Ads
ads

Video Sources 0 Views

  • Watch trailer
Unexpected Family

Unexpected Family

Jan. 01, 2026121 Min.
Your rating: 0
7 1 vote

Synopsis

Unexpected Family (2026)

IMDB ⭐️ 6.7/10

ပြည်သူ့ချစ်မင်းသားကြီးဂျက်ကီချန်းကားသစ်လာပါပြီဗျ ဒီကားထဲမှာတော့ ကျွန်တော်တို့ငယ်ငယ်က မြင်တွေ့နေကျရယ်စရာသိုင်းချခန်းတွေနဲ့ ဂျက်ကီချန်းမဟုတ်တော့ဘဲ နွေးထွေးပြီး လူတိုင်းကို ကြင်နာတတ်တဲ့အဘိုးကြီးတစ်ယောက် ရန့်ကျိချင်းအနေနဲ့ သရုပ်ဆောင်ထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့ ….

ငယ်ငယ်ကတည်းက မိဘတွေဆုံးရှုံးသွားပြီး အဘွားလက်ထဲမှာပဲကြီးပြင်းခဲ့ရတဲ့လူငယ်လေးကျုံးပုဖန်ဟာ သူရဲ့ အဘွားဆုံးပါးသွားပြီးနောက် အဘွားရဲ့ဆန္ဒကို လိုက်လျောတဲ့အနေနဲ့ သူရဲ့အဘွားမွေးရပ်မြေဝူဟန်ကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့အဘွားကို မြှုပ်နှံဖို့အတွက် ဝူဟန်ကသင်္ချိုင်းမြေစျေးခေါင်ခိုက်နေလွန်းတာကြောင့် မတတ်နိုင်ဘဲ အဲဒီမြို့လေးမှာပဲ ယာယီအလုပ်ရှာရင်း ကားဝပ်ရှော့ဆရာကျားဆီမှာ အလုပ်ရသွားပါတော့တယ်။ ဒီလိုနဲ့ ဆရာကျားအကူအညီနဲ့ သူဟာ အဘိုးကြီးရန့်ကျိချင်းအိမ်မှာ လာနေဖို့အကြောင်းဖန်လာခဲ့ပါတယ်။ အဘိုးကြီးရန့်ကျိချင်းဟာ ကြင်နာတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး အယ်ဇိုင်းမားရောဂါကို ခံစားနေရတဲ့ အထီးကျန်ဝေဒနာရှင်တစ်ယောက်ဖြစ်ပါတယ်။ ကျုံးပုဖန်းရောက်လာပြီး‌နောက် သူရဲ့သားဖြစ်သူရန့်ကျွမ့်ကျွမ့်နဲ့ အမှတ်မှားသွားမိသွားတဲ့အခါ …

တစ်ခဏတာသားအဖြစ်ဟန်ဆောင်ပေးရင်း ကျုံးပုဖန်းဟာ ထိုတိုက်ကြီးထဲက ရန့်ကျိချင်းကို စောင့်ရှောက်ပေးနေသူ ဆုရှောင်ယွဲ့နဲ့ ဒေါ်လေးကျင်းတို့နဲ့အတူ ဘယ်လိုမျိုးဆက်သရုပ်ဆောင်သွားကြမလဲ။ သူငယ်ပြန်နေတဲ့အဘိုးကြီးတစ်ယောက်ကို သူတို့လေးယောက်ကြိုးစားပြုစုကြရင်း အစပိုင်းမှာတော့ အလွဲလွဲအချော်ချော်တွေဖြစ်ကြပေမဲ့ အဘိုးကြီးရဲ့သားဖြစ်သူအကြောင်းကိုသိလိုက်ရပြီးနောက် သူတို့တတွေ ဘယ်လိုစည်းစည်းလုံးလုံးနဲ့မိသားစုလေးသဖွယ်ဆက်သရုပ်ဆောင်ကြမလဲဆိုတာကို မိသားစုဒရာမာဆန်ဆန်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းလေးထဲမှာ ငယ်စဥ်က သားဖြစ်သူ ရန့်ကျွမ့်ကျွမ့်ကို ကမ္ဘာ့အလေးမချန်ပီယံဖြစ်ချင်ဇောနဲ့ မိမိအလိုကိုသာ ရှေ့တန်းတင်ခဲ့ပြီး အသက်ကြီးလာတဲ့အခါမှာလည်း ငယ်စဥ်က မိမိအမှားတွေကို နောင်တတွေရပြီး သားဖြစ်သူပြန်အလာကိုစောင့်ရင်း ရူးနေတဲ့ဖခင်ကြီးအဖြစ် ဂျက်ကီချန်း၊ ငယ်စဥ်က မိဘမေတ္တာကို မရခဲ့ဘဲ အဘွားရဲ့စောင့်ရှောက်ပေးမှုကြောင့်အရွယ်ရောက်လာခဲ့ပေမဲ့ ရန့်ကျိချင်းနဲ့တွေ့ပြီးနောက်ပိုင်း ရန့်ကျွမ့်ကျွမ့်နေရာမှာ ခဏတာသရုပ်ဆောင်ပေးရင်း မရခဲ့ဖူးတဲ့မိဘမေတ္တာတွေကို ရရှိလာတဲ့အခါ တဖြည်းဖြည်း အဘိုးကြီးကိုသံဃောဇဥ်တွယ်သွားခဲ့သောကျုံးပုဖန်အဖြစ် Peng Yuchang က အဓိကပါဝင်သရုပ်ဆောင်ထားပြီး မိမိကိုငွေထုတ်စက်လိုပဲ သဘောထားတာကြောင့် အိမ်ကနေဆင်းလာခဲ့တဲ့ ဆုရှောင်ယွဲ့အဖြစ် Zhang Jianing ၊ ရန့်ကျိချင်းကို ဆယ်စုနှစ်ပေါင်းများစွာမေတ္တာသက်ဝင်စိတ်ကြောင့် စောင့်ရှောက်ပေးနေတဲ့ဒေါ်လေးကျင်းအဖြစ် Li Ping တို့က ပါဝင်သရုပ်ဆောင်ထားခြင်းဖြစ်ပါတယ်။

ဇာတ်လမ်းလေးမှာ စလယ်ဆုံးဇာတ်ရှိန်လေးတစ်ချက်လေးတောင်မလျော့သွားဘဲ ရင့်နင့်ဖွယ်အယ်ဇိုင်းမားရောဂါသည်ကြီးရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတာမလို့ ဇာတ်အိမ်ကောင်းကောင်း၊ မိသားစုကားများကြိုက်နှစ်သက်သူများအဖို့ ရွေးချယ်ကြည့်ရှု့သင့်တဲ့ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။

Genre ….. Comedy, Drama
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.23GB / 2.11GB
Review ….. Flores
Translator ….. Flores
Encoder ….. SNNT

Rainbow Channel

ads
Unexpected Family
Unexpected Family
Unexpected Family
Unexpected Family
Original title 过家家
TMDb Rating 7.833 6 votes

Director

Li Taiyan
Director

Cast

Jackie Chan isRen Jiqing
Ren Jiqing
Peng Yuchang isZhong Bufan
Zhong Bufan
Karlina Zhang isSu Xiaoyue
Su Xiaoyue
Li Ping isJin Zhengu
Jin Zhengu
Liu Mintao isLi Huiling
Li Huiling
Danny Ray isDa Mai
Da Mai
Niu Ben isWang Deshun
Wang Deshun
Feng Bing isDr. Wu
Dr. Wu

ads

Similar titles

How to Solve Your Own Murder
Arjun Chakravarthy: Journey of an Unsung Champion
10 Lives
Tell Me What You Want
F Valentine’s Day
Kingdom: Ashin of the North
Death of a Unicorn
Fast Racing Jazz
Mindiyum Paranjum
Warrior Awang and Master Tok Gajah
Sarvam Maya
Girls on Film

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On