
When Life Gives You Tangerines (2025)
Cast line-up အမိုက်စားကြီးနဲ့ ဖြိုင်ဖြိုင်မိုးရမယ့် မမ IU နဲ့ အိုပါး Bo Gum တို့ရဲ့ When Life Gives You Tangerines လေးလာပါပြီ။ ၆ နှစ်ကြာမှ Drama comback တဲ့ IU၊ ၅ နှစ်ကြာမှ Drama comback တဲ့ Park Bo Gum တို့အပြင် Hometown Cha-Cha-Cha ရဲ့ ပါးချိုင့်လေး Kim Seon-ho နဲ့ တခြားနာမည်ကြီးအနုပညာရှင်များစွာ ပါဝင်အားဖြည့်ပေးထားသေးတဲ့ ၁၉၅၀ ခုနှစ်ကို ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်ကားလေးကို ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်ရှုရမှာပါ။
အယ်ဆွန်းနဲ့ ဂွမ်ရှစ်က တောင်ကိုရီးယား ဂျယ်ဂျူကျွန်းမှာ မွေးဖွားခဲ့ကြသူတွေပါ။ ခေါင်းမာပြီး ပုန်ကန်ထကြွတတ်တဲ့ ကောင်မလေး အယ်ဆွန်းက စာအုပ်တွေကိုချစ်တတ်ပေမဲ့ မိသားစုနောက်ခံက မပြည့်စုံလေတော့ ကျောင်းတက်ခွင့်မရခဲ့ရှာပါဘူး။ ဒါပေမဲ့ အဲဒီလိုအခြေအနေအောက်မှာတောင်မှပဲ သူက ကဗျာဆရာမ ဖြစ်ချင်တဲ့ သူ့ရဲ့အိပ်မက်ကို မစွန့်လွှတ်ခဲ့ပါဘူး။ ဘာကိုမှဖုံးကွယ်မထားဘဲ ခံစားချက်တွေကို ရိုးရိုးရှင်းရှင်းဖော်ပြတတ်သူလေး အယ်ရှင်းဆိုလည်း မမှားဘူးပေါ့လေ။
ဂွမ်ရှစ်ကတော့ ရိုးသားပြီး ရည်မွန်တဲ့ ကောင်လေးပါ။ စကားလည်းသိပ်မပြောဘဲ အနေအေးပေမဲ့ သူက အယ်ဆွန်းကို လေးစားသလို ချစ်လည်းချစ်နေခဲ့ပါတယ်။ ပွင့်လင်းတဲ့ကောင်မလေးနဲ့ အနေအေးတဲ့ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးက ဆွတ်ပျံ့ကြည်နူးဖွယ်ဖြစ်မလား၊ လွမ်းဆွေးတမ်းတဖွယ်ရာ ဖြစ်လေမလားဆိုတာကိုတော့ တစ်ပတ်ကို ၄ပိုင်းနဲ့ စုစုပေါင်း ၁၆ ပိုင်းကို ၄ပတ်ခွဲပြီး ထုတ်လွှင့်မယ့် Netflix ရဲ့ စနစ်သစ်နဲ့ ဇာတ်ကားသစ်လေးထဲ စီးမျောခံစားကြည့်ကြရအောင်လားရှင်။
Review By Thu Thu
Translated By Choco, Thu Thu, CL
Encoded By N.A.S
Rainbow Channel
=============== The End ===============
3818 total views , 1 views today
yes