
Positively Yours (2026)
တစ်သက်လုံး လက်မထပ်ဘူးလို့ ဆုံးဖြတ်ထားတဲ့ ဘုနဲ့ဘောက် နှစ်ယောက် တစ်ညတာ အတူတူနေမိတဲ့အခါ ဘယ်လိုကနေ shotgun romance ဖြစ်လာမလဲ။
Kang Du Jun ကတော့ အဖက်ဖက်မှာ ပြီးပြည့်စုံနေတဲ့သူတစ်ယောက်ဖြစ်ပြီး ဒုတိယမျိုးဆက် သူဌေးသား လုပ်ငန်းရှင်တစ်ယောက်ပါ။
လောကကြီးထဲမှာ သူနဲ့ သက်ဆိုင်တာတွေ အများကြီး ရှိပေမဲ့ လက်ထပ်တာကတော့ သူနဲ့ လုံးဝ မသက်ဆိုင်ဘူးလို့ ခံယူထားသူတစ်ယောက်ပါ။ သူ့အစ်ကို သေဆုံးသွားပြီးတဲ့နောက် မိသားစုဝင်ဖြစ်သူတွေနဲ့ အတူနေဖို့ ရွေးချယ်ပြီး ကုမ္ပဏီကို ဦးစီးခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ တည်ငြိမ်တဲ့ ဘဝက Jang Hui Won နဲ့ အရိုင်းဆန်တဲ့ တစ်ညတာကို ဖြတ်သန်းပြီးတဲ့နောက်မှာ လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။
Jang Hui Won ကတော့ အချစ်ရေးကလွဲ အကုန် ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ ငယ်စဥ်ကတည်းက မိဘတွေ ကွာရှင်းခဲ့ပြီး စည်းကမ်းတင်းကျပ်တဲ့ အမေ့ရဲ့ လက်အောက်မှာ စိတ်ဒဏ်ရာအပြည့်နဲ့ အေးတိအေးစက် ဆက်ဆံခံရရင်း ကြီးပြင်းလာခဲ့ရပါတယ်။ အဲဒီစိတ်ဒဏ်ရာအတွက်ကြောင့်ပဲ လက်ထပ်ဖို့ မစဥ်းစားဘဲ တစ်ယောက်တည်း နေဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အစီအစဥ်တကျ ဘဝလေးက သူစိမ်းယောက်ျားတစ်ယောက်နဲ့ တစ်ညတာ ကုန်ဆုံးပြီးနောက်ပိုင်း ယိမ်းယိုင်လာခဲ့ပါတော့တယ်။
ဒီလိုနဲ့ နောက်ဆုံးမှာ သူတို့နှစ်ဦးသား လက်ထပ်မှုနဲ့ပတ်သက်တဲ့ ထင်မြင်ချက်တွေ ပြောင်းလဲသွားပြီး မတည့်အတူနေ နှစ်ယောက် လက်ထပ်ဖြစ်သွားကြမှာလားဆိုတာ ဟာသဆန်ဆန် ကြည့်ရှုရမှာဖြစ်ပါတယ်။
Genre ….. Romance, Comedy
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 500MB / 1GB
Episode ….. 12
Network ….. Netflix
Review ….. Verona
Translator ….. Bom, Verona, Ame, Lola
Encoder ….. N.A.S
Rainbow Channel