
Project Silence (2023)
ပရိသတ်ကြီးအတွက် လျှို့ဝှက်ဆန်းကြယ်သည်းထိတ်ရင်ဖိုအမျိုးအစားလေးဖြစ်တဲ့ Project Silence ဇာတ်ကားလမ်းနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်ကားလေးက ရာသီဥတုဆိုးရွားတဲ့ ညလေးတစ်ည တံတားပေါ်မှာ ယာဉ်မတော်ဆမှုအကြီးအကျယ်ဖြစ်ခဲ့တာကနေ စတင်ပါတယ်။အဲဒီအချိန် စစ်တပ်ကနေလျှို့ဝှက်ပရောဂျက်တစ်ခုဖြစ်တဲ့ ခွေးတွေကိုစစ်ခွေးတွေအဖြစ် အထူးလေ့ကျင့်ပေးရင်း အမှားအယွင်းဖြစ်ခဲ့တဲ့အတွက် ပရောဂျက်မှာပါဝင်တဲ့ခွေးတွေအားလုံးကို သုတ်သင်ဖို့ နေရာရွှေ့ပြောင်းခဲ့ပါတယ်။အဲဒီလိုရွှေ့ပြောင်းမယ့်စစ်ကားကလည်း ယာဉ်မတော်ဆမှုမှာပါဝင်ခဲ့ပြီးတော့ သုတ်သင်ရမယ့်ခွေးတွေအားလုံးလွတ်ထွက်သွားပါတယ်။ဒါကိုပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားတဲ့ စစ်တပ်ရဟတ်ယာဉ်ပါ ပျက်ကျပြီး တံတားတစ်ခုလုံး ပြိုကျသွားပါတော့တယ်။စစ်ခွေးတွေဟာလည်း ထိန်းချုပ်မှုကင်းမဲ့ပြီး ပြည်သူတွေကိုတိုက်ခိုက်လာတဲ့အချိန် အစိုးရဘက်ကဘယ်လိုမျိုးတုံ့ပြန်ဆောင်ရွက်မလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုပေးကြပါဦးနော်။
မကြာသေးခင်ကမှ အဆုံးစီရင်သွားတဲ့ မင်းသားကြီး Lee Sun-Kyun ရဲ့နောက်ဆုံးရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားလေးဖြစ်လို့ လွမ်းဆွတ်တမ်းတရင်းနဲ့ကြည့်ရှုခံစားလိုက်ကြပါဦးနော်။IMDB 6.1 အထိ ရရှိထားပါတယ်။
Review and Translated By CL
Encoded By N.A.S
621 total views , 1 views today
Options | Quality | Server | Size | Clicks |
---|---|---|---|---|
HD 1080p | TeraBox | 1.54GB | 51 | |
HD 720p | TeraBox | 716.41MB | 45 | |
HD 1080p | RMC Server | 1.54GB | 113 | |
HD 720p | RMC Server | 716MB | 95 | |
HD 1080p | StreamWish | 1.54GB | 93 | |
HD 720p | StreamWish | 716MB | 69 | |
HD 1080p | Yoteshinportal | 1.54GB | 73 | |
HD 720p | Yoteshinportal | 716MB | 78 |
tera box link လေးနဲ့ဆိုကြည့်ရတာပိိုအဆင်ပြေပါတယ်ဗျ