
Love Reset (2023)
ဒီတစ်ခေါက် Love Reset ရုပ်ရှင်လေးကတော့ အိမ်ထောင်ရေး၊ အချစ်၊ ဟာသနဲ့ မိသားစုဆိုင်ရာပြဿနာတွေကို ရောစပ်ထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။
အကျင့်စရိုက်ကွာခြားပြီး မတည့်အတူနေ Jeong-yeol နှင့် Na-ra တို ဇနီးမောင်နှံအကြောင်းကို ဟာသဆန်ဆန် ကြည့်ရှုရမှာဖြစ်ပါတယ်။ Jeong-yeol ကတော့ ရှေ့နေတစ်ဦးဖြစ်ပြီး၊ Na-ra ကတော့ ငွေဇွန်းကိုက်ပြီး မွေးဖွားလာတဲ့ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးဖြစ်ပါတယ်။
ဒီလိုနဲ့ သူတိုနှစ်ဦးသား အကျင့်စရိုက်ကွာခြားပေမယ့်လည်း အရမ်းချစ်လွန်းတဲ့အတွက် လက်ထပ်လိုက်ပါတော့တယ်။
နောက်ဆုံးမှာတော့ သူတိုနှစ်ဦးသား မျက်နှာကိုမကြည်ချင်လောက်အောင် မုန်းတီးသွားတဲ့အတွက် လမ်းခွဲဖို ဆုံးဖြတ်ခဲ့ကြပါတော့တယ်။ ဒီလိုနဲ့ တရားရုံးက မကွာရှင်းခင် ပြန်လည် သုံးသပ်ခွင့် ရက် ၃၀ ပေးခဲ့ပါတယ်။ တရားရုံးက ထွက်ထွက်ချင်း အချင်းများရာက ကားတိုက်မှုတစ်ခုဖြစ်ပွားပြီး Na-ra နှင့် Jeong-yeol တိုနှစ်ဦးစလုံးမှတ်ဉာဏ်ဆုံးရှုးသွားကြပါတော့တယ်။
အတိတ်မေ့ပြီးနောက်ပိုင်း နှစ်ဦးသား အရင်လို ပြန်ချစ်သွားကြမှာလား….
မိသားစုဝင်တွေကတော့ သူတိုနှစ်ဦးသား ပြန်ချစ်သွားမှာ စိုးရိမ်တဲ့အတွက် Na-ra ရဲ့ ညီမဖြစ်သူကို စောင့်ကြည့်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတိုနှစ်ဦးသား သူ့ညီမဖြစ်သူ စောင့်ကြည့်နေတဲ့ကြားက အပြစ်တွေကို မေ့ပျောက်ပြီး မရမက ပြန်ချစ်သွားကြမှာလား နောက်ဆုံးမှာ ကွာရှင်းပြတ်စဲသွားကြမှာလား ဆိုတာကို ဟာသဆန်ဆန် ကြည့်ရှုရမှာဖြစ်ပါတယ်
Genre ….. Comedy, Romance
Quality ….. 720P / 1080P (HEVC)
Review ….. Verona
Translator ….. Verona
Encoder ….. N.A.S
Rainbow Channel
43 total views , 1 views today