Ads
ads

Video Sources 108 Views

  • Watch trailer
Ba

Ba

Mar. 10, 2024USA79 Min.NR
Your rating: 0
7 1 vote

Synopsis

Ba (2024)

ဒီတစ်ခါမှာတော့ “Ba” (2024) ဆိုတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့
ဒန်နီယယ်လို့ ခေါ်တဲ့ အမျိုးသားဟာ မိန်းမက ပစ်ခွာသွားခဲ့တာကြောင့် တစ်ဦးတည်းသောသမီးလေးကို စောင့်ရှောက်ရင်း ဘဝကို ချို့ချို့တဲ့တဲ့ဖြတ်သန်းနေရတဲ့ ကြင်ဖော်မဲ့အဖေတစ်ဦးဖြစ်ပါတယ်။ ဆင်းရဲလွန်းမက ဆင်းရဲလာတဲ့အခါမှာတော့ ကြံရာမရတော့ဘဲ အလုပ်တစ်ခုကို လက်ခံလိုက်မိပါတော့တယ်။ အဲ့ဒီအလုပ်ကတော့ သေဆုံးမယ့်သူတွေရဲ့ ဝိညာဉ်တွေကို တစ်ဖက်ကမ္ဘာကို ပို့ဆောင်ပေးရတဲ့ သေမင်းတမန်အလုပ်ပါ။

ဒီအလုပ်ကို လုပ်ကိုင်နေရင်း သူထိလိုက်သမျှသက်ရှိတိုင်းဟာ သေဆုံးသွားမှာဖြစ်လို့ သူ့သမီးရဲ့မျက်ကွယ်မှာ သူ့ရဲ့လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားရပါတယ်။ သမီးဖြစ်သူကိုးလက်ကလည်း သူ့အဖေမရှိတဲ့ညတွေမှာ တစ်ယောက်တည်းအိပ်စက်ရင်း ဖခင်ဖြစ်သူကို လွမ်းနေရှာပါတော့တယ်။ တစ်ရက်မှာတော့ ကလေးသူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးက အမျိုးသမီးတစ်ယောက်က ကိုးလက်တစ်ယောက် ကျောင်းမတက်ရတာကို သတိထားမိသွားရာကနေ သူ့ကို မွေးစားဖို့အိမ်ဆီပို့ဆောင်ပေးဖို့ အကြောင်းဖန်လာပါတယ်။

ဒီဇာတ်ကားက ဖခင်တစ်ယောက်ရဲ့ သမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ၊ အလုပ်နဲ့ဘဝကို မျှတအောင် ထိန်းသိမ်းဖို့ ကြိုးစားရတဲ့ အခက်အခဲတွေကို စိတ်ကူးယဉ်ဆန်တဲ့ ဇာတ်လမ်းပုံစံနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ သမီးဖြစ်သူကောင်းစားရေးအတွက် စွန့်လွှတ်အနစ်နာခံတတ်တဲ့ ဖခင်ရဲ့မေတ္တာကို ဒီဇာတ်ကားမှာတွေ့မြင်ရမှာပါ။ ဇာတ်လမ်းအရှည်ကလည်း ၇၉ မိနစ်သာရှိလို့ အပျင်းပြေ မျက်ရည်ဝဲချင်ရင်တော့ ဒီကားကိုသာရွေးချယ်လိုက်ပါဗျာ။

Genre ….. Fantasy, Drama, Horror
Quality ….. 733.52MB / 1.5GB
Review ….. LL
Translator ….. LL
Encoder ….. SNNT

Rainbow Channel

Ba
Ba
Original title Ba
IMDb Rating 5.5 190 votes
TMDb Rating 6.333 6 votes

Director

Cast

Kai Cech isCollette
Collette
Blue Chapman isNeighbor Kid
Neighbor Kid
Stephanie Czajkowski isOfficer E. Hendrickson
Officer E. Hendrickson
Paul Galazo isOfficer Mason Tseng
Officer Mason Tseng

ads

Similar titles

Yongju Valley
Ice Road: Vengeance
Together
Laggam
Omukade
The Last 7 Days
Love Fail Repeat
Chand Mera Dil
Bury the Devil
Agni
Flat Girls
Night Patrol

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On