
By Any Means ( 2026 )
===================
IMDB ⭐️ 6.7/10
RT 🍅 49 %
စည်းတစ်ဘက်ဆီမှ လူနှစ်ယောက်
ဒီရုပ်ရှင်မှာတော့ မာ့ခ်ဝေါဘတ်နဲ့ breaking bad ထဲက ဂတ်စ်တို့လို cast အကြီးစားတွေပါဝင်ထားပြီး အမေရိကန်ရဲ့ ထုံးစံအတိုင်း လူဖြူလူမည်းခေတ်ပြဿနာကို ရိုက်ပြထားတာပါပဲ
ဇာတ်လမ်းလေးကတော့ အမေရိကန်နိုင်ငံ ရွေးကောက်ပွဲခေတ်ကာလမှာ လူမည်းတွေဟာလည်း စတင်နေရာရလာပြီလို့ ဆိုနိုင်ပေမဲ့ တော်တော်များများကတော့ လက်မခံသေးပါဘူး ပိုဆိုးတာကတော့ မစ်စစ်စပီဘက်မှာပါ
ပြောရရင် လူမည်းတွေကို ပစ်မှတ်ထားသတ်တဲ့ KKK အဖွဲ့ကလည်း အဲဒီအချိန်မှာရှိတုန်းပါပဲ လူမည်းတွေ နေရာစတင်ရလာပြီး ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် ဟေးတီးဘက်က ဗာနွန်ဒေးမားဆိုသူ လူမည်းစီးပွားရေးရှင်က မဲခွန်ဖိုးကို မဲမပေးနိုင်သူတွေအတွက် ပိုက်ဆံစိုက်ထုတ်ပေးပါတယ်
လူမည်းတွေ ဒီလိုမဲပေးနေတာကို မကြိုက်တဲ့ လူဖြူတစ်ဖွဲ့က တစ်ညမှာ ဗာနွန်ဒေးမားကို ဆွဲစိလိုက်ပါတော့တယ် ရဲတွေ FBI တို့က စုံစမ်းပေမဲ့လည်း K တွေကိုကြောက်တာကြောင့်ရော ရဲကြည့်မရတာကြောင့် ဘယ်သူသတ်လဲဆိုတာ မပေါ်ဘဲ အမှုက ရှေ့မရောက်ဖြစ်နေပါတော့တယ်
ဒီလိုနဲ့ ကိစ္စတွေကို အကြမ်းနည်းနဲ့ ကိုင်တွယ်တတ်တဲ့ လူဖြူတစ်ကောင်နဲ့ FBI ဌာနက လူမည်းတစ်ယောက်နဲ့တွဲပြီး အလုပ်လုပ်ခိုင်းပြီး စုံစမ်းခိုင်းလိုက်တဲ့ အချိန်မှာတော့….
ဒီလို အန္တရာယ်များတဲ့ ကာလ အုပ်စုတောင့်လှတဲ့ လူမျိုးရေးခွဲခြားတဲ့ အသိုင်းဝန်းကြီးကြားကနေ အဖြေကိုဘယ်လိုရအောင် ဖော်ထုတ်သွားမလဲ
တစ်ဘက်ကဥပဒေလိုက်နာပြီးရှိန်တဲ့ လူမည်းနဲ့ တစ်ဘက်က အဖြေထွက်ဖို့ စည်းဘောင်ကန့်သတ်ချက်မရှိတဲ့ လူဖြူတို့တွဲလုပ်ရတဲ့အခါ ဖြစ်လာနိုင်တဲ့ သူတို့ရဲ့စိတ်ဝင်စားဖွယ် တွဲလုံးလေးကိုလည်း ရှုစားရပါဦးမယ်
Genre ….. Crime, Drama, History
Quality ….. 720P / 1080P WEB-DL AAC 5.1 (HEVC)
File Size ….. 1.03GB / 1.76GB
Review ….. Light
Translator ….. Light
Encoder ….. SNNT
Rainbow Channel