစ်တာကို နိုင်ငံအတွက် ပေးဆပ်ခံရပြီး ကလိုဝီလေးအတွက် ခင်တွယ်စရာဖခင်မရှိတော့မှ သူ့ဘဝထဲကိုပြန်ရောက်လာတဲ့ အမေဖြစ်သူနစ်ကီဟာ ကလိုဝီအတွက် အစိမ်းသက်သက်ဖြစ်နေတဲ့အတွက် သားသမီးနှစ်ယောက် အဆင်မပြေလှပါဘူး။

မြေအောက်လောကသားတွေကြားမှာ ကျမ်းကြေလာခဲ့သူပီပီ နစ်ကီကလည်း ကလိုဝီကို စိတ်ပူပြီးပေမဲ့ ခုမှလာပြီး ဂရုစိုက်ပြနေတယ်လို့ မြင်နေတဲ့ ကလိုဝီအတွက် နစ်ကီ့စကားတွေကချုပ်ချယ်နေတာထက်မပိုဘူးပေါ့။

ဒါပေမဲ့ သူတို့ရဲ့ဘဝလေးဟာ သမီးဖြစ်သူက နစ်ကီမသိအောင် ဘားသွားကဲရင်း လူကုန်ကူးဂိုဏ်းရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရတဲ့အချိန်မှာတော့ ဇောက်ထိုးပြောင်းလဲသွားခဲ့ပါပြီ။

ပျောက်ဆုံးသွားတဲ့ကလေးတစ်ယောက်ကို အသက်ရှင်လျက် ပြန်ရှာတွေ့ဖို့ဆိုတာ “၇၂ နာရီ” ဆိုတဲ့ Golden Hour ဒါကိုသိတဲ့ နစ်ကီတစ်ယောက် ရဲတွေကိုရော စစ်တပ်ကိုရော အားမကိုးတော့ဘဲ ကိုယ်တိုင် လက်နက်ကိုင်ပြီး မြေအောက်ရာဇဝတ်လောကထဲကို ခြေစုံပစ် ဝင်ပါတော့တယ်။

Rambo: Last Blood ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Adrian Grünberg ကိုယ်တိုင် ရိုက်ကူးထားတာဖြစ်လို့ ဖိုက်တင်ခန်းတွေက ပေါ့ပေါ့ပါးပါးမဟုတ်ဘဲ အကြမ်းပတမ်း Realism ဆန်ဆန် ရိုက်ပြထားတဲ့အတွက် ဖြုတ်ခန်းဖုတ်ခန်း သတ်ပုတ် ဖိုက်တင်ပလေးခန်းတွေကတော့ အတော်လေးအားရဖို့ကောင်းပါတယ်။

ဒီတော့ကျည်ဆန်တွေကြားမှာ သမီးဖြစ်သူကို အချိန်မီ ကယ်တင်နိုင်မလား… ဂိုဏ်းစတားတွေကိုရော ဘယ်လို အမြစ်ဖြုတ်မလဲဆိုတာ မမဂျိုနိုဝစ်ရဲ့ Action ခန်းတွေနဲ့အတူ ရင်တမမ ရှုစားလိုက်ကြပါဦးခင်ဗျာ။

Genre ….. Action, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 757.81MB / 1.58GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

ads
Protector
Protector
Protector
Protector
Original title Protector
IMDb Rating 5.3 10 votes
TMDb Rating 7.2 14 votes

Director

Cast

Matthew Modine isColonel Joseph Lavelle
Colonel Joseph Lavelle
D. B. Sweeney isCaptain Michaels
Captain Michaels
Don Harvey isSullivan
Sullivan
Gabriel Sloyer isThe Chairman
The Chairman
Michael Stahl-David isDet. John Blake
Det. John Blake
Brooklyn Sudano isIA Officer Kelly
IA Officer Kelly
Texas Battle isSwat Team Leader Savoy
Swat Team Leader Savoy

ads

Similar titles

Second Case of Seetharam
Dude
Indera
Radhe
The Union
Kombuseevi
Brick
49
Tribanadhari Barbarik
Premante
Raayan
Bison Kaalamaadan

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On