
Marshals (2-0-2-6) Season 1
IMDb ⭐️ 7.5/10
သက်စွန့်ဆံဖျား ယူအက်စ်မာရှယ်များ
“ဥပဒေဆိုတာ စာအုပ်ထဲမှာပဲရှိတယ်… တောတောင်တွေထဲမှာတော့ ကျည်ဆန်ကပဲ စကားပြောတယ်”
ခေတ်သစ် ကောင်းဘွိုင်ကားတွေ၊ Western Drama အကြမ်းစားတွေ ကြိုက်တဲ့ ဘော်ဒါတွေအတွက် သတင်းကောင်းပါပဲ။ ကမ္ဘာကျော်စီးရီးကြီး “Yellowstone” ကို ဖန်တီးခဲ့တဲ့ ဆရာကြီး Taylor Sheridan ရဲ့ Universe ထဲကနေ အသစ်ထပ်မံခွဲထွက်လာတဲ့ Spin-off စီးရီးသစ် “M-a-r-s-h-a-l-s” (2026) ထွက်ရှိလို့လာပါပြီ။
Yellowstone ရဲ့ Vibe အတိုင်းပဲ တောတောင်တွေရဲ့ အလှအပတွေအောက်မှာ ဖုံးကွယ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ အာဏာပြိုင်ဆိုင်မှုတွေကို ဒီစီးရီးမှာလည်း အဝရှုစားရမှာပါ။
ဇာတ်လမ်းအကျဉ်းကတော့… တောတောင်ထူထပ်ပြီး ဥပဒေလက်လှမ်းမမီတဲ့ နယ်မြေတွေမှာ တရားဥပဒေစိုးမိုးရေးအတွက် အသက်စွန့်ပြီး တာဝန်ထမ်းဆောင်နေရတဲ့ U.S. Marshals အဖွဲ့ရဲ့ ကြမ်းတမ်းတဲ့ နေ့စဉ်ဘဝတွေကို ရိုက်ပြထားတာပါ။
လူဆိုးတွေကို လိုက်လံဖမ်းဆီးရတဲ့ ရိုးရိုး cat chase mouse ရဲကားမျိုးမဟုတ်ဘဲ၊ ကိုယ်ပိုင် ဥပဒေလို ကျင့်သုံးနေကြတဲ့ ဒေသခံ လူမိုက်ဂိုဏ်းတွေ၊ အကျင့်ပျက် နိုင်ငံရေးသမားတွေနဲ့ U.S. Marshals တို့ကြားက အားပြိုင်မှုတွေကို သည်းထိတ်ရင်ဖို ရှုစားရမှာပါ။
Yellowstone ကို ကြည့်ဖူးသူတွေ သိတဲ့အတိုင်းပဲ ဆရာကြီး Taylor Sheridan ရဲ့ ဇာတ်ကားတွေဟာ သေနတ်ပစ်ခန်း သီးသန့်ကြီးမဟုတ်ဘဲ ဇာတ်ကောင်တွေရဲ့ စိတ်ခံစားချက်၊ သစ္စာဖောက်မှုတွေနဲ့ နိုင်ငံရေး ကစားကွက်တွေကိုပါ အပီအပြင် ရိုက်ပြတတ်တာမို့ ဒီကားကလည်း Western Crime Drama ဖန်တွေအတွက် လုံးဝ အကြိုက်တွေ့စေမှာပါ။
Yellowstone ကြီး ပြီးသွားလို့ လွမ်းနေတဲ့ ပရိသတ်တွေအတွက် အာသာပြေစေမဲ့ အမိုက်စား ကောင်းဘွိုင် အက်ရှင်ဒရာမာ စီးရီးသစ်ကြီးဖြစ်လို့ အခုပဲ ပြေးကြည့်လိုက်ကြပါတော့ဗျာ။
Genre ….. Drama, Western
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 400MB / 800MB
Episode ….. 4
Review ….. Venus
Translator ….. RMC Team
Encoder ….. N.A.S
Rainbow Channel
| Episode | Quality | Download |
|---|---|---|
| 01 | 720P | Yoteshin Telegram Megaup Terabox |
| 01 | 1080P | Yoteshin Telegram Megaup Terabox |
| 02 | 720P | Yoteshin Telegram Megaup Terabox |
| 02 | 1080P | Yoteshin Telegram Megaup Terabox |
| 03 | 720P | Yoteshin Telegram Megaup Terabox |
| 03 | 1080P | Yoteshin Telegram Megaup Terabox |
| 04 | 720P | Yoteshin Telegram Megaup Terabox |
| 04 | 1080P | Yoteshin Telegram Megaup Terabox |
| 05 | 720P | Yoteshin Telegram Megaup Terabox |
| 05 | 1080P | Yoteshin Telegram Megaup Terabox |
| 06 | 720P | Yoteshin Telegram Megaup Terabox |
| 06 | 1080P | Yoteshin Telegram Megaup Terabox |
| 07 | 720P | Yoteshin Telegram Megaup Terabox |
| 07 | 1080P | Yoteshin Telegram Megaup Terabox |
| 08 | 720P | Yoteshin Telegram Megaup Terabox |
| 08 | 1080P | Yoteshin Telegram Megaup Terabox |
| 09 | 720P | Yoteshin Telegram Megaup Terabox |
| 09 | 1080P | Yoteshin Telegram Megaup Terabox |
| 10 | 720P | Yoteshin Telegram Megaup Terabox |
| 10 | 1080P | Yoteshin Telegram Megaup Terabox |
| 11 | 720P | Yoteshin Telegram Megaup Terabox |
| 11 | 1080P | Yoteshin Telegram Megaup Terabox |
| 12 | 720P | Yoteshin Telegram Megaup Terabox |
| 12 | 1080P | Yoteshin Telegram Megaup Terabox |
| 13 | 720P | Yoteshin Telegram Megaup Terabox |
| 13 | 1080P | Yoteshin Telegram Megaup Terabox |
=================== END ===================
Marshal (2026) Season 2
==================
“တရားဥပဒေက ကိုယ့်မိသားစုကို မကာကွယ်နိုင်တဲ့အခါ… တရားခံပဲဖြစ်ဖြစ် သူပုန်ပဲဖြစ်ဖြစ် ရွေးချယ်စရာမရှိဘူး။”
Neo-Western အကြမ်းစားစီးရီး “Yellowstone” ရဲ့ နာမည်ကြီး Spinoff တစ်ခုဖြစ်ပြီး ပရိသတ်တွေ အသည်းစွဲဖြစ်ခဲ့တဲ့ Kayce Dutton ကို အဓိကထားရိုက်ကူးထားတဲ့ “Marshals” ရဲ့ Season 2 ဟာ ဒီနေ့မှာပဲ ထွက်ရှိလာခဲ့ပါပြီ။
Season 1 တုန်းက အကြောင်းလေး နည်းနည်း Brief ပြန်လုပ်ပေးရမယ်ဆိုရင်တော့…
ကိုယ့်မိသားစုရဲ့ Ranch ကြီးကနေ ခွဲထွက်ပြီး Montana ပြည်နယ်မှာ U.S. Marshal တစ်ယောက်အနေနဲ့ ဥပဒေစိုးမိုးရေးအတွက် Navy SEAL အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ကြမ်းခဲ့တဲ့ Kayce ရဲ့ အကြောင်းကို ရှုစားခဲ့ရမှာပါ။
Season 1 ရဲ့ နောက်ဆုံးမှာတော့ မှုခင်းဂိုဏ်းကြီးတစ်ခုက Kayce ရဲ့သားလေး Tate ကို ပြန်ပေးဆွဲသွားတဲ့ Cliffhanger အဆုံးသတ်ကြီးနဲ့ ပရိသတ်ကို ရင်တမမဖြစ်အောင် ထားရစ်ခဲ့တာ မှတ်မိကြဦးမှာပါ။
အခု Season 2 မှာတော့…
သားဖြစ်သူကို ကယ်တင်ဖိုအတွက် တရားဥပဒေဆိုတဲ့ ဘောင်ကိုကျော်ပြီး U.S. Marshal အလုပ်ကနေ သွေဖည်ကာ ကိုယ်တိုင် Rogue အနေနဲ့ ဝင်ကြမ်းမယ့် ဖခင်တစ်ယောက်ရဲ့ အက်ရှင်ခန်းတွေကို အကြမ်းစား မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
ရန်သူတွေကလည်း Montana ပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်ဖို ကြိုးစားနေတဲ့ အင်အားကြီး မှုခင်းဂိုဏ်းကြီးဖြစ်နေတဲ့အခါ… Kayce တစ်ယောက် သားလေး Tate ကို အချိန်မီ ကယ်တင်နိုင်ပါ့မလား… ဥပဒေရဲ့အပြင်ဘက်ကနေ ရန်သူတွေကို ဘယ်လို သွေးသံရဲရဲ ချေမှုန်းမလဲဆိုတာကတော့ ဒီ Season အသစ်မှာ ဆက်လက်စီးမျောရမှာပါ။
ဒီ Season 2 မှာ မင်းသား Luke Grimes က Kayce နေရာကနေ ဆက်လက်ခေါင်းဆောင်ထားသလို၊ Yellowstone ထဲက ပရိသတ်အချစ်တော် Jimmy အဖြစ် Jefferson White လည်း ပြန်လည်ပါဝင်လာပြီး၊ Logan Marshall-Green နဲ့ Arielle Kebbel တိုကလည်း အားဖြည့်ပေးထားတာမို အကြမ်းပတမ်း Action/Drama ကောင်းကောင်းကို မျှော်နေတဲ့ ဘော်ဒါတွေအတွက် အခုပဲ ကြည့်ရှုလိုက်ကြပါတော့ဗျာ။
Genre ….. Drama, Western
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 500MB / 1GB
Episode ….. 8
Network …… Paramount +
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT
Rainbow Channel
ဒါ မပြီးသေးနော် မင်မင်တို့ tele မှာပြီးပြီဆိုပြီး ရပ်ထားတာ
good movi