
P_a-n_d-a P_l-a_n 2: T_h-e M-a_g-i-c_a-l T-r_i-b_e (2-0-2-6)
IMDB ⭐️ 4.6/10
“ပန်ဒါလေးကို ကယ်ဖို့အတွက် ဒဏ္ဍာရီလာ လျှို့ဝှက်လူရိုင်းတွေနဲ့ ထိပ်တိုက်တွေ့တဲ့အခါ…”
ရှေ့ကား Panda Plan (2024) တုန်းက ချစ်စရာ ပန်ဒါလေး ဟူဟူ (Hu Hu) ကို လူဆိုးတွေလက်ထဲကနေ ကမ္ဘာကျော်စတားကြီး ဂျက်ကီချန်းကိုယ်တိုင် အက်ရှင်ကြမ်းကြမ်း ဟာသရွှင်ရွှင်နဲ့ ကယ်တင်ခဲ့တာကို မှတ်မိကြဦးမှာပါ။ အခုတော့ ပရိသတ်တွေအတွက် ပိုရယ်ရပြီး ပိုကြမ်းမယ့် Part 2 အသစ်စက်စက်ကြီး ထွက်ရှိလာပါပြီခင်ဗျာ။
ဒီကားမှာတော့ ငယ်ဘဝအချစ်တော်ကြီး Jackie Chan အပြင် တရုတ်ဟာသမင်းသမီးချော Ma Li နဲ့ Wang Yinglu တို့ပါ အားဖြည့်ပါဝင်ထားပါတယ်။
ဒီတစ်ခါ Part 2 ဇာတ်လမ်းလေးမှာတော့ ဂျက်ကီချန်းနဲ့ သူရဲ့အချစ်တော် ပန်ဒါလေး ဟူဟူ တို့ဟာ မထင်မှတ်ဘဲ ရှေးဟောင်းအမွေအနှစ်တွေရှိတဲ့ တောနက်ကြီးထဲက လျှို့ဝှက်လူရိုင်းမျိုးနွယ်စုတစ်ခုဆီကို ရောက်သွားကြရာကနေ စပါတယ်။
ပြဿနာက အဲဒီမျိုးနွယ်စုက ပန်ဒါလေးဟူဟူကို သူတို့မျိုးနွယ်စုကို ကပ်ဘေးကနေ ကယ်တင်ပေးမယ့် “နတ်သားရဲ” ဆိုပြီး အထင်လွဲသွားတာပါပဲ။ ကောင်းကင်ဘေးအန္တရာယ်ကနေ လွတ်မြောက်ဖို့ဆိုပြီး ပန်ဒါလေးကို မရရအောင် အတင်းအဓမ္မ သိမ်းပိုက်ဖို့ ကြိုးစားလာတဲ့အခါ…
ပန်ဒါလေးကို အသက်တမျှ ချစ်ရတဲ့ ဂျက်ကီချန်းတစ်ယောက် ပန်ဒါလေးကို ကယ်တင်ဖို့အတွက် လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ တောနက်ကြီးထဲမှာ ဘယ်လိုတွေ ဗျာများရမလဲ၊ လွဲချော်မှုတွေ၊ ပြဿနာတွေကြားကနေ ဟာသမြောက်တဲ့ အက်ရှင်ခန်းတွေနဲ့ ဘယ်လို တလွဲတချော် ရင်ဆိုင်မလဲဆိုတာကို ရယ်မောဖွယ် ရှုစားရမှာပါ။
Action Comedy ဇာတ်ကားဆိုတဲ့အတိုင်း ရယ်လည်းရမယ်၊ ဂျက်ကီချန်းရဲ့ Signature ဖြစ်တဲ့ ပတ်ဝန်းကျင်က ပစ္စည်းတွေကိုသုံးပြီး ချတဲ့ Slapstick ပုံစံ ဖိုက်တင်ခန်းတွေကိုလည်း သေချာပေါက် အားရပါးရ မြင်တွေ့ရမှာပါ။ တော်ကီတွေချည်း လှိမ့်ဖုတ်မနေဘဲ အူတက်အောင်ရယ်ရရင်း အက်ရှင်ခန်းတွေကိုပါ မြိုင်မြိုင်ဆိုင်ဆိုင် ခံစားရမယ့် မိသားစုကြည့် Feel-good ဇာတ်ကားကောင်းလေးမို့ အခုပဲ လက်မနှေးတမ်း ပြေးကြည့်လိုက်ကြပါတော့ဗျာ။
Genre ….. Action, Comedy, Family, Fantasy
Quality ….. 720P / 1080P / 4K WEB-DL 5.1 (HEVC)
File Size ….. 1.27GB / 2.41GB / 5.12GB
Review ….. Venus
Translator ….. Venus
Encoder ….. Ray
Rainbow Channel
| Options | Quality | Server | Size | Clicks |
|---|---|---|---|---|
| UHD 4K 2160p | TeraBox | 5.12GB | 3 | |
| FHD 1080p | TeraBox | 2.41GB | 2 | |
| HD 720p | TeraBox | 1.27GB | 2 | |
| FHD 1080p | Pikpak | 2.41GB | 4 | |
| HD 720p | StreamHG | 1.27GB | 5 | |
| UHD 4K 2160p | Megaup | 5.12GB | 5 | |
| FHD 1080p | Megaup | 2.41GB | 6 | |
| HD 720p | Megaup | 1.27GB | 6 | |
| FHD 1080p | Telegram | 2.41GB | 4 | |
| HD 720p | Telegram | 1.27GB | 5 | |
| UHD 4K 2160p | Yoteshinportal | 5.12GB | 5 | |
| FHD 1080p | Yoteshinportal | 2.41GB | 5 | |
| HD 720p | Yoteshinportal | 1.27GB | 6 |