
The Manipulated (2025)
ကြမ်းမယ် ရမ်းမယ် အဆင်တွေငမ်းမယ်၊ မသော်ကေခင် ကြည့်သွားသင့်တဲ့ကားထဲ ထိပ်ဆုံးက ပါတဲ့ ဂျီချန်ဝု၊ DO (Do Kyung-Soo)နဲ့ ဂွမ်ဆူ တိုရဲ့ Revenge, Thriller ဇာတ်ကားသစ်။
2017 က ထွက်ရှိခဲ့တဲ့ ဂျီချန်ဝုရဲ့ The Fabricated City ရုပ်ရှင်ကားကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး DO ကိုလည်း တစ်ခါမှ မတွေ့ဖူးတဲ့ ဗီလိန်ဇာတ်ကောင်နဲ့ မြင်တွေ့နိုင်မှာမို ခပ်ကြမ်းကြမ်းကိုမှ ဇာတ်အိမ်ကောင်းကောင်းနဲ့ လက်စားချေတာမျိုးကို နှစ်သက်တဲ့ ပရိသတ်ကြီး အကြိုက်တွေ့စေမဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဘတ်ထယ်ဂျွန်းက ရိုးသားကြိုးစားတဲ့ ဖိုးသခွားလေးဖြစ်ပြီး အေးဆေးနေတတ်တဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ တစ်နေ့မှာ ကံမကောင်း အကြောင်းမလှစွာနဲ့ မမျှော်လင့်ဘဲ သူ မလုပ်တဲ့ ကိစ္စတစ်ခုနဲ့ အမှုတွဲထဲပါပြီး ထောင်နန်းစံလိုက်ရပါတော့တယ်။
ထယ်ဂျွန်းက ဘူမသိ ကိုးမသိနဲ့ ပဲထမင်းစားလိုက်ရတဲ့အဖြစ်ကို လိုက်လံစုံစမ်းရင်း နောက်ဆုံးမှာတော့ နောက်ကွယ်က လက်မည်းကြီး (မဟုတ်တဲ့ လက်ဖြူဖြူလေး)က အန်ယိုဟန်ဆိုတဲ့သူ ဖြစ်ကြောင်း သိလိုက်ရချိန်မှာတော့ ထောင်ထဲက မဖြစ်ဖြစ်တဲ့နည်းနဲ့ ထွက်ခွင့်ရဖို ကြိုးစားရင်း အန်ယိုယန်ကို လက်စားချေဖို ကြံစည်ပါတော့တယ်။
သူ့အကြံအစည်အောင်မြင်ပြီး မဟားတရားချောတဲ့ ဗီလိန်ကြီးကို အနိုင်ရသွားနိုင်ပါ့မလား ဆိုတာကိုတော့ ကြားရက်ဆို ကြည့်စရာမရှိလို ကြောင်ပျောက်နေတဲ့ ပရိသတ်ကြီးတိုအတွက် မင်းသားရော ဗီလိန်ကိုပါ 1+1 ငမ်းဖို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ၁၂ ပိုင်းစာ စောင့်မျှော်ကြည့်ရှုနိုင်တော့မှာပဲဖြစ်ပါတယ်။
Genre ….. Crime
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. N/A
Episode …..12
Network ….. Disney Plus
Review ….. Bom
Translator ….. Bom, Verona, Ame, Lola
Encoder ….. N.A.S
Rainbow Channel
=============== The End ===============
4ပိုင်းပဲထွက်သေးတာလားဗျ
အပိုင်း7မထွက်သေးဘူးလား
အပိုင်း(၅)နဲ့(၆)က ဘာ Down Down အပိုင်း(၆)ပဲဖြစ်နေတယ်ဗျ။
ပြင်ထားလိုက်ပါပြီ
8 ပြီး နောက်ထပ် အပိုင်း တွေ ဘယ်နေ့ လောက် တင် ပေး မှာ လဲ ဗျ။
ကျန်တဲ့အပိုင်းလေးတွေ တင်ပေးပါအုံးဗျ
9 10 ဒေါင်းမရဘူး ဖြစ်နေတယ်ဗျာ