
The Weight (2026)
==============
IMDB ⭐️ 6.8/10
ဖခင် တစ်ယောက်ရဲ့ အိမ်ပြန်လမ်း
စစ်သားဟောင်း မာဖီဟာ မတော်တဆမှု တစ်ခုကြောင့် ထောင်ကျ ခံလိုက်ရပြီး တစ်ဦးတည်းသော သမီးလေးနဲ့ ခွဲခွာလိုက်ရပါတယ်။
ထောင်ကနေ မြန်မြန် ထွက်နိုင်ဖို့ အလုပ်ကို ကြိုးစား လုပ်နေပေမဲ့ အချိန်တွေက ဆွဲဆန့် ထားသလို ရှည်လျားနေခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ အရာရှိ တစ်ယောက်က အလုပ်တစ်ခု လုပ်ပေးရင် ထောင်က ထွက်ခွင့် လက်မှတ် ထိုးပေးမယ်လို့ အပေးအယူ လုပ်ခဲ့ပါတယ်။
ဘာအလုပ်မှန်း မသိပေမဲ့ မာဖီအတွက်တော့ ဒါဟာ ရေနစ်နေတဲ့အချိန်မှာ ကောက်ရိုးမျှင်လေးပဲမို့ မတုံ့မဆိုင်း သဘောတူလိုက်ပါတော့တယ်။
တကယ်တော့ ဒီအလုပ်ဟာ ရွှေတွင်းက ရွှေတွေကို လုံခြုံအောင် ရွှေ့ပြောင်း ပေးဖို့ပါ။
ပြဿနာက ရွှေဆိုတာက လူတိုင်း တပ်မက်မောတဲ့ အရာဖြစ်ပြီး မာဖီတို့ အဖွဲ့ဟာ လူတိုင်းရဲ့ မျက်စိထဲမှာ ပျားရည်လေး တစ်စက်လို ဆွဲဆောင်မှု ရှိနေခဲ့ပါတယ်။
အလုပ်ရှင်ကလည်း သတ်မှတ်ထားတဲ့ နေရာကို ရွှေတစ်စ မကျန် သယ်လာနိုင်မှ ဖြစ်မယ်လို့ အမိန့်ပေးခဲ့ပြီး လမ်းတစ်လျှောက်က ပုရွက်ဆိတ်များစွာကလည်း ဝိုင်းဝိုင်းလည်နေတဲ့ အချိန်မှာ စစ်ပြန်ကြီးရဲ့ သမီးလေးဆီ အိမ်ပြန် ခရီးက ခရီးဆုံးထိ ရောက်နိုင်ပါ့မလား ဆိုတာကို မာဖီတို့ အဖွဲ့နဲ့ အတူတူ စွန့်စားခန်း ထွက်ကြည့်ကြရအောင်ပါလား။
Genre ….. Drama, Thriller
Quality ….. 720P / 1080P WEB-DL AAC 5.1 (HEVC)
File Size ….. 1.14GB / 2.19GB
Review ….. Kera
Translator ….. Kera
Encoder ….. SNNT
Rainbow Channel