Ads
ads

Video Sources 0 Views

  • Watch trailer
Tarung: Unforgiven

Tarung: Unforgiven

You're just a cock.May. 07, 2026NA100 Min.NR
Your rating: 0
7 1 vote

Synopsis

Tarung Unforgiven (2026)
===================

IMDB ⭐️ 6.5/10

“ပြိုင်ဘက်ကို အလဲထိုးဖိုထက် ကိုယ့်စိတ်ကိုယ် အနိုင်ယူဖိုက ပိုခက်တယ်…”

Action အကြမ်းစား၊ လက်သီးဗလာနဲ့ သွေးသံရဲရဲ Underground Fight တွေကြိုက်တဲ့ ဘော်ဒါတွေအတွက် အမိုက်စား မလေးရှား အက်ရှင်ဇာတ်ကားသစ်ကြီး တင်ဆက်ပေးလိုက်ပါပြီဗျာ။

ဒီကားမှာ မလေးရှားရဲ့ နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Bront Palarae, Zul Ariffin, Mierul Aiman နဲ့ Aedy Ashraf တို အားရပါးရ ဝင်ကြမ်းပေးထားပါတယ်။

ဒီကားလေးကတော့ သာမန်ကြမ်းရမ်းသတ်ပုတ် Action ကားသက်သက်မဟုတ်ဘဲ “You versus You” ဆိုတဲ့ ကိုယ့်စိတ်ထဲက အကြောက်တရားတွေနဲ့ အတ္တတွေကိုပါ ရိုက်ပြထားတာပါ။

ဇာတ်လမ်းကတော့ ဟတ်တာဆိုတဲ့ နိုင်ငံချန်ပီယံဟောင်း ဆီလတ်သိုင်းသမားတစ်ယောက်ဟာ ပြိုင်ပွဲတစ်ခုမှာ သူ့ရဲ့ပြိုင်ဘက်ကို မတော်တဆ သတ်မိသွားရာကနေ စပါတယ်။ ဒီဖြစ်ရပ်ဆိုးကြောင့် သူဟာ နောက်နောင် ဘယ်တော့မှ ပြိုင်ပွဲမဝင်တော့ဘူးဆိုပြီး သစ္စာဆိုခဲ့ပါတယ်။

ဒါပေမဲ့ ကံကြမ္မာက အေးအေးဆေးဆေး နေခွင့်မပေးပါဘူး။ သူ့ရဲ့ တစ်ဦးတည်းသော အစ်မ အပြင်းအထန် နေမကောင်းဖြစ်လာပြီး ဆေးကုသစရိတ်တွေ အများကြီး လိုအပ်လာတဲ့အခါ…

ပိုက်ဆံအရေးတကြီးလိုနေတဲ့ ဟတ်တာ့ဆီကို မြေအောက်လောကရဲ့ လူမိုက်ခေါင်းဆောင်တစ်ယောက်က ကမ်းလှမ်းလာပါတော့တယ်။ ညီမလေးရဲ့ ဆေးကုသစရိတ် အကုန်အကျခံမယ်၊ ဒါပေမဲ့ အလဲအလှယ်အနေနဲ့ မြေအောက်တိုက်ခိုက်ရေးကွင်းတွေမှာ သူ့အတွက် ဝင်တိုက်ပေးရမယ်ဆိုတဲ့ အပေးအယူနဲ့ပေါ့။

အစ်မရဲ့အသက်အတွက် ကိုယ့်ရဲ့သစ္စာကိုဖောက်ပြီး သွေးသံရဲရဲ တိုက်ပွဲတွေထဲ ပြန်ဝင်လာရတဲ့အခါ… သူ့ရဲ့ နောက်ဆုံးပြိုင်ဘက်က သူနဲ့တစ်ချိန်က အရင်းနှီးဆုံးဖြစ်ခဲ့ဖူးတဲ့သူတစ်ယောက် ဖြစ်နေမှန်း သိလိုက်ရတဲ့အချိန်မှာတော့…

ဟတ်တာတစ်ယောက် သူ့အတိတ်က အရိပ်မည်းကြီးကို ကျော်ဖြတ်နိုင်မလား၊ အစ်မကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမှာပါ။

Action ကြမ်းကြမ်းနဲ့ မြေအောက်တိုက်ပွဲတွေရဲ့ Vibe ကို အပြည့်အဝခံစားရမဲ့အပြင် ဇာတ်လမ်းဇာတ်ကွက်ကလည်း မိုက်တဲ့အတွက် Action Thriller ကောင်းကောင်း ရှာနေသူတွေအတွက် လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားပါပဲ။

Genre ….. Action, Crime, Drama
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 977.53MB / 1.86GB
Review ….. Venus
Translator ….. Venus
Encoder ….. SNNT

Rainbow Channel

Tarung: Unforgiven
Tarung: Unforgiven
Original title Tarung: Unforgiven
IMDb Rating 6.5 167 votes
TMDb Rating 8.2 4 votes

ads

Similar titles

Hot Spot
Motor City
Swag
The Beekeeper
Monay
Exterritorial
O’ Romeo
Saali Mohabbat
Bheema
Hari Hara Veera Mallu: Part 1 – Sword vs Spirit
The Last Viking
Your Fault

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On