
The Perfect lie (2026)
================
ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ ပရိတ်သတ်တွေရဲ့အချစ်တော် မင်းသား Yoo Yeon Seok နဲ့ မင်းသမီး SEO Hyun Jin တို့ရဲ့ အချစ်နဲ့လိမ်ညာမှုကြားက ရင်ခုန်သံဇာတ်လမ်း
ပြီးပြည့်စုံတဲ့ ပထမဆုံးချိန်းတွေ့မှုတစ်ခုကနေ စတင်ခဲ့တဲ့ ဒီဇာတ်လမ်းဟာ နောက်တစ်နေ့မှာပဲ လိမ်ညာမှုတွေနဲ့ မထင်မှတ်ထားတဲ့ အမှန်တရားတွေကြားကို ဦးတည်သွားပါတယ်။
Kang Ji Seon ကတော့ ငယ်ဘဝအတွေ့အကြုံတွေကြောင့် လူတွေရဲ့ ရိုးသားမှုကို အလွယ်တကူ မယုံကြည်တတ်တဲ့ အကဆရာမတစ်ယောက်ပါ။ ဒါပေမဲ့ သားဖြစ်သူကို တစ်ယောက်တည်း ပြုစုပျိုးထောင်နေတဲ့ နှလုံးခွဲစိတ်ဆရာဝန် Min Jun Ho နဲ့ တွေ့ဆုံပြီးနောက် သူ့ရဲ့ နှလုံးသားက တဖြည်းဖြည်း နူးညံ့လာခဲ့ပါတယ်။
အပြင်ပန်းကြည့်ရင် ပြီးပြည့်စုံလွန်းတဲ့ Jun Ho နဲ့ အတိတ်ဒဏ်ရာတွေကြောင့် သတိကြီးစွာ နေထိုင်တတ်တဲ့ Ji Seon တို့ရဲ့ အချစ်ဇာတ်လမ်းက ရင်ခုန်စရာကောင်းသလို စိတ်ဝင်စားစရာ လျှို့ဝှက်ချက်တွေနဲ့လည်း ပြည့်နှက်နေပါတယ်။
တကယ်တော့ လူတစ်ယောက်ကို ချစ်မိဖို့ လွယ်ကူပေမဲ့ သူ့ရဲ့အမှန်တရားကို လက်ခံဖို့ကတော့ မလွယ်ကူပါဘူး။ ဒီဇာတ်လမ်းက အချစ်နဲ့ ယုံကြည်မှုကြားမှာ ဘယ်လိုရွေးချယ်ရမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် တင်ဆက်ပေးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လို့ စောင့်မျှော်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
Genre ….. Crime, Drama, Mystery
Quality ….. 720P / 1080P WEB-DL (H264)
File Size ….. 600MB / 1.2GB
Episode ….. 12
Network …… MBC
Review ….. Verona
Translator ….. RMC K Team
Encoder ….. Ray
Rainbow Channel