
Undercover Miss Hong (2026)
မတ်မတ် ပတ်ရှင်ဟေးနဲ့အတူ ITZY အဖွဲ့က ယူနာလေးပါ ပါဝင်တဲ့ ဟာသစီးရီးအသစ်လေး..
နတ်ဆိုးတရားသူကြီးအဖြစ်နဲ့ အားလုံးကို နှုတ်ဆက်သွားခဲ့တဲ့ မတ်မတ် ပတ်ရှင်ဟေးက ဒီတစ်ခေါက်မှာတော့
အလုပ်သရဲမလေးအဖြစ် ပရိသတ်ရင်ကို ဘယ်လိုလှုပ်ခတ်စေမလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။
ဒီဇာတ်လမ်းလေးကိုတော့ ၁၉၉၀ ပြည့်နှစ်ကို အခြေခံထားပြီး အသက် ၃၀ ကျော် အပျိုကြီးမမဖြစ်ပေမဲ့ အလုပ်အတွက် အသွင်ယူစုံစမ်းဖို့အတွက် အသက် ၂၀ ကျော် ကောင်မလေးအဖြစ် ပုံစံပြောင်းပြီး လှုပ်ရှားမဲ့ ဟုန်းဂျန်းမီ တစ်ဖြစ်လဲ ဟုန်းဂွန်းဘို..
အစ်မဖြစ်သူက သူ့နာမည်ကို ငှားသုံးပြီး စုံစမ်းမှာကို အပြည့်အဝ ပံ့ပိုးပေးမဲ့ ဟစ်ဟော့ဂီတကို မြတ်နိုးသူ ကျောင်းသူလေး ဟုန်းဂျန်းမီ..
မွေးရာပါ စီမံခန့်ခွဲမှုဆိုင်ရာ အတိုင်ပင်ခံတစ်ဦးဖြစ်ပြီး ကိန်းဂဏန်းတွေကပဲ မှန်ကန်တဲ့ စကားဆိုတတ်တယ်လို့ ယုံကြည်သူ ရှင်းဂျောင်အူ..
သူ့ကုမ္ပဏီကို ရောက်ရှိလာခဲ့တဲ့ အသက် ၂၀ အရွယ်ကောင်မလေးက မထင်မှတ်ဘဲ တစ်ချိန်က သူချစ်ခဲ့ဖူးသူ မိန်းကလေးနဲ့ တစ်ပုံစံတည်း တူနေတဲ့အခါ..
ဟုန်းဂွန်းဘိုက သူ စုံစမ်းချင်တဲ့ လုပ်ငန်းခွင်ဆိုင်ရာ အသေးစိတ်အချက်တွေကို ရှာဖွေတွေ့ရှိ သွားနိုင်မလား၊ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေ ဘူးပေါ်သလို ပေါ်လာမလားဆိုတာကိုတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ၁၆ ပိုင်းစာ ထွက်ရှိသွားမဲ့ ဒရမ်မာလေးထဲ ကြည့်ရှုခံစားကြည့်လိုက်ကြပါဦး။
Genre ….. Crime, Comedy
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 600MB / 1.2GB
Episode ….. 16
Network ….. Netflix
Review ….. Bom
Translator ….. Bom, Verona, Ame, Lola
Encoder ….. N.A.S
Rainbow Channel