Ads
ads
Haal

Haal

Dec. 25, 2025India129 Min.NR
Your rating: 0
8 1 vote

Synopsis

Haal ( 2026)

ရင်ခုန်သံ စည်းချက်

IMDB ⭐️7.3/10

ဒီဇာတ်လမ်းလေးကတော့ ဂီတကိုရူးသွပ်တဲ့ လူငယ်ရက်ပါကောင်လေး အာစီဖ်နဲ့ သူ မြင်မြင်ချင်းချစ်မိသွားတဲ့ ကောင်မလေးမာရီယာတို့ကြားက အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

အာစီဖ်ဟာ စာမေးပွဲကျပြီး အလုပ်အကိုင်ရေရေရာရာမရှိလို့ အိမ်က ဖိအားပေးတာကို ခံနေရသူပါ။ ဒါပေမဲ့ သူက ရက်ပ်သီချင်းတွေကိုပဲ ရူးရူးမူးမူးဖန်တီးချင်နေသူဖြစ်ပြီး ဦးလေးဖြစ်သူရဲ့အကူအညီနဲ့ အသံဖမ်းစတူဒီယိုတစ်ခုကို ဦးစီးခွင့်ရလာပါတယ်။ တစ်နေ့မှာ သူငယ်ချင်းဖြစ်သူရဲ့မင်္ဂလာဆောင်မှာ သီချင်းသွားဆိုရင်း မာရီယာဆိုတဲ့ ကောင်မလေးကို မြင်မြင်ချင်း ချစ်မိသွားခဲ့ပါတယ်။

တစ်နေ့မှာ အာစီဖ် ယာဉ်စည်းကမ်းဖောက်လို့ ရဲဖမ်းခံရပြီး ဒဏ်ငွေဆောင်ဖို့ အခက်အခဲဖြစ်နေချိန် မာရီယာနဲ့ အမှတ်မထင်ပြန်ဆုံရာကနေ ပိုက်ဆံချေးရင်း ဖုန်းနံပါတ်ရသွားပါတော့တယ်။ အဲဒီနောက်ပိုင်း တဖြည်းဖြည်းနဲ့ သူတို့နှစ်ယောက် ပိုရင်းနှီးလာကြပြီး အာစီဖ်ကလည်း သူ့ရဲ့ကိုယ်ပိုင်ရက်ပ်သီချင်းအသစ်တွေကို စတူဒီယိုမှာ အောင်မြင်အောင် ဖန်တီးလာနိုင်ပါတယ်။

ဒါပေမဲ့ အာစီဖ်တစ်ယောက် မာရီယာ့ကို သူ့အချစ်တွေ ဖွင့်ပြောဖို့ ကြိုးစားလာတဲ့အခါမှာတော့… မာရီယာ့ဘက်က သူမဟာ မိသားစုရဲ့ တစ်ဦးတည်းသောသမီးဖြစ်ပြီး အိမ်က အခြေအနေတွေက သူထင်သလို မလွယ်ကူကြောင်း အရိပ်အမြွက် ပြောလာပါတယ်။ အလုပ်အကိုင်မသေချာသေးတဲ့ ရက်ပါ လူငယ်လေး အာစီဖ်တစ်ယောက် သူ့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း စည်းကမ်းတင်းကြပ်သလို မျိုးရိုးနဲ့ဘာသာရေးမတူခြားနားတဲ့ မာရီယာ့ရဲ့အချစ်ကိုရော ရယူနိုင်ပါ့မလားဆိုတာကို လူငယ်ဘဝ ရုန်းကန်မှုတွေ၊ ဂီတအိပ်မက်တွေနဲ့အတူ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုသွားရမှာပါ။

Genre ….. Drama, Romance
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.07GB / 2.29GB
Review ….. LL
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

Haal
Original title ഹാൽ
IMDb Rating 7.3 575 votes

ads

Similar titles

Parimala and Co
Roofman
Srinivasa Mangapuram
The Admiral: Roaring Currents
That Kind of Love
Eleven
Follow
Kalamkaval
Vanangaan
War for the Planet of the Apes
BAKA’s Identity
Decibel

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On