
V_i-s_i-o_n-Q_u-e_s-t (2-0-2-6)
========================
WandaVision တုန်းက ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရတဲ့ ဝမ်းနည်းပူဆွေးမှုတွေကြားကနေ မွေးဖွားလာတဲ့ Hex ကြီးနဲ့အတူ အဖြူရောင် Vision ကြီး ပြန်လည်အသက်ဝင်လာခဲ့တာကို မှတ်မိကြဦးမှာပါ။
အဲဒီနောက်ပိုင်း ထွက်ရှိခဲ့တဲ့ Agatha All Along စီးရီးမှာလည်း သားဖြစ်သူ ဘီလီက ညီဖြစ်တဲ့ တွမ်မီရဲ့ ဝိညာဉ်ကို သေဆုံးသွားတဲ့ သောမတ်စ် ဆိုတဲ့ ကောင်လေးရဲ့ ခန္ဓာကိုယ်ထဲ ထည့်ပေးခဲ့ပြန်ပါတယ်။
“အတိတ်ဆိုတာ ပြန်ရနိုင်ပေမဲ့… ခံစားချက်တွေကိုရော ပြန်ရှာတွေ့နိုင်ပါ့မလား”
MCU Phase 6 ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ VisionQuest စီးရီးသစ်ကြီးဟာ ၂၀၂၆ အောက်တိုဘာလမှာ ပူပူနွေးနွေး ထွက်ရှိလာပါပြီ။
အဓိကဇာတ်ဆောင်တွေအနေနဲ့ ကျွန်တော်တို့ရဲ့ အချစ်တော် Paul Bettany (Vision) နဲ့အတူ ဗီလိန်ကြီး Ultron အဖြစ် James Spader တို့က အားပြိုင်ကြမှာပါ။ သားဖြစ်သူ တွမ်မီ နေရာမှာတော့ မင်းသားသစ် Ruaridh Mollica က ပါဝင်ထားပါတယ်။
ဇာတ်လမ်းအစမှာတော့ အဖြူရောင် Vision ဟာ သူ့ရဲ့ အတိတ်က မှတ်ဉာဏ်တွေ ပြန်ရလာပေမဲ့ အဲဒီအပေါ်မှာ ဘာခံစားချက်မှ မရှိတော့တဲ့အတွက် “ငါဘယ်သူလဲ” ဆိုတဲ့ မေးခွန်းနဲ့အတူ လူ့လောကထဲမှာ ရှားဝုဒ် အဲလစ်ဆိုတဲ့ နာမည်နဲ့ စကော့တလန်က အရက်ဘားတစ်ခုမှာ အသွင်ယူ ပုန်းအောင်းနေပါတယ်။
သူ့ရဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့အတွက် သူ့ခေါင်းထဲက “Mindspace” ဆိုတဲ့ စိတ်ကူးကမ္ဘာလေးထဲကို ဝင်ပြေးလေ့ရှိပြီး အဲဒီမှာ သူ့ကို ဖန်တီးခဲ့တဲ့ Ultron နဲ့ တွေ့ဆုံရပါတော့တယ်။
တစ်ချိန်တည်းမှာပဲ အသက် ၁၈ နှစ်အရွယ် မိဘမဲ့ကောင်လေး သောမတ်စ် (ခေါ်) တွမ်မီကလည်း သူ့ရဲ့ အတိတ်က Wanda နဲ့ Vision တို့ရဲ့ သားဖြစ်ခဲ့တဲ့ မှတ်ဉာဏ်တွေ ပြန်လည်နိုးထလာပါတယ်။ လမ်းဘေးမှာ ခါးပိုက်နှိုက်ရင်း အသက်မွေးနေရတဲ့ တွမ်မီဟာ မိသားစုဆိုတဲ့ နွေးထွေးမှုကို တောင့်တနေသူလေးပါ။
“WandaVision က ဝမ်းနည်းပူဆွေးမှုတွေအကြောင်းဆိုရင်… ဒီစီးရီးကတော့ ဖခင်နဲ့သားကြားက ချိတ်ဆက်မှုတွေအကြောင်းပါပဲ”
ခံစားချက်တွေ ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူနဲ့ မိသားစုကို လိုလားနေတဲ့ သားဖြစ်သူတို့ ထိပ်တိုက်တွေ့ဆုံကြတဲ့အခါ…
Vision တစ်ယောက် သူ့ကိုလိုက်ဖမ်းနေတဲ့ ရန်သူတွေကြားထဲကနေ ကောင်လေးနဲ့အတူ ဘယ်လို ထွက်ပြေးမလဲ။ Ultron ဆီကနေရော လူသားဆန်မှုတွေကို ဘယ်လို သင်ယူမလဲ။ သူတို့နှစ်ယောက်ရဲ့ ခက်ခဲလှတဲ့ Identity Crisis တွေကို ဘယ်လို ကျော်ဖြတ်မလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမယ့် Sci-Fi / Drama စီးရီးကောင်းတစ်ခု ဖြစ်ပါတယ်။
Superhero Action တွေထက် ဖခင်နဲ့သား ကြားက သံယောဇဉ်၊ လူသားဆန်မှုနဲ့ ခံစားချက်တွေကို ပိုပြီး မီးမောင်းထိုးပြထားတဲ့ ကားမို့လို့ MCU Fan တွေသာမက Drama ကောင်းကောင်း ကြိုက်သူတွေပါ လက်မလွှတ်သင့်တဲ့ စီးရီးသစ်လေး ဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။
Genre ….. Sci-Fi, Fantasy, Drama
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 500MB / 1GB
Episode ….. 8
Network …… Disney+
Review ….. Venus
Translator ….. Venus
Encoder ….. SNNT
Rainbow Channel