![The Roundup Collection [Ma Dong-seok]](https://rmcmm.org/wp-content/uploads/2024/10/photo_2024-10-29_21-24-50-185x278.jpg)
The Deceased aka Almarhun (2025)
မြန်မာ့ဓလေ့မှာ လကွယ်နေ့မှာကွယ်လွန်သူကို ရက်မကူးခင်သဂြိုဟ်ရပါတယ်။ မဟုတ်ဘဲရက်ကူးမိတဲ့အခါ မိသားစုဝင်တွေနဲ့ ရပ်ကွက်ကိုခိုက်တတ်ပြီး လူတွေအပြုံလိုက်သေတတ်ကြတယ်လို အယူရှိပါတယ်။ ဒီဇာတ်ကားလေးကလည်း အလားသဏ္ဍာန်တူ အင်ဒိုနီးရှားအယူတစ်ခုအပေါ် အခြေခံထားတာဖြစ်ပါတယ်။
ရာဘာခြံသူဌေးကြီးတစ်ယောက်က သူ့သားသမီးတွေကို ပညာတတ်ကြီးဖြစ်စေချင်ခဲ့ပြီး သူ့သမီးနောက်ရက် ဘွဲယူမဲ့နေ့မှာ ဆုံးပါးသွားခဲ့ပါတယ်။ သူဆုံးပါးသွားတဲ့နေ့က မကောင်းတဲ့နေ့ရက်တစ်ရက်ဖြစ်နေပြီး ရိုးရာဓလေ့ မပြုလုပ်ပါက တမိသားစုလုံးပါ ၅ ရက်အတွင်း သေဆုံးတတ်တဲ့ အယူရှိပါတယ်။
ဒါပေမဲ့လည်း အငယ်သားသမီးနှစ်ယောက်သာ ထိုဓလေ့ကို ပြုလုပ်ခဲ့ပြီး မိသားစုထဲမှ တစ်ယောက်ပြီးတစ်ယောက် သေဆုံးလာကြတဲ့အခါ အသက်ရှင်အောင် ဘယ်လိုအဖြေရှာကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ အင်ဒိုသရဲကားအသစ်လေးပါ။
Genre ….. Horror, Thriller
Quality ….. 720P / 1080P (HEVC WEB-DL 5.1)
Review ….. နံနံပင်
Translator ….. နံနံပင်
Encoder ….. N.A.S
Rainbow Channel