Dongjae, the Good or the Bastard (2024)
Crime/Drama ပရိသတ်ကြီးအတွက် ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တာတော့ Vigilante ထဲက ဒုတိယမင်းသား Lee Joon-Hyuk ပါဝင်တဲ့ အသစ်ထွက်စီးရီးလေးပါ။ ၂၀၁၇ တုန်းက ထွက်ရှိခဲ့တဲ့ Stranger ရဲ့ Spin-off စီးရီးလေးဖြစ်ပြီး ဒီစီးရီးထဲမှာတော့ ဆောဒုံဂျယ်ရဲ့ ဇာတ်ကောင်စရိုက်ကို အဓိကထား သရုပ်ဖော်သွားမှာဖြစ်ပါတယ်။
ဆောဒုံဂျယ်က ချောင်းဂျူခရိုင်အမှုစစ်ရုံးက အမှုစစ်တစ်ဦးပါ။ သူက ရည်မှန်းချက်ကြီးပြီး အမှုစစ်တစ်ယောက်အနေနဲ့ သူ့ရဲ့ အောင်မြင်မှုကို အဓိကဦးစားပေးတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူက လုံးဝကြီးကို သွေးအေးတဲ့သူမျိုးတော့ မဟုတ်ပါဘူး။ အကျင့်ပျက်ခြစားတဲ့အမှုစစ်ဆိုတဲ့ နာမည်ဆိုးကြီးရရှိထားတဲ့သူ့အတွက်တော့ အနာဂတ်က သိပ်ပြီး မတောက်ပနိုင်ဘဲ ရှိနေခဲ့တာပါ။
ဒီလိုနဲ့ ပြန်လည်ဖွံ့ဖြိုးရေးလုပ်မယ့်မြေနေရာအမှုတစ်ခုနဲ့ ဆက်နွယ်ပြီး အထက်တန်းကျောင်းသူတစ်ဦး အသတ်ခံရတဲ့အမှုထဲ ပါဝင်ပတ်သက်မိသွားရာကနေ သူ့ရဲ့ အမှုစစ်တစ်ယောက်ရဲ့ အသိစိတ်နဲ့ အခွင့်ရေးသမားစိတ်ဓာတ်ကြား ဗျာများရဖို့ ဖြစ်လာပါတော့တယ်။ ဆောဒုံဂျယ်က ဘယ်လိုနည်းလမ်းမျိုးနဲ့ သူ့ဘဝကို ဆက်လက်ရပ်တည်သွားမလဲ၊ အမှုတွေကို ဘယ်လိုပုံစံနဲ့ ဖြေရှင်းမလဲဆိုတာကိုတော့ ထင်သလောက်မရိုးရှင်းတဲ့ မြှုပ်ကွက်တွေကြား စိတ်ဝင်တစားနဲ့ တစ်ပတ် ၂ ပိုင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
Review By Thu Thu
Translated By Thu Thu, Choco
Encoded By N.A.S