
Doctor X: Mafia in White (2026) 🩺🔥
=================================
Queen of Tears အပြီး စောင့်မျှော်နေကြတဲ့ Kim Ji Won ရဲ့ Medical Political Thriller ကားသစ်လေး ရောက်လာပါပြီ.. 🖤
“အဖြူရောင်ဝတ်ရုံတွေရဲ့ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အမှောင်ရိပ်တွေကို ခွဲစိတ်ခန်းသုံး ဓားတစ်ချောင်းနဲ့ အဆုံးသတ်နိုင်ပါ့မလား..”
လူနာအသက်ထက် အာဏာ၊ ငွေကြေးနဲ့ ဂုဏ်ဒြပ် ကို ပိုအရေးထားနေတဲ့ White Mafia တွေကြားထဲကို ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ လူနာကိုသာ ဦးစားပေးတဲ့ Genius Surgeon ဂယ်ဆူဂျောင်း (Kim Ji Won) ရောက်လာတဲ့အခါ..
Guseo University Hospital တစ်ခုလုံးရဲ့ ငြိမ်သက်နေတဲ့ ရေပြင်က လှုပ်ခတ်လာပါတော့တယ်.. 🔥
သူမက ကိုယ့်ရဲ့ ဓားတစ်ချောင်းနဲ့ အရည်အချင်းကိုပဲ ယုံကြည်ပြီး ဆေးရုံထဲက အာဏာရှင်တွေ၊ အကျိုးအမြတ်ရှာနေတဲ့ White Mafia တွေကို တစ်ယောက်တည်း ရင်ဆိုင်သွားမှာပါ။ 🩸
တစ်ဖက်မှာတော့ Lee Jung Eun က ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုအေဂျင်စီအကြီးအကဲ ဂျန်ဟီးဆော့အဖြစ်၊ Son Hyun Joo က ဆေးရုံအာဏာစက်ရဲ့ ထိပ်သီး ဘူဆောင်းဂွမ်အဖြစ် ပါဝင်ထားပြီး Kim Woo Seok တို့လို သရုပ်ဆောင်ကောင်းတွေကိုလည်း တွဲဖက်မြင်တွေ့ရမှာပါ။
Medical + Political Thriller + Mystery ကို ပေါင်းစပ်ထားပြီး ဆေးရုံထဲမှာ ဘယ်သူက တကယ့်ဆရာဝန်လဲ.. ဘယ်သူက White Mafia လဲ ဆိုတာကို ဖော်ထုတ်သွားမဲ့ Doctor X: Mafia in White ကို Suspense ဇာတ်လမ်းကောင်းတွေ ကြိုက်တဲ့သူတွေ လက်မလွှတ်သင့်ပါဘူးနော်.. 🩺❤️🔥
အပိုင်း ၁၂ ပိုင်းနဲ့ Friday-Saturday တိုင်းမှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
Genre ….. Crime, Drama, Mystery
Quality ….. 720P / 1080P WEB-DL (H264)
File Size ….. 600MB / 1.2GB
Episode ….. 12
Network ….. SBS
Review ….. Bom
Translator ….. RMC K Team
Encoder ….. Ray
Rainbow Channel