Ads
ads

Video Sources 0 Views

  • Watch trailer
The Woman in the White Car

The Woman in the White Car

It's not her fault.Oct. 29, 2025KR108 Min.NR
Your rating: 0
9 1 vote

Synopsis

The Woman In The White Car (2025)

IMDB ⭐️ 6.9/10 တောင် ရရှိထားတဲ့ အချဉ်မဟုတ် စိမ့်နေတဲ့အရသာ

plot twist အမိုက်စားကြီးနဲ့ အချိန်ပေးရကျိုးနပ်စေမဲ့ကား

အတိတ်က ဒဏ်ရာတွေက ကိုယ့်ကို အကျဉ်းချထားတာလား..
ဒါမှမဟုတ် ကိုယ်တိုင်ကပဲ အကျဉ်းကျခံနေတာလား..

နှင်းတွေဖုံးနေတဲ့ တောင်ပေါ်လမ်းမထက်က လျှို့ဝှက်ချက်တစ်ခုနဲ့ အမျိုးသမီးသုံးယောက်ရဲ့ ကံကြမ္မာ..

Mystery နဲ့ Thriller ကို အနုပညာဆန်ဆန် ပေါင်းစပ်ပြီး
နှလုံးသားကို တုန်လှုပ်စေမဲ့ The Woman In The White Car

ဒီဇာတ်ကားမှာ Princess Ja Myung Go ထဲက မင်းသမီးချော Jung Ryeo-won က ဒဏ်ရာအပြည့်နဲ့ နိုဘယ်လ်ဆုရ စာရေးဆရာမ ဒိုဂယောင်းအဖြစ် ပါဝင်ထားပါတယ်။ သူ့ရဲ့ Partner စုံထောက် ဟျွန်းဂျူအဖြစ် Lee Jung-eun (Parasite မင်းသမီးကြီး) က ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ အားဖြည့်ပေးထားပြီး၊ ဒိုဂယောင်းရဲ့ အစ်မ အွန်းဆောအဖြစ် Kim Jeong-min ကလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ထားပါတယ်။ ဒါရိုက်တာ Ko Hye-jin က သူရဲ့ ပထမဆုံး ရုပ်ရှင်အဖြစ် အမျိုးသမီးတွေရဲ့ စိတ်ဒဏ်ရာနဲ့ အချင်းချင်း ကယ်တင်ပုံကို ရိုက်ချက်အလန်းစားတွေနဲ့ တင်ဆက်ထားတာပါ။

ဇာတ်လမ်းကတော့ နှင်းတွေအရမ်းကျနေတဲ့ မနက်မှာ သွေးအိုင်ထဲက အမျိုးသမီးတစ်ယောက်ကို ကားပေါ်တင်ပြီး ဆေးရုံကို အသည်းအသန် မောင်းလာတဲ့ ဒိုဂယောင်းရဲ့ မြင်ကွင်းကနေ စတင်ထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ထွက်ဆိုချက်တွေက တစ်ခုနဲ့တစ်ခု မကိုက်ညီဘဲ ဝေဝါးနေတဲ့အခါမှာတော့ စုံထောက် ဟျွန်းဂျူက ဒီအမှုရဲ့ နောက်ကွယ်က အမှန်တရားကို စတင်စုံစမ်းပါတော့တယ်။

အေးစိမ့်နေတဲ့ ဆောင်းရာသီ တောင်ပေါ်ဒေသရဲ့ အလှတရားနဲ့အတူ ရင်တထိတ်ထိတ် ဖြစ်စေမဲ့ Suspense တွေကို အချိုးကျကျ ပေါင်းစပ်ထားတာမို့ သာမန် Mystery ကားတွေလို လူသတ်သမားကိုပဲ လိုက်တာမျိုး မဟုတ်ဘဲ၊ အမျိုးသမီး သုံးယောက်ရဲ့ အတိတ်က နာကျင်စရာ trauma တွေကို တစ်လွှာချင်း ခွာပြသွားတဲ့ Cinematic Style က တကယ့်ကို ရင်ထဲရောက်စေမှာပါ။

တကယ်လို့ ပရိသတ်ကြီးက Suspense ကိုမှ ကိုယ်တိုင် အမှုလိုက် အဖြေရှာရတာ ကြိုက်တယ်ဆိုရင်တော့ ၁ နာရီခွဲကျော်ကြာ ခံစားကြည့်ရှုရမဲ့ ဒီဇာတ်ကားလေးက ဆန်းသစ်တဲ့ ရသအသစ်တစ်မျိုး ဖွင့်ဆိုပေးသွားမှာမို့ အခုပဲ ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

Genre ….. Mystery, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 866.03MB / 2.01GB
Review ….. Bom
Translator ….. Bom
Encoder ….. Ray

Rainbow Channel

ads
The Woman in the White Car
The Woman in the White Car
Original title 하얀 차를 탄 여자
IMDb Rating 6.8 99 votes
TMDb Rating 6.3 3 votes

Director

Christine Ko
Director

Cast

Jang Jin-hee isMi-gyeong
Mi-gyeong
Lee Hwi-jong isYong-jae
Yong-jae

ads

Similar titles

The Killer
Killing Faith
Nikita Roy
Veera Dheera Sooran: Part 2
Alma & the Wolf
Amaravathiki Aahvanam
The Thursday Murder Club
The Shadow’s Edge
Primate
Delivery Run
Cleaner
Founders Day

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On