
Ikatan Darah (2026)
==================
IMDB ⭐️ 7.2/10
“မြေအောက်လောကမှာတော့ ကိုဓဥပဒေပဲကျင့်သုံးတယ်”
အက်ရှင်ကားဆိုတာ CGI တွေ မီးရောင်စုံတွေနဲ့ဟိုပျံဒီပျံ အာလူးဖုတ်နေတာထက် လက်သီးဗလာနဲ့ အကြမ်းပတမ်း တည့်ရှင်းတာကိုမှ ကြိုက်တဲ့ ဘော်ဒါတွေအတွက်… အင်ဒိုနီးရှားရဲ့ ကိုယ်ခံပညာ Pencak Silat အစစ်အမှန်တွေနဲ့ ကြမ်းပြမဲ့ Action Thriller ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီခင်ဗျာ။
ဒီဇာတ်ကားကို နာမည်ကျော် အက်ရှင်မင်းသားကြီး Iko Uwais ကိုယ်တိုင်က သူရဲ့ Uwais Pictures ကနေ ထုတ်လုပ်ထားတာဖြစ်သလို၊ သူကိုယ်တိုင်လည်း Cameo အနေနဲ့ ပါဝင်အားဖြည့်ထားပါတယ်။ ဒါ့အပြင် Livi Ciananta နဲ့ Derby Romero တိုက အဓိကပါဝင်ထားလို အက်ရှင်ခန်းတွေကတော့ ပြောစရာမလိုအောင် ရှယ်ဆိုမှ ရှယ်ပဲလို မှတ်လိုက်တော့ဗျာ။
ဇာတ်လမ်းကတော့ မက်ဂါဆိုတဲ့ ကိုယ်ခံပညာ အားကစားမယ်ဟောင်းလေး အကြောင်းကနေ စပါတယ်။ သူက မိသားစုကို စောင့်ရှောက်ရင်း အေးအေးချမ်းချမ်း နေချင်ပေမဲ့… သူ့ရဲ့ အစ်ကိုဖြစ်သူ ဘီလာလ်တစ်ယောက် အွန်လိုင်းလောင်းကစားနွံထဲ နစ်သွားရာကနေ ပြဿနာတွေ စပါတော့တယ်။
အစ်ကိုဖြစ်သူရဲ့ အကြွေးတွေကြောင့် ကြွေးရှင်ဂိုဏ်းစတား လူမိုက်တွေက သူတိုမိသားစုရဲ့ လုံခြုံရေးကိုပါ ခြိမ်းခြောက်လာတဲ့အခါ…
မိသားစုအတွက်၊ သွေးသားအတွက်ဆို ဘာမဆိုလုပ်ရဲတဲ့ မက်ဂါတစ်ယောက် အသက်အန္တရာယ်ကြားကနေ မြေအောက် ငွေတိုးချေးစားတဲ့ လူမိုက်ဂိုဏ်းကြီးတစ်ခုလုံးကို တစ်ကိုယ်တော် ဝင်မွှေပြီး ဘယ်လို အလဲထိုးမလဲ။
တစ်ဖက်ကလည်း သာမန်လူမိုက်တွေ မဟုတ်ဘဲ လက်နက်အပြည့်အစုံနဲ့ဆိုတော့ ကြည့်ရင်းနဲ့ ရင်တမမ ဖြစ်ရမဲ့ အကွက်တွေချည်းပါပဲ။ “The Raid” တို “The Night Comes for Us” တိုလို အင်ဒို အက်ရှင်ကားကြမ်းကြမ်းတွေရဲ့ Vibe မျိုးကို အပြည့်အဝ ခံစားရမှာဖြစ်လို၊ အက်ရှင်ကောင်းကောင်း ကြည့်ချင်သူတွေအတွက် တကယ့်ကို လက်မလွှတ်သင့်တဲ့ ကားကောင်းလေးပါပဲ။
ညီအစ်မ/မောင်နှမ သံယောဇဉ်ကို အခြေခံပြီး ကြမ်းကြုတ်တဲ့ တောတွင်းဥပဒေသမှာ ရှင်သန်ဖို ရုန်းကန်ရတဲ့ ဒီကားလေးမှာ… မက်ဂါတစ်ယောက် သူ့အစ်ကိုကို ကယ်တင်နိုင်မလား… ဒါမှမဟုတ် ငွေရှင်ကြွေးရှင် လူမိုက်တွေရဲ့ သားကောင်ပဲ ဖြစ်သွားမလားဆိုတာကိုတော့… ဇာတ်ကားထဲမှာပဲ ရှုစားလိုက်ကြပါဦးခင်ဗျာ။
Genre ….. Action, Crime, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 831MB / 1.63GB
Review ….. Venus
Translator ….. Venus
Encoder ….. SNNT
Rainbow Channel