
Bitter Sweet Hell (2024)
ဟိုးအရင်မြဝတီမှာ ခရမ်းချဉ်သီးကားဆိုပြီး လူကြိုက်များခဲ့တဲ့ Tomato ဇာတ်လမ်းတွဲလေးထဲက လီဟန်နီ ဆိုရင် ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး Kim Hee-Seon ကိုပြေးမြင်မိကြမှာပါ။ဒီတစ်ခေါက် Kim Hee-Seon ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်လာတဲ့ Bitter Sweet Hell လေးနဲ့ တင်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းလေးက လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖိုအမျိုးအစားဖြစ်လို့ အချစ်အလွမ်းဇာတ်လမ်းတွေနဲ့ ရိုးအီနေတဲ့သူတွေအတွက် ရွေးချယ်ကြည့်ရှုသင့်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။No Young-Won ဆိုတဲ့ နာမည်ကျော် စိတ်ပညာအကြံပေးပညာရှင်တစ်ယောက်ဟာ ဆေးလောကမှာထိပ်တန်းအဆင့်ဝင် ဆရာဝန် Jae-Jin နဲ့လက်ထပ်ထားပြီးတော့ ကလေးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ လူတိုင်းကအားကျရတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပါတယ်။No Young-Won ရဲ့ယောက္ခမကတော့ နာမည်ကြီး လျှို့ဝှက်ဆန်းကြယ် ဝတ္ထုစာရေးဆရာတစ်ယောက်ပါ။တစ်နေ့ No Young-Won တစ်ယောက် မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုမှာပါဝင်မိရာကနေ တစ်မိသားစုလုံး အန္တရာယ်ကျရောက်တော့မယ့် အနေအထားဖြစ်သွားခဲ့ပါတယ်။ဘယ်လိုကိစ္စမျိုးထဲ ဝင်ပါမိပြီး ဘယ်လိုမျိုး ကာကွယ်မလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ရင်ခုန်စိတ်လှုပ်ရှားလိုက်ရအောင်ပါ။
Tomorrow ဇာတ်လမ်းတွဲပြီးတည်းက မမြင်ရတာကြာပြီဖြစ်တဲ့ မင်းသမီးကြီး Kim Hee-Seon ရဲ့ ပိုင်နိုင်လွန်းလှတဲ့ သရုပ်ဆောင်မှုတွေကို ကြည့်ရှုခံစားရမှာဖြစ်လို့ အပတ်စဉ် သောကြာ၊စနေနေ့တွေမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။စုစုပေါင်း ၁၂ ပိုင်းပါဝင်မှာဖြစ်ပါတယ်။
Review By CL
Translated By Rainbow Channel Team
Encoded By N.A.S
Episode | Quality | Download |
---|---|---|
01 | 720P | Yoteshin Drive RMC Server Terabox |
01 | 1080P | Yoteshin Drive RMC Server Terabox |
02 | 720P | Yoteshin Drive RMC Server Terabox |
02 | 1080P | Yoteshin Drive RMC Server Terabox |
03 | 720P | Yoteshin Drive RMC Server Terabox |
03 | 1080P | Yoteshin Drive RMC Server Terabox |
04 | 720P | Yoteshin Drive RMC Server Terabox |
04 | 1080P | Yoteshin Drive RMC Server Terabox |
05 | 720P | Yoteshin Drive RMC Server Terabox |
05 | 1080P | Yoteshin Drive RMC Server Terabox |