
Merry Berry Love (2026) 🍓❤️
==========================
ကိုယ်တို့ရဲ့ K2 မင်းသားနဲ့ ဂျပန်မင်းသမီးလေးတို့ရဲ့ healing drama အသစ်လေး..
“အချစ်ဆိုတာလည်း စတော်ဘယ်ရီလိုပဲ..
ချိုမယ်ထင်ရင် ချဉ်သွားတတ်သလို၊ ချဉ်နေတယ်ထင်ရင်လည်း တစ်နေ့မှာ ချိုလာနိုင်တယ်..”
အောင်မြင်တဲ့ဘဝတစ်ခုကို တစ်ညတည်းနဲ့ ဆုံးရှုံးသွားပြီး ကိုယ့်ဘဝကို ပြန်စတင်ဖို့ ဂျပန်နိုင်ငံရဲ့ ကျွန်းငယ်လေးတစ်ကျွန်းကို ရောက်လာတဲ့ Korean ကောင်လေးနဲ့..
အဘိုးရဲ့ စတော်ဘယ်ရီခြံလေးကို ထိန်းသိမ်းရင်း ကိုယ့်အိပ်မက်အတွက် ကြိုးစားနေတဲ့ Japanese ကောင်မလေးတို့ရဲ့ ချစ်စရာကောင်းတဲ့ Island Romance လေး.. 🍓
Lee Yubin ကတော့ အောင်မြင်တဲ့ Spatial Designer တစ်ယောက်အဖြစ် ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနေခဲ့သူ..
ဒါပေမဲ့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် အလုပ်၊ ငွေကြေးနဲ့ ကိုယ့်ရဲ့ဘဝအောင်မြင်မှုတွေ အားလုံးကို ဆုံးရှုံးလိုက်ရပြီး အရာအားလုံးကနေ ထွက်ပြေးဖို့ Japan ကျွန်းလေးတစ်ကျွန်းကို ရောက်လာပါတော့တယ်။
အဲဒီမှာတော့ သူ့အဘိုးရဲ့ စတော်ဘယ်ရီခြံလေးကို ဆက်လက်ထိန်းသိမ်းနေတဲ့ Shirahama Karin နဲ့ ဆုံတွေ့ခဲ့ပါတယ်။
Karin ကတော့ အပြင်ပန်းမှာ ရိုးရိုးရှင်းရှင်းနဲ့ ချစ်စရာကောင်းပေမဲ့ ကိုယ့်အိပ်မက်အတွက်ဆိုရင် ဘယ်လောက်ခက်ခဲပါစေ လက်မလျှော့တတ်တဲ့ မိန်းကလေးလေး..
အရာရာကို ဆုံးရှုံးပြီး ဘဝကို စိတ်ကုန်နေတဲ့ Yubin နဲ့ ဘဝကို အပြုံးလေးနဲ့ ရင်ဆိုင်နေတဲ့ Karin..
တစ်ယောက်က မြို့ပြဘဝကို ကြိုက်သူ၊ တစ်ယောက်ကတော့ သဘာဝနဲ့ စတော်ဘယ်ရီခြံလေးကြားမှာ ပျော်ရွှင်နေသူဆိုတော့ နှစ်ယောက်ဆုံတဲ့အခါ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘူးလို့ ထင်ရပေမဲ့.. 😆
အထင်အမြင်လွဲတာတွေ၊ စကားများတာတွေ၊ တစ်ယောက်ကိုတစ်ယောက် စိတ်တိုတာတွေကနေ တဖြည်းဖြည်းနဲ့ အချင်းချင်းရဲ့အကြောင်းကို နားလည်လာကြတဲ့အခါမှာတော့..
မသိမသာနဲ့ “အတူရှိနေရတာ သက်သောင့်သက်သာဖြစ်လာတဲ့လူ” တစ်ယောက် ဖြစ်လာပါတော့တယ်။ ❤️
Ji Chang Wook နဲ့ Japanese မင်းသမီး Imada Mio တို့ရဲ့ Main Couple Chemistry ကို ကြည့်ရမှာဖြစ်သလို Nam Yoon Su နဲ့ Rinka Kumada တို့ရဲ့ Romance Line လေးကိုလည်း တွဲဖက်ကြည့်ရှုရမှာပါ။
အထူးသဖြင့် ဒီကားရဲ့ Island Setting လေးက တကယ်ကို စိတ်အေးချမ်းစရာကောင်းပြီး 🌿🍓
စတော်ဘယ်ရီခြံလေးတွေ၊ ကျွန်းလေးရဲ့ သဘာဝအလှတွေ၊ နွေးထွေးတဲ့ လူနေမှုဘဝလေးတွေနဲ့အတူ တစ်ယောက်ရဲ့ဘဝကို တစ်ယောက် ဖြည်းဖြည်းချင်း ပြန်တည်ဆောက်ပေးသွားမဲ့ Healing Romance လေးဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။
အသည်းကွဲစရာတွေ၊ Drama အများကြီးနဲ့ စိတ်ပင်ပန်းစရာတွေထက်..
အေးအေးဆေးဆေးကြည့်ရင်း ပြုံးမိစေမဲ့ Romance၊ ကြည့်ရင်း စိတ်နွေးထွေးလာမဲ့ Character တွေ၊ လှပတဲ့ Scenery လေးတွေနဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုကို ရှာနေတယ်ဆိုရင်တော့..
Yubin နဲ့ Karin တို့ရဲ့ ချိုချဉ်လေးနဲ့ Romance လမ်းခရီးကို Merry Berry Love နဲ့အတူ အတူတူ လိုက်ကြည့်လိုက်ကြရအောင်နော်။ 🍓🥰
Genre ….. Comedy, Drama
Quality ….. 720P / 1080P WEB-DL (H264)
File Size ….. 600MB / 1.2GB
Episode ….. 10
Network ….. NTV
Review ….. Bom
Translator ….. RMC K Team
Encoder ….. Ray
Rainbow Channel