
Love Scout (2024) 💘💘
❤️❤️ ရိုမန့်တစ်အချစ်ဇာတ်လမ်းလေးတွေကိုမှကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ Love Scout ဇာတ်ကားသစ်လေးက သေချာပေါက်အကြိုက်တွေ့စေမှာဖြစ်ပါတယ် 💗💗
အတွင်းရေးမှူးကင်ဇာတ်လမ်းလိုမျိုး သူဌေးနဲ့အတွင်းရေးမှူးကြားက အချစ်ဇာတ်လမ်းလေးကိုရိုက်ကူးတင်ဆက်ထားတာလည်းဖြစ်ပါတယ်
ဒီဇာတ်လမ်းလေးမှာ Behind Your Touch ထဲက ဖင်ကိုင်ကြမ်းတဲ့ကောင်မလေးဖြစ်တဲ့ မင်းသမီး Han Ji-Min က အောင်မြင်တဲ့ကုမ္ပဏီသူဌေးတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့အရည်အချင်းအားလုံးက လုပ်ငန်းအတွက်ပဲဖြစ်နေပြီး လုပ်ငန်းပြင်ပ နယ်ပယ်မှာ
တော့ ဘာတစ်ခုမှမသိနားမလည်တဲ့သူဖြစ်ပါတယ် 😵💫😵💫
သူ့ဆီမှာအတွင်းရေးမှူးအဖြစ်လုပ်ကိုင်နေတဲ့သူကတော့ Dongjae, the Good or the Bastard ထဲက အမှုစစ်မင်းသားချောလေး Lee Joon-Hyuk ဖြစ်ပြီးတော့ သူဌေးနဲ့မတူဘဲ ရင်းနှီးဖော်ရွေပြီးတော့ တစ်ပါးသူအပေါ်လည်း ကူညီဖေးမတတ်တဲ့ တစ်ကိုယ်တော်အဖေတစ်ယောက်ပါ 🌟🌟
ဒီလိုမျိုး ကိုယ်ရည်ကိုယ်သွေးမတူညီကြတဲ့ လူနှစ်ယောက်က လုပ်ငန်းတစ်ခုမှာအရင်းနှီးဆုံးနေရာဖြစ်တဲ့ သူဌေးနဲ့အတွင်းရေးမှူးနေရာကနေ ဘယ်လို
အချစ်ဇာတ်လမ်းလေးမျိုးဖြစ်ပေါ်လာမလဲဆိုတာကတော့ ရင်ခုန်ဖွယ်စောင့်မျှော်ကြည့်ရှု ရမှာဖြစ်ပါတယ် 🥰🥰
Review By CL
Translated By Thu Thu, Choco, CL
Encoded By N.A.S
382 total views , 4 views today