Ads
ads
Cheekatilo

Cheekatilo

Jan. 23, 2026India126 Min.NR
Your rating: 0
6 1 vote

Synopsis

C_he-e_ka-t_ilo (2-0-2-6) Telugu

အမှောင်ထုရဲ့အရုဏ်ဦး

Crime Thriller ကောင်းကောင်း ရှားပါးနေတဲ့အချိန်မှာ အချိန်ကိုက်ထွက်လာတဲ့ မင်းသမီး Sobhita Dhulipala ရဲ့ အိန္ဒိယ Telugu ကားသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဆန်ဒယာတစ်ယောက် လူပြိန်းကြိုက် ခပ်ချာချာ သာမန်သတင်းတွေကို ဖတ်ပြနေရတဲ့ TV သတင်းထောက်အလုပ်ကို စိတ်ကုန်ပြီး ကိုယ်ပိုင် Podcast လေးလုပ်ကာ မဖြေရှင်းနိုင်သေးတဲ့ မှုခင်းဟောင်းတွေကို ဖော်ထုတ်ဖို့ ကြိုးစားနေသူပါ။

ဒါကို တွန်းအားပေးခဲ့တဲ့သူကတော့ သူ့ရဲ့လက်ထောက် ဘော်ဘီပေါ့

တစ်နေ့မှာတော့ ဘော်ဘီ သတ်ဖြတ်ခံလိုက်ရပြီးနောက်… ဒီအမှုဟာ ရိုးရိုးလူသတ်မှုမဟုတ်ဘဲ နှစ်ပေါင်းများစွာကြာအောင် ရဲတွေမမိဘဲ လွတ်မြောက်နေတဲ့ မုဒိမ်းကောင် ကွင်းဆက်လူသတ်သမားတစ်ယောက်ရဲ့ လက်ချက်ဆိုတာ သူရိပ်မိသွားပါတယ်။

လူသတ်သမားက အလောင်းနားမှာ “စံပယ်ပန်း” လေးတွေ ထားခဲ့လေ့ရှိတဲ့ Signature ရှိသူပါ။

အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ လူသတ်သမားက ဘယ်သူလဲ… သတင်းထောက်မလေး ဆန်ဒယာကရော အန္တရာယ်တွေကြားကနေ ဒီကွင်းဆက်လူသတ်သမားကို ဘယ်လို ဖော်ထုတ်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမယ့် “Cat-and-mouse” ကစားပွဲပါပဲ။

IMDb နဲ့ Review တွေမှာတော့ Sobhita ရဲ့ သရုပ်ဆောင်ချက်တွေ၊ သည်းထိတ်ရင်ဖိုစရာ အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းသွားက တော်တော်လေး ဆွဲဆောင်မှုရှိတယ်လို့ ပြောထားကြပါတယ်။ Mystery ဆန်ဆန်၊ အမှောင်ဘက်သွားတဲ့ Crime Drama တွေကို ကြိုက်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ကားကောင်းပါပဲ။

Genre ….. Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.04GB / 1.7GB
Review ….. Venus
Translator ….. RMC Team
Encoder ….. N.A.S

Rainbow Channel

Cheekatilo
Cheekatilo
Original title చీకటిలో

ads

Similar titles

Darkness of Man
BAKA’s Identity
The Killer With No Name
Lost Horizon
Americana
Euphoria
Ghost Board
Home Sweet Home
I Know What You Did Last Summer
The Last House
Madharaasi
Dendam Malam Kelam

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On