Ads
ads

Video Sources 0 Views

  • Watch trailer
Scare Out

Scare Out

In the world of spies, no one is ever beyond suspicion.Feb. 17, 2026China104 Min.NR
Your rating: 0
6 1 vote

Synopsis

Scare Out (2026)

IMDB ⭐️ 5.4/10

“အနီးဆုံးရန်သူက အနက်ဆုံးဓားချက်ကို ထိုးနိုင်တာတဲ့”

Action Thriller နဲ့ Spy ကား အကြမ်းစားတွေ မျှော်နေတဲ့ ဘော်ဒါတို့အတွက် အာလူးမကြော်ဘဲ အပြတ်လှော်မဲ့ တရုတ် သူလျှိုအက်ရှင်ကားသစ်ကြီး “Scare Out”ကို ခုပဲ တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားကတော့ တခြားသူမဟုတ်ဘူး၊ Hero တို့၊ The Great Wall တို့ကို ရိုက်ခဲ့တဲ့ ကမ္ဘာကျော် ဒါရိုက်တာကြီး Zhang Yimou ရဲ့ လက်ရာအသစ်စက်စက်ပါ။ မင်းသားတွေကလည်း ပရိသတ်အချစ်တော် Jackson Yee နဲ့ Zhu Yilong တို့ အပြိုင်ကြဲထားတဲ့အပြင် မင်းသမီးတွေကလည်း Song Jia , Yang Mi နဲ့ Liu Shi Shi ဆိုတော့ cast နဲ့တင် တော်တော်တန်နေပါပြီ

ဇာတ်လမ်းက ဘယ်ကစလဲဆိုတော့… တရုတ်နိုင်ငံရဲ့ လျှို့ဝှက်အဆင့်ရှိတဲ့ ဆဌမမျိုးဆက် တိုက်လေယာဉ် နည်းပညာတွေနဲ့ ပတ်သက်တဲ့ အရေးကြီး သတင်းအချက်အလက်တွေ နိုင်ငံပြင်ပကို ပေါက်ကြားသွားရာကနေ စပါတယ်။

ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းဖို့ အမျိုးသားလုံခြုံရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ အသည်းအသန် လုပ်ပါတော့တယ်။ ဒါပေမဲ့ ပြဿနာက တရားခံကို ဖမ်းဖို့ စစ်ဆင်ရေးလုပ်တိုင်း တစ်ဖက်က ကြိုသိနေပြီး အဖမ်းအဆီးတွေ ဆက်တိုက် ကျရှုံးနေတာပါပဲ။

ဒီလိုနဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကျောက်ဟုန် တစ်ယောက် အမှန်တရားတစ်ခုကို ရိပ်မိသွားပါတယ်။ အဲဒါကတော့ သူတို့အဖွဲ့ထဲမှာတင် သတင်းတွေ ခိုးပေးနေတဲ့ “သစ္စာဖောက်” တစ်ယောက် ရှိနေတယ်ဆိုတာပါပဲ။

သံသယ အဝင်ခံရဆုံးကတော့ အဖွဲ့ရဲ့ အတော်ဆုံး အေးဂျင့်တွေဖြစ်တဲ့ ရန်တိနဲ့ ဟွမ်ခိုင်တို့ နှစ်ယောက်ပါ။

ဒါကိုစုံစမ်းဖို့ ကျောက်ဟုန်ကိုပဲ တာဝန်ပေးလာတဲ့အပြင် ရန်တိနဲ့ဟွမ်ခိုင်ဆိုတာ သူ့အတွက် မောင်တွေလို လုပ်ဖော်ကိုင်ဖက်လို ရင်းနှီးခဲ့သူတွေ ဖြစ်နေတဲ့အခါ…

High-tech နည်းပညာတွေ၊ Drone တွေ၊ CCTV တွေနဲ့ အမဲလိုက်သလို လိုက်ရှာကြမယ့်အပြင်၊ သေနတ်နဲ့ ဘတစ်ပြန်ကျားတစ်ပြန် ချတာထက် ဉာဏ်စမ်းပြီး အကွက်ချ ချကြတဲ့ Psychological War မျိုး သွားထားတာပါ။

“Infernal Affairs” လိုမျိုး သူလျှိုကားတွေ ကြိုက်တဲ့သူတွေ၊ Cat-and-Mouse လိုက်တမ်းပြေးတမ်း Thriller Vibe မျိုးကို ခိုက်တဲ့သူတွေဆိုရင် သဘောကျမယ့် ကားလေးပါပဲ။

ယုံကြည်မှုတွေ၊ သံယောဇဉ်တွေနဲ့ သစ္စာဖောက်မှုတွေကြားထဲက အသံတိတ်တိုက်ပွဲကြီးမှာ ဘယ်သူက တကယ့် “သစ္စာဖောက်” လဲဆိုတာကတော့…

Genre ….. Action, Crime, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.03GB / 2.15GB
Review ….. Venus
Translator ….. Venus
Encoder ….. Ray

Rainbow Channel

ads
Scare Out
Scare Out
Scare Out
Scare Out
Scare Out
Scare Out
Scare Out
Scare Out
Scare Out
Scare Out
Original title 惊蛰无声
IMDb Rating 5.5 487 votes
TMDb Rating 6.9 14 votes

Director

Zhang Yimou
Director

Cast

Zhu Yilong isHuang Kai
Huang Kai
Song Jia isZhao Hong
Zhao Hong
Yang Mi isBai Fan
Bai Fan
Zhang Yi isDirector Wang
Director Wang
Liu Shishi isXiao Yu
Xiao Yu
Liu Yaowen isJian Hao
Jian Hao
Lin Boyang isChen Yi
Chen Yi

ads

Similar titles

Sarzameen
Dirty Hands
The Wrecking Crew
Sikandar Ka Muqaddar
Time to Hunt
Vedaa
Superman
Vritta
Murder Mubarak
Altered
Mcoca
A Private Life

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On