
ပါစီဂျက်ဆင်၏စွန့်စားခန်းများ အတွဲ ၂
လူချောလေးမောင်ပါစီအတွဲ ၁ မှာ တော်တော်လေး လူကြိုက်များပြီး feedback ကောင်းတွေ ပိုင်ဆိုင်ထားရအပြီးမှာတော့ မစ်ရှင်သစ် တာဝန်သစ်တွေနဲ့အတူ အတွဲ ၂ ထွက်ရှိလို့လာပါပြီ
IMDb 7.0 အထိ ရထားတဲ့ အတွဲ ၁ က အတွဲ ၂ မှာရော tempo ဆက်ထိန်းနိုင်မလားဆိုတာ ရှုစားကြပါဦး
စီဆင် ၁ ရဲ့အဆုံးမှာ ပါစီတစ်ယောက် ဇုစ်ရဲ့ Bolt ကို ပြန်လည်ပေးအပ်ပြီး ဇုစ်နဲ့ ပိုဆိုင်ဒွန်တို့ရဲ့ ထိပ်တိုက်ရင်ဆိုင်မှုအပြီးမှာတော့ ဇုစ်အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် ပါစီတစ်ယောက် သူ့အမေနဲ့ပြန်ဆုံဆည်းရင်းနဲ့ ကျောင်းပြန်တက်ပြီး ဂရိုဗာကလည်း ပန်ကိုရှာဖို့အသွား အန်နာဘက်ကလည်း သူ့ရဲ့မိဘတွေနဲ့ ပြန်ဆုံချိန်မှာပေါ့
ဒီအချိန်မှာ ပါစီနဲ့ သူ့ရဲ့ညီ တိုင်ဆင်တို့ ကျောင်းသွားတဲ့လမ်းမှာ ဂရေးညီအစ်မရဲ့တက္ကစီနဲ့တွေ့ပြီး တက္ကစီပေါ်မှာ ပါလာတာကတော့ အန်နာဘက်ရယ်ပါ။
အန်နာဘက်က သူ့ရဲ့ ရှေ့ပြေးနိမိတ်အိပ်မက်အကြောင်းပြောပြီးတော့ သူတို့ရဲ့သွေးနှောစခန်း အန္တရာယ်ကျရောက်နေတဲ့အကြောင်းပြောပြီး ဂရေးညီအစ်မရဲ့တက္ကစီနဲ့ စခန်းကို သုတ်ခြေတင်ခရီးနှင်လာချိန်မှာ လိုက်စထရီဂိုနီယန်းတွေ တိုက်ခိုက်တာခံရပါတော့တယ်။
လိုက်စထရီဂိုနီယန်းတွေနဲ့ အလုပ်ရှုပ်နေတုန်းမှာ အတွဲ ၁ တုန်းက ပါစီတို့နဲ့ခွာပြဲသွားတဲ့လုခ်က သာလီယာသစ်ပင်ကို အဆိပ်ခတ်သွားတဲ့အတွက် စခန်းရဲ့မှော်အရံအတား ပျက်စီးသွားပါတော့တယ်။
တစ်ဖက်ကလည်း ဂရိုဗာတစ်ယောက် ပန်ကိုလိုက်ရှာရင်းနဲ့ ပင်လယ်မိစ္ဆာကြီးဆီမှာ အဖမ်းခံထားရပြီး ပါစီနဲ့စိတ်ချင်းဆက်သွယ်ပြီး အကူအညီတောင်းပါတော့တယ်။
ဒီတော့ အမောင်ပါစီ အန်နာဘက်နဲ့ ညီတော်မောင် တိုင်ဆင်တို့နဲ့အတူ သာလီယာသစ်ပင်ကြီးကို ပြန်ရှင်သန်အောင်လုပ်ဖို့ ဂရိုဗာကို ကယ်တင်ဖို့ စွန့်စားခန်းဖွင့်ကြပါတော့တယ်။
ကဲ ဒီတစ်ခါမှာရော ပါစီတို့ ဘယ်လိုအန္တရာယ်တွေကြုံရပြီး ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာ ရှုစားကြပါဦး။
Genre ….. Action, Drama, Family, Sci-Fi, Fantasy
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 500MB / 1GB
Episode ….. 8
Review ….. Venus
Translator ….. Venus
Encoder ….. N.A.S
Rainbow Channel
| Episode | Quality | Download |
|---|---|---|
| 01 | 720P | Yoteshin Telegram Megaup Terabox |
| 01 | 1080P | Yoteshin Telegram Megaup Terabox |
| 02 | 720P | Yoteshin Telegram Megaup Terabox |
| 02 | 1080P | Yoteshin Telegram Megaup Terabox |
| 03 | 720P | Yoteshin Telegram Megaup Terabox |
| 03 | 1080P | Yoteshin Telegram Megaup Terabox |
| 04 | 720P | Yoteshin Telegram Megaup Terabox |
| 04 | 1080P | Yoteshin Telegram Megaup Terabox |
| 05 | 720P | Yoteshin Telegram Megaup Terabox |
| 05 | 1080P | Yoteshin Telegram Megaup Terabox |
| 06 | 720P | Yoteshin Telegram Megaup Terabox |
| 06 | 1080P | Yoteshin Telegram Megaup Terabox |
| 07 | 720P | Yoteshin Telegram Megaup Terabox |
| 07 | 1080P | Yoteshin Telegram Megaup Terabox |
| 08 | 720P | Yoteshin Telegram Megaup Terabox |
| 08 | 1080P | Yoteshin Telegram Megaup Terabox |
========== END ==========
Percy Jackson and the Olympians (2026) Season 3
====================================
“နတ်ဘုရားတွေတောင် ကျရှုံးနိုင်တဲ့ တိုက်ပွဲ… အိုလံပက်စ်ရဲ့ ကံကြမ္မာက သွေးနှောတွေရဲ့ လက်ထဲမှာပဲ ရှိတော့တဲ့အခါ…”
ဂရိဒဏ္ဍာရီနဲ့ ခေတ်သစ်စွန့်စားခန်းတွေကို အလန်းစားပေါင်းစပ်ထားတဲ့ Disney+ ရဲ့ နာမည်ကြီး Fantasy Adventure စီးရီး Percy Jackson and the Olympians ရဲ့ Season 3 ကတော့ ပူပူနွေးနွေး ထွက်ရှိလာပါပြီ။
Season 3 ကို မသွားခင် ရှေ့ကဇာတ်ကြောင်းလေး နည်းနည်းပြန်ကောက်ရမယ်ဆိုရင်တော့…
Season 1 တုန်းက ပင်လယ်နတ်ဘုရား ပိုဆိုက်ဒွန်ရဲ့သား ပါစီဂျက်ဆန်တစ်ယောက် သူ့ရဲ့ဇစ်မြစ်အမှန်ကို သိလိုက်ရပြီး ဇုစ်ရဲ့ မိုးကြိုးသွားကို ပြန်ရှာပေးရင်းနဲ့ လုခ်ရဲ့ သစ္စာဖောက်မှုကို ဖော်ထုတ်နိုင်ခဲ့ကြတယ်။
Season 2 (The Sea of Monsters) မှာတော့ အဖမ်းခံထားရတဲ့ သူငယ်ချင်း ဂရိုဗာကို ကယ်ဖို့နဲ့ Half-Blood စခန်းကို ကာကွယ်ပေးထားတဲ့ သာလီယာသစ်ပင်ကို ကုသဖို့အတွက် ဘာမြူဒါတြိဂံလို အန္တရာယ်များတဲ့ ပင်လယ်ပြင်ထဲအထိ သွားပြီး ရွှေသိုးမွေးကို အရယူခဲ့ကြတာ မှတ်မိကြဦးမှာပါ။
ဒါပေမဲ့ ရွှေသိုးမွေးရဲ့ အစွမ်းက ထင်ထားတာထက် ပိုပြင်းသွားပြီး သစ်ပင်ဖြစ်နေတဲ့ ဇုစ်ရဲ့သမီး သာလီယာဂရေ့စ်တစ်ယောက် လူအဖြစ်နဲ့ ပြန်လည်ရှင်သန်လာခဲ့တာနဲ့ အဆုံးသတ်ခဲ့တာပေါ့။
ကဲ… အခု Season 3 မှာတော့ မူရင်းဝတ္ထုထဲက ပရိသတ်အကြိုက်ဆုံး အတွဲတစ်ခုဖြစ်တဲ့ “The Titan’s Curse” ကို အခြေခံပြီး ဇာတ်ရှိန်ကို အမြင့်ဆုံးထိ ဆွဲတင်ထားပါပြီ။
ဒီတစ်ခေါက်မှာတော့ တိုက်တန်ဘုရင် ခရိုနိုစ်ရဲ့ အန္တရာယ်က အရင်ကထက် ပိုနီးကပ်လာပါပြီ။ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် အန်နာဘက်တစ်ယောက် ပျောက်ဆုံးသွားသလို၊ အမဲလိုက်နတ်သမီး အာတီမစ်ကိုယ်တိုင်ပါ တိုက်တန် အက်တလပ်စ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့အခါ…
ပါစီ၊ ဂရိုဗာနဲ့ အသစ်ပြန်လည်ရှင်သန်လာတဲ့ သာလီယာတို့ဟာ အာတီမစ်ရဲ့ မိန်းမမုဆိုးအဖွဲ့နဲ့ ပူးပေါင်းပြီး အန်နာဘက်နဲ့ နတ်သမီးကို ကယ်တင်ဖို့ အန္တရာယ်အပြည့်နဲ့ စွန့်စားခန်းအသစ်တစ်ခုကို စတင်ရပါတော့တယ်။ ဒီကြားထဲမှာ ဇစ်မြစ်မသိရသေးတဲ့ ထူးခြားစွမ်းအားရှင် သွေးနှောမောင်နှမနှစ်ယောက်ဖြစ်တဲ့ နီကိုနဲ့ ဘီယန်ကာတို့ပါ ဇာတ်လမ်းထဲ ဝင်ရောက်လာတဲ့အခါ…
ဒီမဟာနိမိတ်ကြီးက ပါစီအတွက်ပဲလား၊ ဒါမှမဟုတ် ပြန်ရှင်လာတဲ့ သာလီယာအတွက်လား။ အိုလံပတ်စ်ကြီး မပြိုလဲခင် သူတို့အားလုံး အချိန်မီ ကယ်တင်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။
ဒီ Season မှာတော့ ကျွန်တော်တို့ရဲ့ အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Walker Scobell (Percy), Leah Sava Jeffries (Annabeth), Aryan Simhadri (Grover) တို့အပြင် Cast အသစ်တွေကလည်း ရှယ်အားဖြည့်ထားပါတယ်။ Logan နဲ့ Deadpool & Wolverine တို့ထဲက မင်းသမီးချော Dafne Keen က နတ်သမီး Artemis အဖြစ် ပါဝင်လာသလို၊ Ming-Na Wen (Hera), Kate McKinnon (Aphrodite) နဲ့ Holt McCallany(Atlas) တို့လို နာမည်ကြီးတွေပါ ပါဝင်ထားပါတယ်။
အရင် Season တွေထက် ပိုပြီး Dark ဖြစ်လာမယ်၊ Action ခန်းတွေ၊ CGI တွေကလည်း ကွာလတီအလွင့်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမှာဖြစ်သလို၊ ပါစီတို့အဖွဲ့ရဲ့ ထုံးစံအတိုင်း ဟာသလေးတွေနဲ့ သံယောဇဉ်တွေကိုပါ ရောမွှေထားတာမို့ Fantasy ချစ်သူတွေ လုံးဝလက်မလွှတ်သင့်တဲ့ စီးရီးကောင်းတစ်ခုပါပဲ။
Genre ….. Action, Adventure, Drama, Family, Sci-Fi, Fantasy
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 600MB / 1.2GB
Episode ….. 8
Network …… Disney Plus
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT
Rainbow Channel
Good