Ads
ads
Worldbreaker

Worldbreaker

Oct. 30, 2025USA95 Min.R
Your rating: 0
9 1 vote

Synopsis

Worldbreaker (2025)

Post apocalyptic Survival ဇာတ်ကားအမျိုးအစားတွေ ခေတ်စားလာတာဆိုတော့ ဒီလို genre နဲ့ နာမည်ကြီးလာတဲ့ Resident Evil မင်းသမီးကြီး Milla Jovovich ရဲ့ ကြမ်းကြမ်းရမ်းရမ်း ဇာတ်ကားလေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။

တစ်ချိန်က တောက်ပစိမ်းစိုနွေးထွေးလင်းလက်ခဲ့တဲ့ ကမ္ဘာကြီးဟာ ခုချိန်မှာတော့ အမှောင်ထုထဲကို နစ်မြုပ်ပြီး အစာရေစာရှားပါးလို့ အန္တရာယ်အသီသီဝန်းရံနေတဲ့ အမှောင်ခေတ်ကာလတစ်ခုကိုရောက်ရှိနေတဲ့အချိန်

ဒါတွေအားလုံးကတော့ လူသားတွေရဲ့လုပ်ရပ်ကြောင့် ဆီးနှင်းတွေအရည်ပျော် ရေခဲတောင်တွေပြိုကျရာကနေ ကမ္ဘာမြေကြီးမှာ အက်ကွဲကြောင်းတွေပေါ်လာပြီး ကမ္ဘာ့အတွင်းဆုံးကနေ Breakers လို့ခေါ်တဲ့ လူသားစားအဖျက်ကောင်‌တွေ ထွက်ပေါ်လာလို့ပါပဲ။

ဒီအချိန်မှာ လူသားတွေကို ဦးဆောင်လို့ ဒီအဖျက်ကောင်တွေကို နှိမ်နှင်းပေးခဲ့တယ်ဆိုတဲ့ ကိုဒီယက်ရဲ့ဒဏ္ဍာရီတွေဟာ ရှင်ကျန်ရစ်ခဲ့တဲ့လူသားတွေအတွက်တော့ ရေနစ်နေသူအတွက် ကောက်ရိုးတစ်မျှင်ပေါ့။

ဒဏ္ဍာရီဆိုတဲ့အတိုင်းပဲ ဒီကိုဒီယက်က ဘယ်သူဘယ်ဝါလဲ အသက်ရှင်နေလား သေပြီလားဆိုတာတွေကိုတော့ ဘယ်သူမှမသိပါဘူး။

ထူးဆန်းတဲ့အချက်က Breaker တွေနဲ့ တိုက်ခိုက်ရင်း ထိခိုက်ရှနာဖြစ်ခဲ့ရင် ယောက်ျားသားတွေကတော့ Hybrids လို့ခေါ်တဲ့ မျိုးစပ်သတ္တဝါဆိုးတွေအဖြစ် ပြောင်းလဲကုန်ပြီး အမျိုးသမီးတွေကျတော့ ဒီလိုပြောင်းလဲနိုင်ခြေနည်းပါးတဲ့အတွက် မိန်းမတွေကတိုက်ခိုက်ရေးတာဝန်ယူထားရတာပေါ့။

ဒီလိုတိုက်ခိုက်ရေးအဖွဲ့ရဲ့ခေါင်းဆောင်ကတော့ ဝီလာရဲ့အမေဖြစ်သူပါ။

အမေဖြစ်သူက သူတို့နဲ့အတူ အချိန်မပေးနိုင်ပေမဲ့ ဝီလာကတော့ အဖေဖြစ်သူရဲ့ ကိုဒီယက်ဒဏ္ဍာရီတွေကြားမှာ မျှော်လင့်ချက်တွေနဲ့ ကြီးပြင်းခဲ့ရပြီးတော့ အမေ့လိုသူရဲကောင်းဖြစ်ချင်နေသူပေါ့။

ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ အဖျက်ကောင်တွေ အလုံးအရင်းနဲ့ဝင်တိုက်တာကို ခုခံဖို့ အမေဖြစ်သူကကျန်နေခဲ့ပြီး ဝီလာကတော့ အဖေဖြစ်သူနဲ့ ကျွန်းငယ်လေးဆီ ထွက်ပြေးရဖို့ဖြစ်လာချိန်မှာတော့…..

Genre ….. Action, Sci-Fi
Quality ….. 720P / 1080P / 4K WEB-DL 5.1 (HEVC)
File Size ….. 814.63MB / 1.56GB / 3.71GB
Review ….. Venus
Translator ….. Venus
Encoder ….. N.A.S

Rainbow Channel

ads
Worldbreaker
Worldbreaker
Worldbreaker
Worldbreaker
Worldbreaker
Original title Worldbreaker
IMDb Rating 4 340 votes
TMDb Rating 6.1 15 votes

ads

Similar titles

The Wrecking Crew
Good Luck, Have Fun, Don’t Die
The Shallows
Brothers
Vidaamuyarchi
Decibel
Sisu
War of the Worlds
Darwin
72 Hours
Narivetta
Fighter

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On