Ads
ads
Anali

Anali

Jan. 02, 2026India120 Min.NR
Your rating: 0
9 1 vote

Synopsis

Anali (2026)
==========

IMDB ⭐️ 8.1/10

“ကမ္ဘာစစ်ရဲ့အကြောက်တရားထက် ပိုကြောက်ဖိုကောင်းတာက သားသမီးကိုကာကွယ်မဲ့ မိခင်တစ်ယောက်ရဲ့ ဒေါသပါပဲ”

သည်းထိတ်ရင်ဖို Action Thriller ကားကောင်းကောင်း မျှော်နေသူတွေအတွက် ရှယ်ဖြုတ်တဲ့ Tamil ကားသစ်ကြီး ထွက်ရှိလာပါပြီခင်ဗျာ။

ဇာတ်လမ်းအစမှာတော့ တတိယကမ္ဘာစစ်ကြီး (WW3) စတင်တော့မယ့် အခြေအနေတွေကြားမှာ နိုင်ငံရေး၊ စစ်ရေး တင်းမာမှုတွေက အထွတ်အထိပ်ရောက်နေတဲ့အချိန်ပေါ့။

အဲဒီလို အကြောက်တရားတွေ ကြီးစိုးနေတဲ့ သွေးပျက်စရာ ညတစ်ညမှာ ဂျန်ဆီဆိုတဲ့ အမျိုးသမီးနဲ့ သူ့ရဲ့ ကလေးငယ်လေးကို ရက်စက်တဲ့ လူသတ်သမား သုံးယောက်က အသေအလဲ လိုက်လံရှာဖွေပါတော့တယ်။

ဘာကြောင့် ဒီသားအမိကို ပစ်မှတ်ထားရတာလဲ… သာမန်အမျိုးသမီးလေးလို ထင်ရပေမဲ့ သူ့ရဲ့ နောက်ကွယ်က ယူနီဖောင်းနဲ့ အခန်းကဏ္ဍက ဘာတွေများဖြစ်မလဲ။

“POWER… 10 consignments to build a country” ဆိုတဲ့စကားစုအတိုင်း ဒီနောက်ကွယ်မှာ ဘယ်လို လျှိဝှက်ချက်တွေ ရှိနေမလဲဆိုတာ ရင်တမမနဲ့ ရှုစားရမှာပါ။

ဒီကားမှာ အဓိကဇာတ်ဆောင်အဖြစ် နာမည်ကြီး သရုပ်ဆောင် Cynthia Lourde က ခေါင်းဆောင်ပါဝင်ထားပြီး အိုက်တင်တစ်ပေါက်တော့ ရှမ်းရှမ်းတောက်ပါပဲ

တစ်ညတည်း၊ တစ်နေရာတည်းမှာ အသက်လုပြေးရမယ့် Survival အငွေ့အသက်တွေနဲ့ Action ခန်းတွေကို အလန်းဇယား BGM နဲ့ ဖြုတ်ထားတာဆိုတော့ Thriller ကောင်းကောင်း ကြည့်ချင်သူတွေအတွက် တကယ့်ကို လက်မလွှတ်သင့်တဲ့ ကားကောင်းပါပဲ။

ပိတ်ရက်မှာ ဇာတ်အိမ်ခိုင်ခိုင်နဲ့ အက်ရှင်ခပ်ကြမ်းကြမ်း ကားမျိုးရှာနေရင်တော့ ခုပဲ ဒေါင်းကြည့်လိုက်ကြပါဦးစို။

Genre ….. Action, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.07GB / 2.01GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

Original title அனலி
IMDb Rating 8.1 1,386 votes

ads

Similar titles

Vikram Vedha
Azaad
Loveyapa
Sasanasabha
Gayong
Demon Slayer: Kimetsu no Yaiba Infinity Castle
Dark Night
Korean Kanakaraju
Dr. Cheon and the Lost Talisman
Fury
Resurrection Road
Good Luck, Have Fun, Don’t Die

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On