Ads
ads

Video Sources 0 Views

  • Watch trailer
Parimala and Co

Parimala and Co

Jun. 05, 2026India138 Min.NR
Your rating: 0
9 1 vote

Synopsis

Parimala and Co (2-0-2-6) Tamil
=======================

IMDB ⭐️ 5.9/10

“မိသားစုဆိုတာ ဒုက္ခရောက်ချိန်မှာ အတူတူရှိနေပေးရမယ်ဆိုပေမဲ့လည်း…”

Dark Comedy နဲ့ Crime Thriller တွေကို သဘောကျတဲ့ ပရိသတ်ကြီးအတွက် ဒီနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာပဲ လတ်လတ်ဆတ်ဆတ် ထွက်ရှိလာတဲ့ တမီးလ် မိသားစုဟာသ ဒရာမာဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီခင်ဗျာ။

ဇာတ်လမ်းကတော့ အေးအေးချမ်းချမ်း နေထိုင်နေတဲ့ သာမန်မိသားစုလေးတစ်ခုက မထင်မှတ်ဘဲ လူသတ်မှုတစ်ခုထဲ ပတ်သက်မိရာကနေ စတင်ပါတယ်။

ဖြစ်ပုံကတော့ သူတို့ရပ်ကွက်ထဲက ရပ်ကွက်လူမိုက် ဗာဂီးစ်က အိမ်ကသမီးပျိုတွေကို သားမှတ် မယားမှတ် စော်ကားနှောင့်ယှက်နေတာကို သည်းမခံနိုင်တော့လို့ ဒီကောင်ကိုရှင်းပစ်မယ်ဆိုပြီး ညဘက်ကြီး တိုင်ပင်ပြီးကာမှ မနက်ရောက်တော့ ဗာဂီးစ်တစ်ယောက် သေပြီဆိုတဲ့သတင်းကြီးက စောင့်ကြိုနေပါတော့တယ်။

သူတို့မိသားစုဝင်တွေအချင်းချင်း ယုန်ထင် ကြောင်ထင် ဖြစ်နေပေမဲ့ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ဖို့ကို ရွေးချယ်လိုက်ပါတယ်။

ဒါပေမဲ့ လူတစ်ယောက်လုံး သတ်ထားတဲ့ လျှိဝှက်ချက်ကြီးကို ဖုံးကွယ်ပြီး သာမန် နေ့စဉ်ဘဝကို ဟန်မပျက် ဆက်လက်ဖြတ်သန်းဖိုဆိုတာ သူတိုထင်သလောက်တော့ မလွယ်ကူပါဘူး။

ရပ်ကွက်ထဲက စပ်စုတတ်တဲ့ အိမ်နီးနားချင်းတွေ၊ အနံ့ခံကောင်းတဲ့ ရဲတွေကြားထဲမှာ သူတိုမိသားစုရဲ့ ဟန်ဆောင်မှုတွေက ဘယ်လောက်အထိ ခရီးရောက်မလဲ။ သူတို့တွေကတကယ်ပဲ လူသတ်မှုနဲ့ပတ်သက်နေသလား။

ပုံမှန်ဘဝကြီးကို ဆက်ထိန်းထားနိုင်ဖို့ ဘယ်လို အလွဲလွဲအချော်ချော်တွေနဲ့ ဗျာများရမလဲဆိုတာကို Dark Comedy ဆန်ဆန် ရယ်ရခက် ငိုရခက် အခြေအနေတွေနဲ့ ရိုက်ပြထားတာပါ။

သာမန် Crime ကားတွေလို သွေးထွက်သံယိုတွေနဲ့ ခြောက်ခြားစရာကောင်းအောင် ရိုက်ထားတာမျိုးမဟုတ်ဘဲ၊ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားရင်း အူတက်အောင် ရယ်ရမယ့် Dark Comedy / Buddy Comedy အမျိုးအစားဖြစ်ပါတယ်။ ဝါရင့် တမီးလ်သရုပ်ဆောင်တွေရဲ့ သဘာဝကျကျ အိုက်တင်တွေနဲ့အတူ မိသားစုတွေကြားက ဗရုတ်သုတ်ခဇာတ်လမ်းကို စိတ်အပန်းဖြေရင်း ပေါ့ပေါ့ပါးပါး ရှုစားလိုက်ကြပါဦး။

Genre ….. Comedy, Crime, Mystery, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1022.92MB / 1.83
GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

Parimala and Co
Original title பரிமளா & கோ
IMDb Rating 5.9 177 votes

Director

Pandiraj
Director

Cast

ads

Similar titles

Mikael: Pemburu Dua Alam
Yaksha: Ruthless Operations
Cursed Hearse
Abigail
Dendam Malam Kelam
Tavvai
Su from So
Maa Behen
Ultimate Guardian
The Soul-Mate
Queens of the Dead
Snack Shack

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On