
Mr. & Mrs. Mahi (2024)
IMDb 6.5/10
ဒီဇာတ်လမ်းလေးမှာပေါ့ ခရစ်ကတ်ကိုအရူးအမူးကြိုက်တဲ့ မဟန်ဒြာဆိုတဲ့ကောင်လေးနဲ့ ခရစ်ကတ်ကိုသဘောကျပေမယ့် အဖေ့ရဲ့ဆုံးဖြတ်ချက်ကြောင့် ဆရာဝန်လုပ်နေရတဲ့ မဟီမာဆိုတဲ့ကောင်မလေးတို့နှစ်ယောက်ဟာ မိဘတွေရဲ့သဘောအရ အိမ်ထောင်တစ်ခုကို ထူထောင်လိုက်ကြပါတယ်
မဟန်ဒြာကအောင်မြင်ကျော်ကြားတဲ့ ခရစ်ကတ်ကစားသမားတစ်ယောက်ဖြစ်ချင်ပေမယ့် သူကိုယ်တိုင်စိတ်ကူးထဲကအတိုင်းမလုပ်နိုင်တဲ့အခါ ကစားသမားကောင်းဖြစ်လာဖို့ထက် နည်းပြလုပ်ဖို့တွေးလိုက်ပါတော့တယ်။
အဲ့အချိန်မှာ သူ့မိန်းမဖြစ်တဲ့ မဟီမရဲ့ ခရစ်ကတ်ကစားပုံကိုမြင်ပြီး ခရစ်ကတ်မှာပါရမီပါလာတာကိုသိလိုက်ရပြီးနောက် မဟီမကို မဟန်ဒြာကိုယ်တိုင် နည်းပြလုပ်ပေးဖို့ဖြစ်လာပါတော့တယ်
လင်မယားနှစ်ယောက်ပေါင်းပြီး ခရစ်ကတ်ကို ဘယ်လိုအင်တိုက်အားတိုက်လေ့ကျင့်ကြသလဲ ပေါ်လာတဲ့ပြဿနာတွေကို နှစ်ယောက်သားဘယ်လိုဖြေရှင်းကြသလဲ နှစ်ယောက်လုံးရဲ့ကြိုးစားမှုကြောင့် နောက်ဆုံးမှာ ဘယ်လိုပျော်ရွှင်စရာရလဒ်မျိုးရသွားမလဲဆိုတာကို ကြည့်ရှုရမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်
Review and translated by Willie
Encoded By N.A.S
204 total views , 1 views today